1
ယေ ရှု သည် လည်း သံ လွင် တောင် သို့ ကြွ တော် မူ ၏။
2
နံ နက် စော စော ဗိ မာန် တော် သို့ တ ဖန် ကြွ တော် မူ ၍ လူ အ ပေါင်း တို့ သည် အ ထံ တော် သို့ လာ ကြ ၏။ ထို အ ခါ ထိုင် တော် မူ ၍ ဆုံး မ ဩ ဝါ ဒ ပေး စဉ် တွင်၊
3
မှား ယွင်း ခြင်း အ မှု ကို ပြု လျက် နေ သော မိန်း မ တ ယောက် ကို တွေ့ လျှင်၊ ကျမ်း ပြု ဆ ရာ တို့ နှင့် ဖာ ရိ ရှဲ တို့ သည် ခေါ် ခဲ့ ၍ အ လယ် ၌ ထား ပြီး မှ၊
4
အ ရှင် ဘု ရား၊ ဤ မိန်း မ သည် မှား ယွင်း ခြင်း အ မှု ကို ပြု စဉ် တွင် ပင် တွေ့ မိ ပါ သည်။
5
ထို သို့ သော မိန်း မ ကို ကျောက် ခဲ နှင့် ပစ် ရ မည် ဟု မော ရှေ သည် အ ကျွန်ုပ် တို့ အား ပ ညတ် တ ရား ၌ စီ ရင် ထုံး ဖွဲ့ ပါ ပြီ။ သို့ ရာ တွင် ကိုယ် တော် သည် အ ဘယ် သို့ မိန့် တော် မူ မည် နည်း ဟု လျှောက် ကြ ၏။
6
ထို သို့ လျှောက် ကြ သော်၊ ကိုယ် တော် ၌ အ ပြစ် တင် ခွင့် ရှိ စေ ခြင်း ငှါ စုံ စမ်း နှောင့် ရှက် သော အား ဖြင့် လျှောက် ကြ ၏။ ယေ ရှု သည် အောက် သို့ ငုံ့ လျက် လက် ညှိုး တော် နှင့် မြေ ၌ ရေး သား ၍ နေ တော် မူ ၏။
7
ထို သူ တို့ သည် အ ထပ် ထပ် မေး လျှောက် ကြ သော အ ခါ ကိုယ် ကို လှန် တော် မူ ၍၊ သင် တို့ တွင် အ ပြစ် ကင်း သော သူ သည် ရှေ့ ဦး စွာ ကျောက် ခဲ နှင့် ပစ် စေ ဟု မိန့် တော် မူ ပြီး၊
8
တ ဖန် အောက် သို့ ငုံ့ ၍ မြေ ၌ ရေး သား တော် မူ ပြန် ၏။
9
ထို သူ တို့ သည် ကြား ရ လျှင် မိ မိ တို့ စိတ် နှ လုံး သည် မိ မိ တို့ အ ပြစ် ကို ဘော် ပြ သ ဖြင့်၊ အ သက် ကြီး သော သူ မှ စ ၍ အ ငယ် ဆုံး သော သူ တိုင် အောင် တ ယောက် နောက် တ ယောက် ထွက် သွား ကြ ၏။ ယေ ရှု သည် တ ယောက် တည်း ကျန် ရစ် တော် မူ ၍၊ မိန်း မ သည် အ လယ် ၌ ရပ် နေ ၏။
10
ထို အ ခါ ယေ ရှု သည် ကိုယ် ကို လှန် တော် မူ ပြန် ၍၊ ထို မိန်း မ မှ တ ပါး အ ဘယ် သူ ကို မျှ မ မြင် လျှင်၊ အ ချင်း မိန်း မ၊ သင့် ကို အ ပြစ် တင် သော သူ တို့ သည် အ ဘယ် မှာ ရှိ ကြ သ နည်း။ သင် ၏ အ မှု ကို အ ဘယ် သူ မျှ မ စီ ရင် သ လော ဟု မေး တော် မူ ၏။
