ရော​မ-5

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ထို ကြောင့်၊ ငါ တို့ သည် ယုံ ကြည် ခြင်း ရှိ ၍ ဖြောင့် မတ် ရာ သို့ ရောက် လျှင်၊ ငါ တို့ သ ခင် ယေ ရှု ခ ရစ် အား ဖြင့် ဘု ရား သ ခင့် ရှေ့ တော် ၌ ငြိမ် သက် ခြင်း ကို ခံ စား ကြ ၏။
  • 2 ထို ကျေး ဇူး တော် ကို ခံ စား ရ သည် အ ကြောင်း မှာ ယုံ ကြည် ခြင်း ရှိ ၍၊ ထို သ ခင် အား ဖြင့် သာ ခံ စား သော အ ခွင့် ကို ရ ကြ ၏။ သို့ ဖြစ် ၍ ဘု ရား သ ခင် ၏ ဘုန်း တော် ကို မြော် လင့် ၍ ဝါ ကြွား ဝမ်း မြောက် ခြင်း ရှိ ကြ ၏။
  • 3 ထို မျှ မ က၊ ဒုက္ခ ဆင်း ရဲ ခြင်း ကို ခံ ၍ ဝါ ကြွား ဝမ်း မြောက် ခြင်း ရှိ ကြ ၏။ အ ကြောင်း မူ ကား၊ ဒုက္ခ ဆင်း ရဲ ခြင်း သည် သည်း ခံ ခြင်း ကို ပြု စု တတ် ၏။
  • 4 သည်း ခံ ခြင်း သည် လည်း သက် သေ ထင် ရှား ခြင်း ကို ပြု စု တတ် ၏။ သက် သေ ထင် ရှား ခြင်း သည် လည်း မြော် လင့် ခြင်း ကို ပြု စု တတ် ၏။
  • 5 ထို မြော် လင့် ခြင်း သည် ရှက် ကြောက် စ ရာ အ ကြောင်း နှင့် ကင်း လွတ် ၏။ အ ဘယ် ကြောင့် နည်း ဟူ မူ ကား၊ ငါ တို့ အား ပေး တော် မူ သော သန့် ရှင်း သော ဝိ ညာဉ် တော် သည် ဘု ရား သ ခင် ၏ မေတ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ သို့ သွန်း လောင်း တော် မူ ၏။
  • 6 ငါ တို့ သည် အ ကျိုး နည်း ရှိ စဉ် တွင် အ ချိန် တန် မှ ခ ရစ် တော် သည် မ တ ရား သော သူ တို့ အ တွက် ကြောင့် အ သေ ခံ တော် မူ ၏။
  • 7 ဖြောင့် မတ် သော သူ အ တွက် ကြောင့် အ သေ ခံ မည့် သူ ရှိ ခဲ ၏။ သူ တော် ကောင်း အ တွက် ကြောင့် အ သက် ခံ ဝံ့ သော သူ ရှိ ကောင်း ရှိ လိမ့် မည် မှန် စေ တော့။
  • 8 ငါ တို့ သည် အ ပြစ် ရှိ စဉ် ပင်၊ ခ ရစ် တော် သည် ငါ တို့ အ တွက် ကြောင့် အ သေ ခံ တော် မူ သည် ဖြစ် ၍၊ ဘု ရား သ ခင် သည် ငါ တို့ ကို အ ဘယ် မျှ လောက် ချစ် တော် မူ သည် ကို ငါ တို့ အား ထင် ရှား စွာ ပြ တော် မူ ၏။
  • 9 သို့ ဖြစ် ၍ ယ ခု တွင် အ သွေး တော် အား ဖြင့် ဖြောင့် မတ် ရာ သို့ ရောက် ပြီး မှ၊ ထို သ ခင် အား ဖြင့် အ ပြစ် င ရဲ မှ ကယ် ချွတ် တော် မူ ခြင်း သို့ ရောက် မည် ဟု သာ ၍ မြော် လင့် စ ရာ ရှိ ၏။
  • 10 အ ကြောင်း မူ ကား၊ ရန် သူ ဖြစ် လျက် ပင် ဘု ရား သ ခင် ၏ သား တော် အ သေ ခံ တော် မူ ခြင်း အား ဖြင့်၊ ငါ တို့ သည် ဘု ရား သ ခင် နှင့် မိဿ ဟာ ယ ဖွဲ့ ခြင်း ကျေး ဇူး တော် ကို ခံ ရ သည် မှန် လျှင်၊ မိဿ ဟာ ယ ဖွဲ့ ပြီး မှ၊ အ သက် တော် အား ဖြင့် ကယ် တင် တော် မူ ခြင်း သို့ ရောက် မည် ဟု သာ ၍ မြော် လင့် စ ရာ ရှိ ၏။
  • 11 ထို မျှ မ က၊ ငါ တို့ သ ခင် ယေ ရှု ခ ရစ် အား ဖြင့် မိဿ ဟာ ယ ဖွဲ့ ရာ ကျေး ဇူး ကို ယ ခု ခံ ပြီး လျှင်၊ ထို သ ခင် အား ဖြင့် ဘု ရား သ ခင် ၌ ဝါ ကြွား ဝမ်း မြောက် ခြင်း ရှိ ကြ ၏။
