ရှင်ယောဟန်-7

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ထို နောက် မှ ယေ ရှု သည် ဂါ လိ လဲ ပြည် ၌ လှည့် လည် တော် မူ ၏။ ယု ဒ လူ တို့ သည် ကိုယ် တော် ကို သတ် အံ့ သော ငှါ ရှာ ကြံ သော ကြောင့်၊ ယု ဒ ပြည် ၌ လှည့် လည် ခြင်း ငှါ အ လို တော် မ ရှိ။
  • 2 -
  • 3 ယု ဒ လူ တို့ ၏ သ ကေ နေ ပွဲ ခံ ခါ နီး တွင်၊ ညီ တော် တို့ က၊ သင် ပြု သော အ မှု တို့ ကို တ ပည့် တော် များ တို့ သည် မြင် စေ ခြင်း ငှါ ဤ အ ရပ် မှ ထွက် ၍ ယု ဒ ပြည် သို့ ကြွ ပါ။
  • 4 ကျော် စော ကိတ္တိ ကို အ လို ရှိ သော သူ မည် သည် ကား၊ မ ထင် ရှား သော အား ဖြင့် အ ဘယ် အ မှု ကို မျှ မ ပြု တတ်။ ဤ အ မှု တို့ ကို သင် သည် ပြု လျှင်၊ ဤ လော က ၌ ကိုယ် ကို ထင် ရှား စွာ ပြ ပါ ဟု၊
  • 5 မ ယုံ ကြည် သော ကြောင့် ယေ ရှု အား ဆို ကြ ၏။
  • 6 ယေ ရှု က လည်း၊ ငါ့ အ ချိန် မ ရောက် သေး။ သင် တို့ ဘို့ ခပ် သိမ်း သော အ ချိန် သင့် လျက် ရှိ ၏။
  • 7 လော ကီ သား တို့ သည် သင် တို့ ကို မ မုန်း နိုင်။ ငါ့ ကို မုန်း ကြ ၏။ အ ကြောင်း မူ ကား၊ ငါ သည် သူ တို့ ၏ အ ကျင့် ဆိုး ညစ် ကြောင်း ကို သက် သေ ခံ ၏။
  • 8 ထို ပွဲ သို့ သင် တို့ သွား ကြ လော့။
  • 9 ငါ မ သွား သေး။ ငါ့ အ ချိန် မ ပြည့် စုံ သေး ဟု မိန့် တော် မူ ပြီး လျှင်၊ ဂါ လိ လဲ ပြည် မှာ နေ တော် မူ ၏။
  • 10 ညီ တော် တို့ သွား ပြီး မှ ကိုယ် တော် သည် ထို ပွဲ သို့ မ ထင် မ ရှား ကြွ တော် မူ။
  • 11 ထို ပွဲ ၌ ယု ဒ လူ တို့ က၊ ယေ ရှု သည် အ ဘယ် မှာ ရှိ သ နည်း ဟု မေး မြန်း ရှာ ဖွေ ကြ ၏။
  • 12 လူ အ စု အ ဝေး တို့ သည် ကိုယ် တော် ကို အ ကြောင်း ပြု ၍ အုတ် အုတ် သဲ သဲ ဖြစ် ကြ ၏။ အ ချို့ တို့ က၊ သူ သည် သူ တော် ကောင်း ဖြစ် သည် ဟူ ၍ ၎င်း၊ အ ချို့ တို့ က၊ သူ တော် ကောင်း မ ဟုတ်၊ လူ များ ကို လှည့် ဖြား သည် ဟူ ၍ ၎င်း ဆို ကြ ၏။
  • 13 သို့ သော် လည်း ယု ဒ လူ တို့ ကို ကြောက် သော ကြောင့် အ ဘယ် သူ မျှ အ တည့် အ လင်း မ ပြော ဝံ့ ကြ။
  • 14 ထို ပွဲ ကို ခံ စဉ် တွင်၊ ယေ ရှု သည် ဗိ မာန် တော် သို့ တက် ၍ ဆုံး မ ဩ ဝါ ဒ ပေး တော် မူ ၏။
  • 15 ယု ဒ လူ တို့ သည် အံ့ ဩ ၍၊ ဤ သူ သည် စာ မ သင် ဘဲ လျက် အ ဘယ် သို့ တတ် ဘိ သ နည်း ဟု ဆို ကြ ၏။
  • 16 ယေ ရှု က လည်း၊ ငါ ဟော သော ဒေ သ နာ သည် ငါ ၏ ဒေ သ နာ မ ဟုတ်။ ငါ့ ကို စေ လွှတ် တော် မူ သော သူ ၏ ဒေ သ နာ ဖြစ် ၏။
