1
ထို သို့ ဖြစ် လျှင်၊ ယု ဒ လူ သည် အ ဘယ် သို့ သာ သ နည်း။ အ ရေ ဖျား လှီး ခြင်း အား ဖြင့် အ ဘယ် အ ကျိုး ရှိ သ နည်း။
2
အ ထွေ ထွေ သော အ ကျိုး များ စွာ ရှိ ၏။ ထူး မြတ် သော အ ကျိုး ဟူ မူ ကား၊ အ ရေ ဖျား လှီး ခြင်း ကို ခံ သော ယု ဒ လူ တို့ သည် ဘု ရား သ ခင် ၏ ဗျာ ဒိတ် တော် များ ကို ခံ ရ ကြ ၏။
3
သူ တို့ တွင် အ ချို့ မ ယုံ သော် လည်း၊ အ ဘယ် ဆို ဘွယ် ရှိ သ နည်း။ သူ တို့ မ ယုံ ဘဲ နေ ခြင်း အ ရာ သည် ဘု ရား သ ခင် ၏ သစ္စာ တော် ကို ဖျက် နိုင် သ လော။
4
မ ဖျက် နိုင် ရာ။ သို့ ဖြစ် ၍ မိန့် တော် မူ ချက် သည် ဖြောင့် ပါ ၏။ တ ရား စီ ရင် သော အ ခါ အောင် မြင် တော် မူ ၏ ဟု ကျမ်း စာ ၌ လာ သည် နှင့် အ ညီ၊ လူ ခပ် သိမ်း တို့ သည် သစ္စာ ပျက် သော် လည်း၊ ဘု ရား သ ခင် ၏ သစ္စာ တော် သည် တည် စေ သ တည်း။
5
ငါ တို့ ၏ မ တ ရား သော အ မှု သည် ဘု ရား သ ခင် ၏ ဖြောင့် မတ် ခြင်း တ ရား တော် ကို ထင် ရှား စေ လျှင်၊ အ ဘယ် သို့ ဆို ရ သ နည်း။ ဘု ရား သ ခင် သည် ဒဏ် ပေး တော် မူ လျှင်၊ မ တ ရား သော အ မှု ကို ပြု တော် မူ သ လော။ ထို သို့ ဆို သော် လူ သ ဘော အ တိုင်း ငါ ဆို သ တည်း။
6
ထို သို့ မ ဟုတ် ရာ။ ဟုတ် လျှင် လော က သား တို့ ကို အ ဘယ် သို့ စစ် ကြော စီ ရင် တော် မူ မည် နည်း။
7
ထို မှ တ ပါး ငါ သည် သစ္စာ ပျက် သော အား ဖြင့် ဘု ရား သ ခင် ၏ သစ္စာ တော် သည် ဂုဏ် အ သ ရေ တော် ကို တိုး ပွါး စေ လျှင်၊ ငါ့ ကို အ ပြစ် ရှိ သော သူ ကဲ့ သို့ အ ဘယ် ကြောင့် စီ ရင် သေး သ နည်း ဟူ ၍ မေး ပြန် လျှင်၊
8
ကောင်း သော အ ကျိုး ရှိ စေ ခြင်း ငှါ မ ကောင်း သော အ ကျင့် ကို ကျင့် ကြ ကုန် အံ့ ဟု လူ အ ချို့ တို့ သည် ငါ တို့ ကို ကဲ့ ရဲ့ လျက်၊ ငါ တို့ စ ကား ကို ပြန် ပြော သည် အ တိုင်း ဆို ဦး မည် လော။ ထို သို့ ဆို သော သူ တို့ သည် ကိုယ် အ ပြစ် ဒဏ် ကို ခံ ထိုက် ကြ ၏။
9
ထို သို့ ဖြစ် လျှင် အ ဘယ် သို့ နည်း။ ငါ တို့ သည် မြတ် သ လော ဟု မေး ပြန် သော်၊ အ လျှင်း မ မြတ်။ အ ကြောင်း မူ ကား၊ ယု ဒ လူ၊ ဟေ လ သ လူ အ ပေါင်း တို့ သည် အ ပြစ် ရှိ ကြောင်း ကို အ ထက် က ပြ ခဲ့ ပြီ။
