ရှင်ယောဟန်-10

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ငါ အ မှန် အ ကန် ဆို သည် ကား၊ သိုး ခြံ ထဲ သို့ တံ ခါး ဝ ဖြင့် မ ဝင် အ ခြား လမ်း ဖြင့် ကျော် ဝင် သော သူ သည် သူ ခိုး ထား ပြ ဖြစ် ၏။
  • 2 သိုး ထိန်း မူ ကား၊ တံ ခါး ဝ ဖြင့် ဝင် တတ် ၏။
  • 3 ထို သူ အား တံ ခါး စောင့် လည်း ဖွင့် တတ် ၏။ သူ ၏ စ ကား သံ ကို သိုး တို့ သည် နား ထောင် တတ် ကြ ၏။ သူ သည် မိ မိ သိုး တို့ ကို နာ မည် ဖြင့် ခေါ် ၍ ပြင် သို့ ထုတ် ဆောင် တတ် ၏။
  • 4 သိုး များ ကို ထုတ် သော အ ခါ သိုး တို့ ရှေ့ မှာ သွား ၍ သိုး များ သည် သူ ၏ စ ကား သံ ကို ကျွမ်း သော ကြောင့် လိုက် တတ် ကြ ၏။
  • 5 မ ဆိုင် သော သူ တို့ ၏ စ ကား သံ ကို မ ကျွမ်း သော ကြောင့်၊ မ ဆိုင် သော သူ နောက် သို့ မ လိုက် ဘဲ ပြေး တတ် ကြ သည် ဟု မိန့် တော် မူ ၏။
  • 6 ထို ဥ ပ မာ ပုံ ကို ယေ ရှု ဟော တော် မူ သည် တွင်၊ ပ ရိ သတ် တို့ သည် မိန့် တော် မူ သော စ ကား တော် ၏ အ နက် အ ဓိပ္ပါယ် ကို နား မ လည် ကြ။
  • 7 ထို ကြောင့် တ ဖန် ယေ ရှု က၊ ငါ အ မှန် အ ကန် ဆို သည် ကား၊ ငါ သည် သိုး ဝင် သော တံ ခါး ဝ ဖြစ် ၏။
  • 8 ငါ့ ရှေ့ ၌ ပေါ် လာ သော သူ ရှိ သ မျှ တို့ သည် သူ ခိုး ထား ပြ ဖြစ် ကြ ၏။ ထို သူ တို့ ၏ စ ကား သံ ကို သိုး တို့ သည် နား မ ထောင် ကြ။
  • 9 ငါ သည် တံ ခါး ဝ ဖြစ် ၏။ ငါ ဖြင့် ဝင် သော သူ သည် ဘေး နှင့် ကင်း လွတ် လျက် ထွက် ဝင် ၍ ကျက် စား ရာ ကို တွေ့ ရ လိမ့် မည်။
  • 10 သူ ခိုး သည် ခိုး ခြင်း၊ သတ် ခြင်း၊ ဖျက် ဆီး ခြင်း ငှါ သာ လာ တတ် ၏။ ငါ မူ ကား၊ သိုး တို့ သည် အ သက် လွတ် ရုံ မျှ မ က အ ထူး သ ဖြင့် အ သက် နှင့် ပြည့် စုံ စေ ခြင်း ငှါ လာ သ တည်း။
  • 11 ငါ သည် ကောင်း သော သိုး ထိန်း လည်း ဖြစ် ၏။ ကောင်း သော သိုး ထိန်း သည် သိုး တို့ အ ဘို့ အ လို ငှါ မိ မိ အ သက် ကို စွန့် တတ် ၏။
  • 12 သိုး များ ကို ပိုင် သော သိုး ထိန်း မ ဟုတ်၊ သူ ငှါး ဖြစ် သော သူ မူ ကား၊ တော ခွေး လာ သည် ကို မြင် လျှင်၊ သိုး တို့ ကို ပစ် ထား ၍ ထွက် ပြေး တတ် ၏။ တော ခွေး သည် လည်း သိုး တို့ ကို လု ယက် ၍ ကွဲ လွင့် စေ ၏။
  • 13 သူ ငှါး သည် သူ ငှါး ဖြစ် ၍ သိုး တို့ ၏ အ ကျိုး ကို မ မှတ် သော ကြောင့် ထွက် ပြေး တတ် ၏။
  • 14 ငါ သည် ကောင်း သော သိုး ထိန်း ဖြစ် ၏။ ခ မည်း တော် သည် ငါ့ ကို သိ တော် မူ ၍၊ ငါ သည် လည်း ခ မည်း တော် ကို သိ သ ကဲ့ သို့ ငါ ၏ သိုး တို့ ကို ငါ သိ ၏။ ငါ့ သိုး တို့ သည် လည်း ငါ့ ကို သိ ကြ ၏။