  • 17 ထို သူ ၏ အ လို တော် သို့ လိုက် ချင် သော သူ မည် သည် ကား၊ ဤ ဒေ သ နာ သည် ဘု ရား သ ခင် ၏ ဒေ သ နာ တော် ဖြစ် သ လော၊ ငါ သည် ကိုယ် အ လို အ လျောက် ဟော ပြော သ လော ဟု ပိုင်း ခြား ၍ သိ လိမ့် မည်။
  • 18 ကိုယ် အ လို အ လျောက် ဟော ပြော သော သူ သည် မိ မိ ဘုန်း အ သ ရေ ကို ရှာ တတ် ၏။ မိ မိ ကို စေ လွှတ် တော် မူ သော သူ ၏ ဘုန်း အ သ ရေ ကို ရှာ သော သူ မူ ကား၊ ယုံ လောက် သော သူ ဖြစ် ၏။ ထို သူ ၌ မု သာ မ ရှိ။
  • 19 မော ရှေ သည် ပ ညတ် တ ရား ကို သင် တို့ အား ပေး သည် မ ဟုတ် လော။ ထို တ ရား ကို သင် တို့ တွင် တ စုံ တ ယောက် မျှ မ ကျင့်။ ငါ့ ကို သတ် အံ့ သော ငှါ အ ဘယ် ကြောင့် ရှာ ကြံ ကြ သ နည်း ဟု မိန့် တော် မူ ၏။
  • 20 လူ အ စု အ ဝေး က လည်း၊ သင် သည် နတ် ဆိုး စွဲ သော သူ ဖြစ် ၏။ သင့် ကို သတ် အံ့ သော ငှါ အ ဘယ် သူ ရှာ ကြံ သ နည်း ဟု ဆို ကြ ၏။
  • 21 ယေ ရှု က လည်း၊ ငါ ပြု သော အ မှု တ ခု ကို သင် တို့ ရှိ သ မျှ သည် အံ့ ဩ ခြင်း ရှိ ကြ ၏။
  • 22 မော ရှေ သည် အ ရေ ဖျား လှီး ခြင်း တ ရား ကို သင် တို့ အား ပေး ၏။ ထို သို့ ဆို သော် မော ရှေ မှ အ စ စွာ ခံ ရ သည် ဟု မ ဆို လို။ ဘိုး ဘေး များ မှ ဆက် ခံ ရ သ တည်း။ ထို ကြောင့် ဥ ပုသ် နေ့ ၌ သင် တို့ သည် အ ရေ ဖျား လှီး ခြင်း ကို ပေး ကြ ၏။
  • 23 မော ရှေ ၏ တ ရား မ ပျက် စေ ခြင်း ငှါ လူ သည် ဥ ပုသ် နေ့ ၌ အ ရေ ဖျား လှီး ခြင်း ကို ခံ ရ လျှင်၊ ငါ သည် ဥ ပုသ် နေ့ ၌ လူ တ ကိုယ် လုံး ကို ကျန်း မာ စေ သော ကြောင့်၊ သင် တို့ သည် ငါ့ ကို အ မျက် ထွက် ရာ သ လော။
  • 24 မျက် နှာ ကို သာ ကြည့် ၍ မ စီ ရင် ကြ နှင့်။ တ ရား သ ဖြင့် စီ ရင် ကြ လော့ ဟု မိန့် တော် မူ ၏။
  • 25 ထို အ ခါ ယေ ရု ရှ လင် မြို့ သား အ ချို့ က လည်း၊ ဤ သူ ကို သတ် အံ့ သော ငှါ ရှာ ကြ သည် မ ဟုတ် လော။
  • 26 ကြည့် ပါ။ သူ သည် ထင် ရှား စွာ ဟော ပြော ၍ အ ဘယ် မြစ် တား ခြင်း ကို မျှ မ ပြု ကြ ပါ တ ကား။ ဤ သူ သည် ခ ရစ် တော် ဖြစ် ကြောင်း ကို မင်း များ တို့ သည် အ မှန် သိ ကြ သ လော။
  • 27 သို့ သော် လည်း ဤ သူ သည် အ ဘယ် က ဖြစ် သည် ကို ငါ တို့ သိ ကြ ၏။ ခ ရစ် တော် သည် ကြွ လာ တော် မူ သော အ ခါ အ ဘယ် က ဖြစ် တော် မူ သည် ကို အ ဘယ် သူ မျှ မ သိ ရ ဟု ဆို ကြ ၏။