10
ကျမ်း စာ လာ သည် ကား၊ ဖြောင့် မတ် သော သူ မ ရှိ၊ တ ယောက် မျှ မ ရှိ။
11
နား လည် သော သူ မ ရှိ။ ဘု ရား သ ခင် ကို ရှာ သော သူ မ ရှိ။
12
လူ အ ပေါင်း တို့ သည် လမ်း လွဲ ကြ ပြီ။ တ ညီ တ ညွတ် တည်း အ သုံး မ ရ သော သူ ဖြစ် ကြ ပြီ။ ကောင်း သော အ ကျင့် ကို ကျင့် သော သူ မ ရှိ၊ တ ယောက် မျှ မ ရှိ။
13
သူ တို့ ၏ လည် ချောင်း သည် ဖွင့် ထား သော သင်္ချိုင်း တွင်း ဖြစ် ၏။ သူ တို့ သည် လျှာ နှင့် လှည့် စား တတ် ကြ ၏။ သူ တို့ နှုတ် ခမ်း အ ထဲ မှာ မြွေ ဆိုး အ ဆိပ် အ တောက် ရှိ ၏။
14
သူ တို့ နှုတ် သည် ကျိန် ဆဲ သော စ ကား၊ ကြမ်း တမ်း သော စ ကား နှင့် ပြည့် ဝ ၏။
15
သူ တို့ ခြေ သည် လူ အ သက် ကို သတ် ခြင်း ငှါ လျင် မြန် ၏။
16
သူ တို့ သွား ရာ လမ်း ၌ ပျက် စီး ခြင်း၊ ဒုက္ခ ဆင်း ရဲ ခြင်း ရှိ ၏။
17
ချမ်း သာ လမ်း ကို သူ တို့ မ သိ ကြ။
18
ဘု ရား သ ခင် ကို ကြောက် ရွံ့ ရ သော အ ကြောင်း သည် သူ တို့ မျက် စိ ၌ မ ထင် ဟု ကျမ်း စာ လာ သ တည်း။
19
ပ ညတ် တ ရား ၌ ပါ သ မျှ သော စ ကား တို့ သည် ပ ညတ် တ ရား ကို ခံ သော သူ တို့ နှင့် စပ် ဆိုင် သည် ကို ငါ တို့ သိ ကြ ၏။ ထို သို့ ဖြစ် ၍၊ လော ကီ သား အ ပေါင်း တို့ သည် စ ကား တ ခွန်း ကို မျှ မ ပြော နိုင် ဘဲ ဘု ရား သ ခင့် ရှေ့ တော် ၌ အ ပြစ် သင့် သော သူ ဖြစ် ကြ ၏။
20
ထို သို့ ပ ညတ် တ ရား သည် ဒု စ ရိုက် အ ပြစ် ကို ထင် ရှား စေ သည် ဖြစ် သော ကြောင့်၊ ပ ညတ် တ ရား ၏ အ ကျင့် အား ဖြင့် ဘု ရား သ ခင့် ရှေ့ တော် ၌ အ ဘယ် သူ မျှ ဖြောင့် မတ် ရာ သို့ မ ရောက် ရာ။
21
ယ ခု မူ ကား၊ ပ ညတ္တိ ကျမ်း နှင့် အ နာ ဂတ္တိ ကျမ်း တို့ သည် သက် သေ ခံ သည် နှင့် အ ညီ၊ ပ ညတ် တ ရား နှင့် မ စပ် ဆိုင် သော ဘု ရား သ ခင် ၏ ဖြောင့် မတ် ခြင်း တ ရား တည်း ဟူ သော၊
22
ယေ ရှု ခ ရစ် ကို ယုံ ကြည် ခြင်း အား ဖြင့်၊ ယုံ ကြည် သော သူ အ ပေါင်း တို့ အ ဘို့ ဖြစ် ၍၊ ထို သူ အ ပေါင်း တို့ အ ပေါ် သို့ ရောက် သော ဘု ရား သ ခင် ၏ ဖြောင့် မတ် ခြင်း တ ရား သည် ထင် ရှား ခဲ့ ပြီ။ ခြား နား ခြင်း အ လျှင်း မ ရှိ။
23