  • 15 ငါ သည် ကိုယ် အ သက် ကို သိုး တို့ အ ဘို့ အ လို ငှါ စွန့် ၏။
  • 16 ဤ သိုး ခြံ သို့ မ ဝင် သော အ ခြား သိုး တို့ ကို လည်း ငါ ပိုင် သေး ၏။ ထို သိုး တို့ ကို ငါ ဆောင် ခဲ့ ရ မည်။ သူ တို့ သည် လည်း ငါ့ စ ကား သံ ကို နား ထောင် သ ဖြင့်၊ သိုး ခြံ တ ခု သိုး ထိန်း တ ပါး တည်း ရှိ ရ လိမ့် မည်။
  • 17 ငါ သည် ကိုယ် အ သက် ကို စွန့် ၍ နောက် တ ဖန် ယူ ဦး မည် ဖြစ် သော ကြောင့်၊ ငါ့ ခ မည်း တော် သည် ငါ့ ကို ချစ် တော် မူ ၏။
  • 18 ငါ့ အ သက် ကို အ ဘယ် သူ မျှ မ လု မ ယူ။ ကိုယ် အ လို အ လျောက် ငါ စွန့် ၏။ ကိုယ် အ သက် ကို စွန့် ရ သော အ ခွင့် နှင့် နောက် တ ဖန် ကိုယ် အ သက် ကို ယူ ပြန် ရ သော အ ခွင့် သည် ငါ ၌ ရှိ ၏။ ထို အ ခွင့် ကို ခ မည်း တော် သည် ပေး တော် မူ ပြီ ဟု မိန့် တော် မူ ၏။
  • 19 ထို စ ကား တော် ကြောင့် ယု ဒ လူ တို့ သည် တ ဖန် ကွဲ ပြား ခြင်း ရှိ ကြ ၏။
  • 20 လူ များ တို့ က၊ သူ သည် နတ် ဆိုး စွဲ ၍ အ ရူး ဖြစ် ၏။ သူ့ စ ကား ကို အ ဘယ် ကြောင့် နား ထောင် သ နည်း ဟု ဆို ကြ ၏။
  • 21 အ ချို့ တို့ က၊ သူ့ စ ကား သည် နတ် ဆိုး စွဲ သော သူ ၏ စ ကား မ ဟုတ်။ နတ် ဆိုး သည် မျက် စိ ကန်း သော သူ တို့ ကို မြင် စေ ခြင်း ငှါ တတ် နိုင် သ လော ဟု ဆို ကြ ၏။
  • 22 ဆောင်း ကာ လ ဖြစ် ၍ အင်္ဂေ နိ ပွဲ ကို ယေ ရု ရှ လင် မြို့ ၌ ခံ ကြ သော အ ခါ၊
  • 23 ယေ ရှု သည် ဗိ မာန် တော် နား မှာ ရှော လ မုန် က နား ပြင် ၌ စင်္ကြံ သွား တော် မူ စဉ် တွင်၊
  • 24 ယု ဒ လူ တို့ သည် ကိုယ် တော် ကို ဝန်း ရံ ၍၊ သင် သည် အ ဘယ် မျှ ကာ လ ပတ် လုံး ငါ တို့ ကို ယုံ မှား စေ မည် နည်း။ ခ ရစ် တော် မှန် လျှင် အ တည့် အ လင်း ပြော ပါ ဟု ဆို ကြ ၏။
  • 25 ယေ ရှု က လည်း၊ ငါ ပြော ပြီ။ သင် တို့ သည် မ ယုံ ကြ။ ငါ့ ခ မည်း တော် ၏ အ ခွင့် နှင့် ငါ ပြု သော အ မှု တို့ သည် ငါ ၏ သက် သေ ဖြစ် ကြ ၏။
  • 26 သို့ သော် လည်း သင် တို့ သည် မ ယုံ ကြ။ အ ဘယ် ကြောင့် မ ယုံ ကြ သ နည်း ဟူ မူ ကား၊ သင် တို့ သည် ငါ့ သိုး တို့ အ ဝင် မ ဟုတ်။ အ ထက် က ငါ ပြော သည် အ တိုင်း၊
  • 27 ငါ့ သိုး တို့ သည် ငါ့ စ ကား သံ ကို နား ထောင် ၍ ငါ့ နောက် သို့ လိုက် ကြ ၏။ ထို သိုး တို့ ကို ငါ သိ ၏။
  • 28 ထာ ဝ ရ အ သက် ကို လည်း ငါ ပေး ၏။ ထို သိုး တို့ သည် ပျက် စီး ခြင်း နှင့် အ စဉ် မ ပြတ် ကင်း လွတ် ကြ လိမ့် မည်။ အ ဘယ် သူ မျှ ထို သိုး တို့ ကို ငါ့ လက် မှ မ နှုတ် မ ယူ ရာ။