11
ထို မိန်း မ က လည်း၊ အ ဘယ် သူ မျှ မ စီ ရင် ပါ သ ခင် ဟု လျှောက် ၏။ ငါ သည် လည်း သင် ၏ အ မှု ကို မ စီ ရင်။ သွား လော့။ နောက် တ ဖန် ဒု စ ရိုက် ကို မ ပြု နှင့် ဟု မိန့် တော် မူ ၏။
12
တ ဖန် တုံ ယေ ရှု က၊ ငါ သည် ဤ လော က ၏ အ လင်း ဖြစ် ၏။ ငါ့ နောက် သို့ လိုက် သော သူ သည် မှောင် မိုက် ၌ မ သွား မ လာ၊ အ သက် ၏ အ လင်း ကို ရ လိမ့် မည် ဟု မိန့် တော် မူ ၏။
13
ဖာ ရိ ရှဲ တို့ က လည်း၊ သင် သည် ကိုယ် အ ကြောင်း ကို သက် သေ ခံ ၏။ သင် ၏ သက် သေ မ တည် ဟု ဆို ကြ ၏။
14
ယေ ရှု က လည်း၊ ငါ သည် ကိုယ် အ ကြောင်း ကို သက် သေ ခံ သော် လည်း၊ ငါ့ သက် သေ တည် ၏။ အ ကြောင်း မူ ကား၊ ငါ သည် အ ဘယ် အ ရပ် က လာ သည် ကို ၎င်း၊ အ ဘယ် အ ရပ် သို့ သွား သည် ကို ၎င်း ငါ သိ ၏။ သင် တို့ မူ ကား မ သိ ကြ။
15
သင် တို့ သည် ဇာ တိ ပ က တိ အ တိုင်း စီ ရင် တတ် ကြ ၏။ ငါ မူ ကား အ ဘယ် သူ ကို မျှ မ စီ ရင်။
16
ငါ သည် စီ ရင် သော် လည်း ငါ ၏ စီ ရင် ခြင်း သည် တည် ၏။ အ ကြောင်း မူ ကား၊ ငါ သည် တ ယောက် တည်း နေ သည် မ ဟုတ်။ ငါ့ ကို စေ လွှတ် တော် မူ သော ခ မည်း တော် သည် ငါ့ ဘက် ၌ နေ တော် မူ ၏။
17
သက် သေ ခံ နှစ် ဦး တို့ ၏ စ ကား သည် တည် ရ ၏ ဟု သင် တို့ ပ ညတ္တိ ကျမ်း စာ ၌ လာ ၏။
18
ငါ သည် ကိုယ် အ ကြောင်း ကို သက် သေ ခံ သော သူ ဖြစ် ၏။ ငါ့ ကို စေ လွှတ် တော် မူ သော ခ မည်း တော် သည် လည်း ငါ့ အ ကြောင်း ကို သက် သေ ခံ တော် မူ သည် ဟု မိန့် တော် မူ ၏။
19
ထို သူ တို့ က လည်း၊ သင် ၏ ခ မည်း တော် အ ဘယ် မှာ ရှိ သ နည်း ဟု မေး ကြ ၏။ ယေ ရှု က လည်း၊ သင် တို့ သည် ငါ့ ကို မ သိ ကြ။ ငါ့ ခ မည်း တော် ကို လည်း မ သိ ကြ။ ငါ့ ကို သိ လျှင် ငါ့ ခ မည်း တော် ကို လည်း သိ ကြ လိမ့် မည် ဟု မိန့် တော် မူ ၏။
20
ဗိ မာန် တော် ၌ ဆုံး မ ဩ ဝါ ဒ ပေး တော် မူ စဉ် ဤ စ ကား တော် ကို ဘဏ္ဍာ တိုက် မှာ မိန့် မြွက် တော် မူ ၏။ ကိုယ် တော် ၏ အ ချိန် မ စေ့ မ ရောက် သေး သော ကြောင့် အ ဘယ် သူ မျှ ကိုယ် တော် ကို မ ဘမ်း ဆီး ကြ။
