1
ထို နောက် အ ဘ နာ ကြောင်း ကို ယော သပ် ကြား ရ လျှင် မ နာ ရှေ နှင့် ဧ ဖ ရိမ်၊ သား နှစ် ယောက် တို့ ကို ခေါ် သွား ၏။
2
သား ယောသပ် လာ ရောက် ကြောင်း ယာ ကုပ် ကြား ၍ အား ဆည်း လျက် ခု တင် ပေါ် တွင် ထိုင် ပြီး လျှင်၊
3
အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင် သည် ခါ နာန် ပြည် လု ဇ မြို့၌ ငါ့ အား ထင် ရှား ၍ ကောင်း ကြီး ပေး တော် မူ သည် မှာ၊
4
ငါ သည် သင့် ကို များ ပြား စွာ တိုး ပွား စေ လျက် လူ မျိုး အ မြောက် အ များ ဖြစ် စေ မည်။ သင် မှ ဆင်း သက် သော အမျိုး အ နွယ် အား ဤ ပြည် ကို ထာ၀ ရ ပိုင် စေ ခြင်း ငှါ ငါ ပေး မည် ဟု မိန့် တော် မူ ၏။
5
သင့် ထံ ငါ မ ရောက် မီ အိ ဂျစ် ပြည် တွင် သင် ရ နှင့် သော သား နှစ် ယောက်၊ ဧ ဖ ရိမ် နှင့် မ နာ ရှေ တို့ သည် ရု ဗင် နှင့် ရှိ မောင် တို့ ကဲ့ သို့ ငါ့ သား ဖြစ် ကြ လိမ့် မည်။
6
၎င်း တို့ နောက် သင် ရ သော သား တို့ ကား သင့် သား ဖြစ်၍ အ မွေ ခံ ရာ တွင် အစ် ကို တို့ အ မည် အ လိုက် သ မုတ် ကြ ရ မည်။
7
ပါ ဒန် ပြည် မှ ငါ ထွက် လာ သည့် ကာ လ ခါ နာန် ပြည်၌ ခ ရီး သွား ရာ၊ ဧ ဖ ရတ် မြို့ နှင့် အ တန် ကွာ တွင် ရာ ခေ လ သေ ရှာ၏။ သေ လွန် ရာ အ ရပ် ဗက် လင်၊ တစ် နည်း ဧ ဖ ရတ် မြို့ လမ်း တွင် သင်္ဂြိုဟ် ရ သည် ဟု ယော သပ် အား ပြော ဆို ၏။
8
ယော သပ် သား တို့ ကို လည်း ဣ သ ရေ လ မြင် သော်၊
9
ဤ သူ တို့ ကား မည် သူ နည်း ဟု မေး လျှင် ယော သပ် က၊ ဤ ပြည် တွင် ကျွန် တော် အား ဘု ရား သ ခင် ပေး သ နား တော် မူ သော သား များ ဖြစ် ကြ ပါ သည် ဟု အ ဘ အား လျှောက် ရာ အ ဘ က၊ သူ တို့ ကို ငါ ကောင်း ကြီး ပေး ရန် ချဉ်း ကပ် လာ ပါ စေ ဟု ဆို သည့် အ တိုင်း ချဉ်း ကပ် စေ ၏။
10
ထို အ ခါ အို မင်း မ စွမ်း မျက် စိ မှုန်၍ မ မြင် နိုင် သော ဣ သ ရေ လ သည် ဖက် ယမ်း နမ်း ရှုပ် လျက်၊
11
သင့် မျက် နှာ ကို မြင် ရ တော့ မည် ဟု ငါ မ ထင် ခဲ့ သော် လည်း သင့် သား များ ကို ပင် ဘု ရား သ ခင် ပြ တော် မူ ပြီ ဟု ယော သပ် အား ဆို ၏။
12
ယော သပ် လည်း သား တို့ ကို အ ဘ ဒူး ကြား မှ ထုတ်၍ ပျပ် ဝပ် ရှိ ခိုး ပြီး လျှင်၊
13
ဧ ဖ ရိမ် ကို ညာ လက် ဖြင့် ဣ သ ရေ လ လက် ဝဲ ဘက် သို့ လည်း ကောင်း၊ မ နာ ရှေ ကို ဘယ် လက် ဖြင့် ဣ သ ရေ လ လက်ျာ ဘက် သို့ လည်း ကောင်း၊ သား နှစ် ယောက် တို့ ကို ကိုင် လျက် ချဉ်း ကပ် စေ ၏။