  • 28 ယေ ရှု က လည်း၊ သင် တို့ သည် ငါ့ ကို သိ ကြ ၏။ ငါ သည် အ ဘယ် က ဖြစ် သည် ကို လည်း သိ ကြ ၏။ သို့ သော် လည်း ငါ သည် ကိုယ် အ လို အ လျောက် လာ သည် မ ဟုတ်။ ငါ့ ကို စေ လွှတ် တော် မူ သော သူ သည် သစ္စာ နှင့် ပြည့် စုံ တော် မူ ၏။ ထို သူ ကို သင် တို့ မ သိ ကြ။
  • 29 ငါ မူ ကား သိ ၏။ အ ကြောင်း မူ ကား၊ ထို သူ ၏ အ ထံ တော် မှ ငါ လာ ၏။ သူ သည် လည်း ငါ့ ကို စေ လွှတ် တော် မူ ၏ ဟု ဗိ မာန် တော် ၌ ဆုံး မ ဩ ဝါ ဒ ပေး တော် မူ စဉ် တွင် ကြွေး ကြော် ၍ မိန့် တော် မူ လျှင်၊
  • 30 ကိုယ် တော် ကို ဘမ်း ဆီး ခြင်း အ ခွင့် ကို ရှာ ကြ ၏။ သို့ သော် လည်း ကိုယ် တော် ၏ အ ချိန် မ စေ့ မ ရောက် သေး သော ကြောင့် အ ဘယ် သူ မျှ မ ဘမ်း မ ဆီး ကြ။
  • 31 လူ အ စု အ ဝေး ထဲ ၌ ပါ သော သူ အ များ တို့ သည် ယုံ ကြည် သည် ဖြစ် ၍၊ ခ ရစ် တော် သည် ကြွ လာ တော် မူ သော အ ခါ၊ ဤ သူ ပြ သော နိ မိတ် လက္ခ ဏာ ထက် သာ ၍ များ သော နိ မိတ် လက္ခ ဏာ တို့ ကို ပြ တော် မူ မည် လော ဟု ဆို ကြ ၏။
  • 32 ထို သို့ လူ များ အုတ် အုတ် သဲ သဲ ဖြစ် ကြ သည် ကို ဖာ ရိ ရှဲ တို့ သည် ကြား လျှင်၊ ယဇ် ပု ရော ဟိတ် အ ကြီး တို့ နှင့် တိုင် ပင် ပြီး မှ ကိုယ် တော် ကို ဘမ်း ဆီး စေ ခြင်း ငှါ မင်း လု လင် တို့ ကို စေ လွှတ် ကြ ၏။
  • 33 ယေ ရှု က လည်း၊ ငါ သည် သင် တို့ နှင့် အ တူ ခ ဏ သာ နေ ပြီး လျှင်၊ ငါ့ ကို စေ လွှတ် တော် မူ သော သူ ထံ သို့ သွား ရ မည်။ သင် တို့ သည် ငါ့ ကို ရှာ ကြ လိမ့် မည်။
  • 34 ရှာ သော် လည်း မ တွေ့ ရ ကြ။ ငါ ရှိ ရာ အ ရပ် သို့ သင် တို့ မ ရောက် နိုင် ကြ ဟု မိန့် တော် မူ လျှင်၊
  • 35 ယု ဒ လူ တို့ က၊ ငါ တို့ မ တွေ့ စေ ခြင်း ငှါ သူ သည် အ ဘယ် အ ရပ် သို့ သွား လိမ့် မည် နည်း။ ဟေ လ သ လူ တို့ တွင် အ ရပ် ရပ် သို့ ကွဲ ပြား လျက် နေ သော သူ တို့ ရှိ ရာ သို့ သွား ၍ ဟေ လ သ လူ တို့ အား တ ရား ဟော လိမ့် မည် လော။
  • 36 သင် တို့ သည် ငါ့ ကို ရှာ ကြ လိမ့် မည်။ ရှာ သော် လည်း မ တွေ့ ရ ကြ။ ငါ ရှိ ရာ အ ရပ် သို့ သင် တို့ မ ရောက် နိုင် ကြ ဟူ သော စ ကား သည် အ ဘယ် သို့ ဆို လို သ နည်း ဟု အ ချင်း ချင်း ဆို ကြ ၏။
  • 37 ထို ပွဲ ကို ခံ ၍ နောက် ဆုံး ဖြစ် သော နေ့ မြတ် ၌ ယေ ရှု သည် ရပ် ၍ ကြွေး ကြော် တော် မူ သည် ကား၊ ရေ ငတ် သော သူ ရှိ လျှင် ငါ့ ထံ သို့ လာ ၍ သောက် လော့။