  • 12 ဤ အ ကြောင်း အ ရာ ဟူ မူ ကား၊ အ ပြစ် တ ရား သည် တ ယောက် သော သူ အား ဖြင့် ဤ လော က သို့ ဝင် ၍၊ အ ပြစ် တ ရား အား ဖြင့် သေ ခြင်း တ ရား ဝင် သည် နှင့် အ ညီ၊ လူ အ ပေါင်း တို့ သည် အ ပြစ် ရှိ သော ကြောင့် သေ ခြင်း သို့ ရောက် ရ ကြ ၏။
  • 13 ပ ညတ် တ ရား ကို မ ထား မှီ တိုင် အောင် ဤ လော က ၌ အ ပြစ် ရှိ ၏။ အ ဘယ် ပ ညတ် တ ရား မျှ မ ရှိ လျှင်၊ အ ပြစ် ရှိ သည် ဟု မှတ် စ ရာ မ ရှိ။
  • 14 သို့ သော် လည်း အာ ဒံ လက် ထက် မှ စ ၍ မော ရှေ လက် ထက် တိုင် အောင် သေ ခြင်း တ ရား သည် အ စိုး ရ ၏။ အာ ဒံ ပြစ် မှား သည် နည်း တူ မ ပြစ် မှား သော သူ တို့ ကို ပင် အ စိုး ရ ၏။ ထို အာ ဒံ သည် နောက် လာ လ တံ့ သော သူ ၏ ပုံ ပ မာ ဖြစ် သ တည်း။
  • 15 သို့ သော် လည်း၊ ပြစ် မှား ခြင်း သ ဘော နှင့် ကျေး ဇူး တော် သ ဘော မ တူ။ အ ကြောင်း မူ ကား၊ လူ တ ယောက် သည် ပြစ် မှား သော အား ဖြင့်၊ လူ များ တို့ သည် သေ ခြင်း သို့ ရောက် ကြ ၏။ တ ယောက် သော သူ တည်း ဟူ သော ယေ ရှု ခ ရစ် အား ဖြင့် ဘု ရား သ ခင် ၏ ကျေး ဇူး တော် နှင့် ကျေး ဇူး တော် ၏ အ ကျိုး သည် လူ များ တို့ ၌ သာ ၍ ကြွယ် ဝ ပြည့် စုံ ၏။
  • 16 ထို မှ တ ပါး၊ လူ တ ယောက် ပြစ် မှား သော အ ရာ နှင့် ကျေး ဇူး တော် အ ရာ မ တူ။ အ ကြောင်း မူ ကား၊ တ ရား စီ ရင် သော အ ရာ မှာ၊ အ ပြစ် တ ခု ကြောင့် ဒဏ် ခံ စေ ဟု စီ ရင် ၏။ ကျေး ဇူး တော် အ ရာ မှာ၊ အ ပြစ် များ လျက် ပင် လွှတ် စေ ဟု စီ ရင် ၏။
  • 17 ထို မှ တ ပါး၊ လူ တ ယောက် သည် ပြစ် မှား သော ကြောင့်၊ ထို တ ယောက် သော သူ အား ဖြင့် သေ ခြင်း တ ရား သည် အ စိုး ရ ၏။ ကျေး ဇူး တော် ၏ ကြွယ် ဝ ခြင်း ကို ၎င်း၊ ဖြောင့် မတ် ရာ သို့ သွင်း ပေး တော် မူ ခြင်း ကို ၎င်း ခံ ရ သော သူ တို့ သည် တ ယောက် သော သူ တည်း ဟူ သော ယေ ရှု ခ ရစ် အား ဖြင့် အ သက် ရှင် လျက် သာ ၍ စိုး စံ ရ ကြ လ တံ့။
  • 18 ထို ကြောင့်၊ တ ယောက် သော သူ ၏ ပြစ် မှား ခြင်း အား ဖြင့်၊ လူ အ ပေါင်း တို့ သည် အ ပြစ် စီ ရင် ခြင်း နှင့် တွေ့ ကြုံ ရ ကြ သည် နည်း တူ၊ တ ယောက် သော သူ ၏ ဖြောင့် မတ် ခြင်း အား ဖြင့်၊ လူ အ ပေါင်း တို့ သည် အ သက် နှင့် ယှဉ် သော ဖြောင့် မတ် ရာ သို့ ရောက် ခြင်း အ ခွင့် ကို ရ ကြ ၏။
  • 19 အ ကြောင်း မူ ကား၊ တ ယောက် သော သူ သည် နား မ ထောင် သော အား ဖြင့်၊ လူ များ တို့ သည် အ ပြစ် ရောက် သည် နည်း တူ၊ တ ယောက် သော သူ သည် နား ထောင် သော အား ဖြင့်၊ လူ များ တို့ သည် ဖြောင့် မတ် ရာ သို့ ရောက် ရ ကြ ၏။
  • 20 ထို မှ တ ပါး၊ ပ ညတ် တ ရား သည် တ ဖန် ဝင် သ ဖြင့် ပြစ် မှား သော အ ပြစ် ပွါး များ ၏။ သို့ သော် လည်း အ ပြစ် ပွါး များ သည် အ ရာ မှာ ကျေး ဇူး တော် သာ ၍ ကြွယ် ဝ ၏။
  • 21 ထို သို့ ဖြစ် လျှင်၊ အ ပြစ် တ ရား သည် သေ ခြင်း အား ဖြင့် အ စိုး ရ သည် နည်း တူ၊ ငါ တို့ သ ခင် ယေ ရှု ခ ရစ် ပြု စု တော် မူ ၍ ကျေး ဇူး တ ရား သည် ထာ ဝ ရ အ သက် နှင့် ယှဉ် သော ဖြောင့် မတ် ရာ သို့ သွင်း ခြင်း အား ဖြင့် အ စိုး ရ လေ အံ့ သ တည်း။
回到本卷目录 回到本版本目录 回到首页