14
ဣ သ ရေ လ သည် လက် ကို လိမ် ဆန့်၍ သား ငယ် ဖြစ် သော ဧ ဖ ရိမ့် ဦး ခေါင်း ပေါ် တွင် ညာ လက် ကိုလည်း ကောင်း၊ သား ဦး ဖြစ် သော မ နာ ရှေ့ ဦး ခေါင်း ပေါ် တွင် ဘယ် လက် ကို လည်း ကောင်း တင် လျက်
15
ယော သပ် အား ကောင်း ကြီး ပေး သည် မှာ မျက် မှောက် တော် တွင် ဘိုး ဘ အာ ဗြ ဟံ နှင့် ဣ ဇာက် တို့ သွား လာ ရ လျက် ငါ့ ကို လည်း ဖွား က တည်း မှ စ ၍ ယ ခု တိုင် အောင် ထိန်း ကျောင်း တော် မူ သော ဘု ရား သ ခင်၊
16
ဘေး အ မျိုး မျိုး မှ ငါ့ ကို ကယ် နုတ် တော် မူ သော စေ တ မန် တော် သည် ဤ သား ငယ် တို့ ကို ကောင်း ကြီး ပေး တော် မူ၍၊ ငါ့ အ မည်၊ ဘိုး ဘ အာ ဗြ ဟံ နှင့် ဣ ဇာက် တို့ အ မည် များ ကို သူ ငယ် တို့ ၌ တည် ထွန်း လျက် မြေ ပေါ် တွင် များ ပြား စွာ တိုး ပွား ကြ ပါ စေ သော ဟု မြွက် ဆို ၏။
17
အ ဘ သည် ဧ ဖ ရိမ့် ဦး ခေါင်း ပေါ် တွင် ညာ လက် တင် သည် ကို ယော သပ် မြင် လျှင် မ နှစ် သက် သည် ဖြစ်၍ ထို သို့ မ မှန် ပါ အ ဘ။
18
ဤ သူ သည် သား ဦး ဖြစ် သ ဖြင့် သူ့ ဦး ခေါင်း ပေါ် တွင် ညာ လက် ကို တင် ပါ ဟု ဆို လျက် အ ဘ လက် ကို ဧ ဖ ရိမ့် ဦး ခေါင်း ပေါ် မှ မ နာ ရှေ့ ဦး ခေါင်း ပေါ် သို့ ပြောင်း တင် ရန် ကိုင် ရာ၊
19
အ ဘ က၊ ငါ သိ သည် ငါ့ သား။ ငါ သိ သည် ဟု ငြင်း ဆို လျက် သူ သည် ကြီး မြတ်၍ လူ မျိုး တစ် မျိုး ဖြစ် သော် လည်း ညီ သည် သာ၍ ကြီး မြတ် သ ဖြင့် အ မျိုး အ နွယ် လည်း လူ မျိုး အ မြောက် အ များ ဖြစ် လိမ့် မည် ဟု ဆို ၏။
20
တစ် ဖန် ထို သူ တို့ အား ကောင်း ကြီး ပေး သည် မှာ ဣ သ ရေ လ လူ မျိုး တို့ က၊ ဘု ရား သ ခင် သည် ဧ ဖ ရိမ် နှင့် မ နာ ရှေ တို့ ကို ပြု သ ကဲ့ သို့ ပြု တော် မူ ပါ စေ သော ဟူ၍ သင့် အား ဖြင့် ကောင်း ကြီး ပေး ကြ လ တ္တံ့ ဟု ဆို လျက် ဧ ဖ ရိမ် ရှေ့၊ မ နာ ရှေ နောက်၊ ထား သ တည်း။
21
ယော သပ် အား လည်း ဣ သ ရေ လ က ငါ သေ တော့ မည်။ သို့ ရာ တွင် ဘု ရား သ ခင် သည် သင် တို့ နှင့် အ တူ ရှိ၍ ဘိုး ဘေး တို့ နေ ရာ ပြည် သို့ ပြန် လာ စေ တော် မူ လိမ့် မည်။
22
ငါ သည်၊ ဓား၊ လေး လက် နက် ဖြင့် အာ မော ရိ လူ မျိုး လက် မှ သိမ်း ယူ သော နယ် တစ် ကျော ကို ညီ အစ် ကို တို့ ထက် သင့် အား ပို၍ ပေး ပြီ ဟု ပြော ဆို ၏။