  • 38 ငါ့ ကို ယုံ ကြည် သော သူ သည် ကျမ်း စာ လာ သည် အ တိုင်း အ သက် ရေ ထွက် ရာ စမ်း ရေ တွင်း ဖြစ် လိမ့် မည် ဟု မိန့် တော် မူ ၏။
  • 39 ထို သို့ မိန့် တော် မူ သော်၊ ယုံ ကြည် သော သူ တို့ သည် ခံ ရ လ တံ့ သော ဝိ ညာဉ် တော် ကို ရည် မှတ် ၍ မိန့် တော် မူ ၏။ ယေ ရှု သည် ဘုန်း ပွင့် တော် မ မူ သေး သော ကြောင့် သန့် ရှင်း သော ဝိ ညာဉ် တော် ကို ပေး တော် မ မူ သေး။
  • 40 စ ကား တော် ကို ကြား သော သူ အ များ တို့ က၊ ဤ သူ သည် လာ လ တံ့ သော ပ ရော ဖက် အ မှန် ဖြစ် သည် ဟု ဆို ကြ ၏။
  • 41 အ ချို့ က လည်း၊ ဤ သူ သည် ခ ရစ် တော် ဖြစ် သည် ဟု ဆို ကြ ၏။ အ ချို့ က လည်း၊ ခ ရစ် တော် သည် ဂါ လိ လဲ ပြည် သား ဖြစ် ရ သ လော။
  • 42 ခ ရစ် တော် သည် ဒါ ဝိဒ် အ မျိုး၊ ဒါ ဝိဒ် နေ ရာ ဌာ န၊ ဗက် လင် ရွာ သား ဖြစ် ရ မည် ဟု ကျမ်း စာ လာ သည် မ ဟုတ် လော ဟု ဆို ကြ ၏။
  • 43 ထို သို့ လူ များ တို့ သည် ကွဲ ပြား ကြ သည် ဖြစ် ၍၊ အ ချို့ တို့ သည် ကိုယ် တော် ကို ဘမ်း ဆီး ခြင်း ငှါ အ လို ရှိ ကြ ၏။
  • 44 သို့ သော် လည်း အ ဘယ် သူ မျှ မ ဘမ်း မ ဆီး ကြ။
  • 45 ထို အ ခါ မင်း လု လင် တို့ သည်၊ ယဇ် ပု ရော ဟိတ် အ ကြီး၊ ဖာ ရိ ရှဲ တို့ ထံ သို့ ပြန် ၍၊ ထို မင်း တို့ က၊ အ ဘယ် ကြောင့် သူ့ ကို မ ဆောင် ခဲ့ ကြ သ နည်း ဟု မေး မြန်း လျှင်၊
  • 46 မင်း လု လင် တို့ က၊ ထို သူ ဟော ပြော သ ကဲ့ သို့ အ ဘယ် သူ မျှ မ ဟော စ ဖူး ပါ ဟု လျှောက် ကြ ၏။
  • 47 ဖာ ရိ ရှဲ တို့ က လည်း၊ သင် တို့ ကို ပင် လှည့် ဖြား ပြီ လော။
  • 48 မင်း များ၊ ဖာ ရိ ရှဲ များ တို့ တွင် သူ့ ကို ယုံ ကြည် သော သူ တ စုံ တ ယောက် မျှ ရှိ သ လော။
  • 49 တ ရား ကို မ သိ သော ဤ လူ များ တို့ သည် ကျိန် ခြင်း ကို ခံ ရ သော သူ ဖြစ် သည် ဟု ဆို ကြ ၏။
  • 50 အ ထက် က ညဉ့် အ ခါ ၌ အ ထံ တော် သို့ လာ သော သူ တည်း ဟူ သော ထို မင်း များ အ ဝင် ဖြစ် သော နိ ကော ဒင် က လည်း၊
  • 51 ငါ တို့ တ ရား သည် လူ ကို မ စစ်၊ သူ့ အ မှု ကို မ သိ မှီ က ပင် ရှေ့ မ ဆွ က ဆုံး ဖြတ် တတ် သ လော ဟု ဆို လျှင်၊
  • 52 သူ တို့ က၊ သင် သည် လည်း ဂါ လိ လဲ ပြည် သား ဖြစ် သ လော။ စစ် ဦး လော့၊ ဂါ လိ လဲ ပြည် ၌ အ ဘယ် ပ ရော ဖက် မျှ မ ပေါ် မ ထွန်း သည် ကို မှတ် လော့ ဟု ဆို ကြ ပြီး မှ၊
  • 53 ထို သူ အ ပေါင်း တို့ သည် မိ မိ တို့ အိမ် သို့ သွား ကြ ၏။
回到本卷目录 回到本版本目录 回到首页