21
တ ဖန် ယေ ရှု က၊ ငါ သည် သွား ရ မည်။ သင် တို့ သည် ငါ့ ကို ရှာ ကြ လိမ့် မည်။ ကိုယ် အ ပြစ် ၌ လည်း သေ ကြ လိမ့် မည်။ ငါ သွား ရာ အ ရပ် သို့ သင် တို့ မ ရောက် နိုင် ကြ ဟု မိန့် တော် မူ ၏။
22
ယု ဒ လူ တို့ က လည်း၊ ငါ သွား ရာ အ ရပ် သို့ သင် တို့ မ ရောက် နိုင် ကြ ဟု သူ သည် ဆို သော်၊ ကိုယ် အ သက် ကို သတ် မည် လော ဟု ဆို ကြ ၏။
23
ယေ ရှု က လည်း၊ သင် တို့ သည် အောက် သား ဖြစ် ကြ ၏။ ငါ မူ ကား အ ထက် သား ဖြစ် ၏။ သင် တို့ သည် လော ကီ သား ဖြစ် ကြ ၏။ ငါ မူ ကား လော ကီ သား မ ဟုတ်။
24
ထို ကြောင့် သင် တို့ သည် ကိုယ် အ ပြစ် ၌ သေ ကြ လိမ့် မည် ဟု ငါ ဆို ၏။ ငါ သည် ဤ မည် သော သူ ဖြစ် သည် ကို သင် တို့ သည် မ ယုံ လျှင်၊ ကိုယ် အ ပြစ် ၌ သေ ကြ လိမ့် မည် ဟု မိန့် တော် မူ ၏။
25
ထို သူ တို့ က လည်း၊ သင် သည် အ ဘယ် သူ နည်း ဟု မေး လျှင်၊ ယေ ရှု က၊ ငါ သည် သင် တို့ အား အ စဉ် ပြော ဆို သည် အ တိုင်း ငါ ဖြစ် ၏။
26
သင် တို့ အ မှု ၌ ငါ ပြော ဆို စီ ရင် စ ရာ များ စွာ ရှိ ၏။ သို့ သော် လည်း ငါ့ ကို စေ လွှတ် တော် မူ သော သူ သည် သစ္စာ နှင့် ပြည့် စုံ တော် မူ ၏။ သူ ၏ အ ထံ တော် ၌ ငါ ကြား သ မျှ ကို သာ ဤ လော က ၌ ငါ ဟော ပြော သည် ဟု မိန့် တော် မူ ၏။
27
ခ မည်း တော် ကို ရည် မှတ် ၍ မိန့် တော် မူ သည် ကို ထို သူ တို့ သည် မ ရိပ် မိ ကြ။
28
ထို ကြောင့် ယေ ရှု က၊ သင် တို့ သည် လူ သား ကို မြှောက် ထား သော အ ခါ၊ ငါ သည် ဤ မည် သော သူ ဖြစ် သည် ကို ၎င်း၊ ငါ သည် ကိုယ် အ လို အ လျောက် အ ဘယ် အ မှု ကို မျှ မ ပြု ဘဲ၊ ငါ့ ခ မည်း တော် သည် ငါ့ အား နည်း ပေး တော် မူ သည် အ တိုင်း ငါ ဟော ပြော သည် ကို ၎င်း သင် တို့ သည် သိ ကြ လိမ့် မည်။
29
ငါ့ ကို စေ လွှတ် တော် မူ သော သူ သည် ငါ နှင့် အ တူ ရှိ တော် မူ ၏။ ငါ့ ကို တ ကိုယ် တည်း နေ စေ ခြင်း ငှါ ခ မည်း တော် သည် စွန့် ပစ် တော် မ မူ။ အ ကြောင်း မူ ကား၊ နှစ် သက် တော် မူ သော အ မှု ကို အ စဉ် မ ပြတ် ငါ ပြု သည် ဟု မိန့် တော် မူ ၏။
30