အ ဘယ် ကြောင့် နည်း ဟူ မူ ကား၊ လူ အ ပေါင်း တို့ သည် ဒု စ ရိုက် ကို ပြု ၍ ဘု ရား သ ခင့် ရှေ့ တော် ၌ အ သ ရေ ပျက် ကြ ပြီ။
24
ယေ ရှု ခ ရစ် ရွေး နှုတ် တော် မူ သော အား ဖြင့် အ ဘိုး ကို မ ပေး ဘဲ ဘု ရား သ ခင် ၏ ကျေး ဇူး တော် ကြောင့် ဖြောင့် မတ် ရာ သို့ ရောက် ရ ကြ ၏။
25
ဘု ရား သ ခင် သည် သည်း ခံ တော် မူ ၍၊
26
လွန် ခဲ့ ပြီး သော ဒု စ ရိုက် အ ပြစ် များ ကို မှတ် တော် မ မူ ရာ တွင်၊ ဖြောင့် မတ် ခြင်း တ ရား တော် ကို ထင် ရှား စေ ခြင်း ငှါ ၎င်း၊ ယ ခု ကာ လ ၌ ဖြောင့် မတ် ခြင်း တ ရား တော် ကို ထင် ရှား စေ ၍၊ ယေ ရှု ကို ယုံ ကြည် သော သူ တို့ ၏ အ ပြစ် ကို လွှတ် တော် မူ သော် လည်း၊ တ ရား သ ဖြင့် ပြု တော် မူ ခြင်း ငှါ ၎င်း၊ ယေ ရှု ခ ရစ် ၏ အ သွေး တော် ကို ယုံ ကြည် ခြင်း အား ဖြင့်၊ ထို ခ ရစ် တော် ကို အ ပြစ် ဖြေ စ ရာ အ ကြောင်း ဖြစ် စေ ခြင်း ငှါ ခန့် ထား တော် မူ ပြီ။
27
သို့ ဖြစ် လျှင် ဝါ ကြွား စ ရာ အ ကြောင်း ကား အ ဘယ် သို့ နည်း ဟု မေး သော်၊ ဝါ ကြွား စ ရာ အ ကြောင်း ကို ပယ် ပြီ။ အ ဘယ် တ ရား အား ဖြင့် ပယ် သ နည်း။ အ ကျင့် တ ရား အား ဖြင့် ပယ် သ လော။ အ ကျင့် တ ရား အား ဖြင့် ပယ် သည် မ ဟုတ်။ ယုံ ကြည် ခြင်း တ ရား အား ဖြင့် ပယ် ပြီ။
28
ထို ကြောင့် လူ မည် သည် ကား၊ ပ ညတ် တ ရား ၏ အ ကျင့် မ ရှိ ဘဲ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ သို့ ရောက် တတ် သည် ဟု ယူ ရ ၏။
29
ဘု ရား သ ခင် သည် ယု ဒ လူ တို့ ၏ ဘု ရား သာ ဖြစ် တော် မူ သ လော။ တ ပါး အ မျိုး သား တို့ ၏ ဘု ရား လည်း ဖြစ် တော် မူ သည် မ ဟုတ် လော။ ဟုတ် ပေ ၏။ တ ပါး အ မျိုး သား တို့ ၏ ဘု ရား လည်း ဖြစ် တော် မူ ၏။
30
အ ကြောင်း မူ ကား၊ အ ရေ ဖျား လှီး ခြင်း ကို ခံ သော သူ နှင့် မ ခံ သော သူ နှစ် ဦး ကို ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ၌ တည် စေ တော် မူ သော ဘု ရား သ ခင် တ ဆူ တည်း ရှိ တော် မူ ၏။
31
သို့ ဖြစ် လျှင်၊ ယုံ ကြည် ခြင်း အား ဖြင့် ငါ တို့ သည် ပ ညတ် တ ရား ကို ပယ် ကြ သ လော။ အ လျှင်း မ ပယ်၊ သာ ၍ တည် စေ ကြ ၏။