  • 29 ထို သိုး တို့ ကို ငါ ၌ အပ် ပေး တော် မူ သော ငါ့ ခ မည်း တော် သည် ခပ် သိမ်း သော သူ တို့ ထက် ကြီး မြတ် တော် မူ သည် ဖြစ် ၍၊ အ ဘယ် သူ မျှ ထို သိုး တို့ ကို ငါ့ ခ မည်း တော် ၏ လက် မှ မ နှုတ် မ ယူ နိုင် ရာ။
  • 30 ငါ သည် ငါ့ ခ မည်း တော် နှင့် တ လုံး တ ဝ တည်း ဖြစ် သည် ဟု မိန့် တော် မူ ၏။
  • 31 ထို အ ခါ ယု ဒ လူ တို့ သည် ကိုယ် တော် ကို ခဲ နှင့် ပစ် ခြင်း ငှါ တ ဖန် ကျောက် ခဲ တို့ ကို ကောက် ယူ ကြ ၏။
  • 32 ယေ ရှု က လည်း၊ ငါ သည် ငါ့ ခ မည်း တော် ၏ အ ခွင့် နှင့် ကောင်း သော အ မှု အ များ တို့ ကို သင် တို့ အား ပြ ပြီ။ ထို အ မှု တို့ တွင် အ ဘယ် မည် သော အ မှု ကြောင့် ငါ့ ကို ခဲ နှင့် ပစ် ကြ မည် နည်း ဟု မေး တော် မူ လျှင်၊
  • 33 ယု ဒ လူ တို့ က၊ ကောင်း သော အ မှု ကြောင့် ခဲ နှင့် ပစ် မည် မ ဟုတ်။ သင် သည် လူ ဖြစ် လျက် ပင် ဘု ရား သ ခင် ဖြစ် ယောင် ဆောင် ၍ ဘု ရား သ ခင် ကို လွန် ကျူး သော စ ကား ကြောင့် ခဲ နှင့် ပစ် မည် ဟု ဆို ကြ ၏။
  • 34 ယေ ရှု က လည်း၊ သင် တို့ သည် ဘု ရား ဖြစ် ကြ ၏၊ ငါ ဆို သည် ဟု သင် တို့ ၏ ပ ညတ္တိ ကျမ်း စာ ၌ လာ သည် မ ဟုတ် လော။
  • 35 ဘု ရား သ ခင် ၏ ဗျာ ဒိတ် တော် ကို ခံ ရ သော သူ တို့ ကို ဘု ရား ဟူ ၍ ခေါ် ရ လျှင် ၎င်း၊ ကျမ်း စ ကား ကို မ ပယ် ရ လျှင် ၎င်း၊
  • 36 ခ မည်း တော် သည် သန့် ရှင်း စေ ၍၊ ဤ လော က သို့ စေ လွှတ် တော် မူ သော သူ က၊ ငါ သည် ဘု ရား သ ခင် ၏ သား တော် ဖြစ် သည် ဟု ဆို သော ကြောင့်၊ သင် သည် ဘု ရား သ ခင် ကို လွန် ကျူး ၍ ပြော သည် ဟု ထို သူ အား ဆို ရာ သ လော။
  • 37 ငါ သည် ငါ့ ခ မည်း တော် ၏ အ မှု တို့ ကို မ ပြု လျှင် ငါ့ ကို မ ယုံ ကြ နှင့်။
  • 38 ပြု လျှင် ငါ့ ကို မ ယုံ သော် လည်း ထို အ မှု တို့ ကို ယုံ ကြ လော့။ ထို သို့ ယုံ လျှင် ခ မည်း တော် သည် ငါ ၌ ရှိ တော် မူ သည် ကို ၎င်း၊ ငါ သည် ခ မည်း တော် ၌ ရှိ သည် ကို ၎င်း ယုံ ၍ သိ မှတ် ကြ လိမ့် မည် ဟု မိန့် တော် မူ ၏။
  • 39 ထို အ ခါ ကိုယ် တော် ကို ဘမ်း ဆီး ခြင်း ငှါ တ ဖန် ရှာ ကြံ ပြန် လျှင်၊ ထို သူ တို့ ၏ လက် မှ ထွက် ကြွ တော် မူ ၏။
  • 40 ယော ဟန် သည် ဗတ္တိ ဇံ ကို ရှေ့ ဦး စွာ ပေး ရာ အ ရပ်၊ ယော် ဒန် မြစ် တ ဘက် သို့ တ ဖန် ကြွ ၍ ထို အ ရပ် ၌ နေ တော် မူ ၏။
  • 41 လူ များ တို့ သည် အ ထံ တော် သို့ ရောက် လာ လျှင်၊ ယော ဟန် သည် နိ မိတ် လက္ခ ဏာ ကို မ ပြ။ သို့ သော် လည်း ဤ သူ ၏ အ ကြောင်း ကို ယော ဟန် ပြော သ မျှ မှန် ပေ ၏ ဟု ဆို ကြ သ ဖြင့်၊
  • 42 ထို အ ရပ် ၌ လူ များ တို့ သည် ကိုယ် တော် ကို ယုံ ကြည် ကြ ၏။
回到本卷目录 回到本版本目录 回到首页