ထို စ ကား တော် ကို မိန့် တော် မူ စဉ်၊ လူ များ တို့ သည် ယုံ ကြည် ခြင်း သို့ ရောက် ကြ ၏။
31
ထို အ ခါ ယေ ရှု က၊ သင် တို့ သည် ငါ ၏ ဒေ သ နာ ၌ တည် လျှင် ငါ့ တ ပည့် အ မှန် ဖြစ် ကြ ၏။
32
သမ္မာ တ ရား ကို လည်း သိ ကြ သ ဖြင့်၊ ထို တ ရား သည် သင် တို့ ကို လွှတ် လိမ့် မည် ဟု၊ ယုံ ကြည် သော ယု ဒ လူ တို့ အား မိန့် တော် မူ ၏။
33
ယု ဒ လူ တို့ က လည်း၊ ငါ တို့ သည် အာ ဗြ ဟံ အ မျိုး ဖြစ် ကြ ၏။ အ ဘယ် သူ ထံ ၌ တ ရံ တ ခါ မျှ ကျွန် မ ခံ ကြ။ လွှတ် လိမ့် မည် ဟူ ၍ သင် သည် အ ဘယ် သို့ ပြော ဆို သ နည်း ဟု မေး မြန်း ကြ ၏။
34
ယေ ရှု က လည်း၊ ငါ အ မှန် အ ကန် ဆို သည် ကား၊ ဒု စ ရိုက် ကို ပြု သ မျှ သော သူ တို့ သည် ဒု စ ရိုက် ၏ ကျွန် ဖြစ် ကြ ၏။
35
ကျွန် သည် ကား အိမ် ၌ အ စဉ် အ မြဲ နေ သည် မ ဟုတ်။ သား မူ ကား အ စဉ် အ မြဲ နေ ၏။
36
ထို ကြောင့် သား သည် သင် တို့ ကို လွှတ် လျှင်၊ သင် တို့ သည် ဧ ကန် အ မှန် လွတ် ကြ လိမ့် မည်။
37
သင် တို့ သည် အာ ဗြ ဟံ အ မျိုး ဖြစ် ကြ သည် ကို ငါ သိ ၏။ သို့ သော် လည်း ငါ ၏ ဒေ သ နာ သည် သင် တို့ ၌ တည် နေ ရာ ကို မ ရ သော ကြောင့် သင် တို့ သည် ငါ့ ကို သတ် အံ့ သော ငှါ ရှာ ကြံ ကြ ၏။
38
ငါ သည် ငါ့ ခ မည်း တော် ထံ ၌ မြင် ခဲ့ ပြီး သည် အ တိုင်း ဟော ပြော ၏။ သင် တို့ သည် သင် တို့ ၏ အ ဘ ထံ ၌ မြင် ခဲ့ ပြီး သည် အ တိုင်း ပြု ကြ ၏ ဟု မိန့် တော် မူ ၏။
39
ထို သူ တို့ က လည်း၊ အာ ဗြ ဟံ သည် ငါ တို့ အ ဘ ဖြစ် ၏ ဟု ဆို ကြ ၏။ ယေ ရှု က လည်း၊ သင် တို့ သည် အာ ဗြ ဟံ ၏ သား မှန် လျှင် အာ ဗြ ဟံ ၏ အ ကျင့် ကို ကျင့် ကြ လိမ့် မည်။
40
ဘု ရား သ ခင့် အ ထံ တော် ၌ ကြား ရ သော သစ္စာ တ ရား ကို သင် တို့ အား ဟော ပြော သော သူ တည်း ဟူ သော ငါ့ ကို သတ် အံ့ သော ငှါ သင် တို့ သည် ယ ခု ရှာ ကြံ ကြ ၏။ အာ ဗြ ဟံ သည် ထို နည်း တူ ကျင့် သည် မ ဟုတ်။
41
သင် တို့ သည် သင် တို့ အ ဘ ၏ အ ကျင့် ကို ကျင့် ကြ ၏ ဟု မိန့် တော် မူ ၏။ ထို သူ တို့ က လည်း၊ ငါ တို့ သည် မျောက် မ ထား သော အ မျိုး မ ဟုတ်။ ဘု ရား သ ခင် တည်း ဟူ သော ငါ တို့ အ ဘ တ ပါး တည်း ရှိ တော် မူ သည် ဟု ဆို ကြ ၏။
42
ယေ ရှု က လည်း၊ ဘု ရား သ ခင် သည် သင် တို့ အ ဘ မှန် လျှင်၊ သင် တို့ သည် ငါ့ ကို ချစ် ကြ လိမ့် မည်။ အ ကြောင်း မူ ကား၊ ငါ သည် ဘု ရား သ ခင့် အ ထံ တော် မှ ထွက် ကြွ ရောက် လာ ၏။ ကိုယ် အ လို အ လျောက် လာ သည် မ ဟုတ်။ ဘု ရား သ ခင် သည် ငါ့ ကို စေ လွှတ် တော် မူ ၏။
43
အ ဘယ် ကြောင့် ငါ့ စ ကား ကို နား မ လည် ကြ သ နည်း။ ငါ ၏ ဒေ သ နာ ကို နား မ ခံ မ ယူ နိုင် သော ကြောင့် သာ သင် တို့ သည် ငါ့ စ ကား ကို နား မ လည် ကြ။
44
သင် တို့ သည် သင် တို့ ၏ အ ဘ တည်း ဟူ သော မာရ် နတ် မှ ဆင်း သက် ကြ ၏။ သင် တို့ အ ဘ ၏ အ လို သို့ လည်း လိုက် တတ် ကြ ၏။ မာရ် နတ် သည် ရှေ့ ဦး စွာ မှ စ ၍ လူ အ သက် ကို သတ် သော သူ ဖြစ် ၏။ သူ ၌ သစ္စာ တ ရား မ ရှိ သော ကြောင့် သစ္စာ တ ရား ၌ မ တည် မ နေ။ သူ သည် မု သာ စ ကား ကို ပြော သော အ ခါ မိ မိ ပ က တိ အ တိုင်း ပြော ၏။ မု သာ စ ကား ၌ ကျင် လည် သော သူ ဖြစ် ၏။ မု သာ ၏ အ ဘ လည်း ဖြစ် ၏။
45
ငါ သည် သစ္စာ စ ကား ကို ပြော သော ကြောင့် သင် တို့ မ ယုံ ကြ။
46
ငါ ၌ အ ပြစ် ရှိ ကြောင်း ကို သင် တို့ တွင် အ ဘယ် သူ ဘော် ပြ သ နည်း။ သစ္စာ စ ကား ကို ငါ ပြော သည် မှန် လျှင် အ ဘယ် ကြောင့် သင် တို့ မ ယုံ ကြ သ နည်း။
47
ဘု ရား သ ခင် နှင့် စပ် ဆိုင် သော သူ သည် ဘု ရား သ ခင် ၏ စ ကား တော် ကို နား ထောင် တတ် ၏။ သင် တို့ သည် ဘု ရား သ ခင် နှင့် မ စပ် ဆိုင် သော ကြောင့် နား မ ထောင် ကြ ဟု မိန့် တော် မူ ၏။
48
ယု ဒ လူ တို့ က လည်း၊ သင် သည် ရှ မာ ရိ လူ ဖြစ် ၏။ နတ် ဆိုး စွဲ သော သူ လည်း ဖြစ် ၏ ဟု ငါ တို့ ပြော သော စ ကား သည် လျောက် ပတ် သည် မ ဟုတ် လော ဟု ဆို ကြ ၏။
49
ယေ ရှု က လည်း၊ ငါ သည် နတ် ဆိုး စွဲ သော သူ မ ဟုတ်။ ငါ့ ခ မည်း တော် ကို ချီး မြှောက် ၏။ သင် တို့ သည် ငါ့ ကို ရှုတ် ချ ကြ ၏။
50
ငါ သည် ကိုယ် ဘုန်း အ သ ရေ ကို မ ရှာ။ ငါ ၏ ဘုန်း အ သ ရေ ကို ရှာ ၍ စီ ရင် တော် မူ သော သူ ရှိ သေး ၏။
51
ငါ အ မှန် အ ကန် ဆို သည် ကား၊ ငါ့ စ ကား ကို နား ထောင် သော သူ သည် သေ ခြင်း နှင့် အ စဉ် မ ပြတ် ကင်း လွတ် လိမ့် မည် ဟု မိန့် တော် မူ ၏။
52
ယု ဒ လူ တို့ က လည်း၊ သင် ၌ နတ် ဆိုး စွဲ သည် ကို ယ ခု ငါ တို့ သိ ကြ ၏။ အာ ဗြ ဟံ မှ စ ၍ ပ ရော ဖက် တို့ သည် သေ လွန် ကြ ပြီ။ သင် မူ ကား၊ ငါ့ စ ကား ကို နား ထောင် သော သူ သည် သေ ခြင်း နှင့် အ စဉ် မ ပြတ် ကင်း လွတ် လိမ့် မည် ဟု ဆို ပါ သည် တ ကား။
53
ငါ တို့ အ ဘ အာ ဗြ ဟံ ထက် သင် သည် သာ ၍ ကြီး မြတ် သ လော။ သူ သည် သေ ပြီ။ ပ ရော ဖက် တို့ လည်း သေ ကြ ပြီ။ သင် သည် အ ဘယ် သို့ သော သူ ၏ အ ယောင် ကို ဆောင် သ နည်း ဟု ဆို ကြ ၏။
54
ယေ ရှု က လည်း၊ ငါ သည် ကိုယ် ဂုဏ် ကို ပြ လျှင်၊ ငါ့ ဂုဏ် သည် အ ချည်း နှီး ဖြစ် ၏။ ငါ့ ခ မည်း တော် သည် ငါ့ ဂုဏ် ကို ထင် ရှား စေ တော် မူ ၏။ ထို ဘု ရား သ ခင် သည် ငါ တို့ ၏ ဘု ရား ဟူ ၍ သင် တို့ ခေါ် ဝေါ် တတ် ကြ ၏။
55
သို့ သော် လည်း ထို ဘု ရား သ ခင် ကို သင် တို့ မ သိ ကြ။ ငါ မူ ကား သိ ၏။ ငါ မ သိ ဟု ငါ ဆို လျှင် သင် တို့ ကဲ့ သို့ မု သာ သုံး သော သူ ဖြစ် လိမ့် မည်။ ထို ဘု ရား သ ခင် ကို ငါ သိ ၏။ ဘု ရား သ ခင် ၏ စ ကား တော် ကို လည်း နား ထောင် ၏။
56
သင် တို့ အ ဘ အာ ဗြ ဟံ သည် ငါ ကြွ လာ မည့် အ ချိန် ကာ လ ကို မြော် မြင် ခြင်း ငှါ အ လွန် အ လို ရှိ ၏။ မြင် ရ သော အ ခါ ဝမ်း မြောက် ခြင်း သို့ ရောက် သည် ဟု မိန့် တော် မူ ၏။
57
ယု ဒ လူ တို့ က လည်း၊ သင် ၏ အ သက် သည် အ နှစ် ငါး ဆယ် မျှ မ ရှိ ဘဲ လျက် သင် သည် အာ ဗြ ဟံ ကို မြင် လေ ပြီ တ ကား ဟု ဆို ကြ ၏။
58
ယေ ရှု က လည်း၊ ငါ အ မှန် အ ကန် ဆို သည် ကား၊ အာ ဗြ ဟံ မ ဖြစ် မှီ ငါ ဖြစ် ၏ ဟု မိန့် တော် မူ ၏။
59
ထို အ ခါ ကိုယ် တော် ကို ခဲ နှင့် ပစ် ခြင်း ငှါ ကျောက် ခဲ တို့ ကို ကောက် ယူ ကြ ၏။ ယေ ရှု သည် တိမ်း ရှောင် ၍ ထို သူ တို့ အ လယ် ၌ ရှောက် သွား ပြီး လျှင် ဗိ မာန် တော် မှ ထွက် ကြွ တော် မူ ၏။