1
ထို နောက် မှ ယေ ရှု သည် တိ ဗေ ရိ အိုင် တည်း ဟူ သော ဂါ လိ လဲ အိုင် ကို ကူး တော် မူ ၏။
2
အ နာ ရော ဂါ စွဲ သော သူ တို့ ၌ ပြ တော် မူ သော နိ မိတ် လက္ခ ဏာ တို့ ကို လူ အ စု အ ဝေး အ ပေါင်း တို့ သည် မြင် ကြ သ ဖြင့် နောက် တော် သို့ လိုက် ကြ ၏။
3
ယေ ရှု သည် တောင် ပေါ် သို့ တက် ကြွ ၍ တ ပည့် တော် တို့ နှင့် အ တူ ထိုင် တော် မူ ၏။
4
ထို အ ခါ ယု ဒ လူ တို့ ၏ ပ သ ခါ ပွဲ ခံ ချိန် ရောက် လု နီး သ တည်း။
5
ယေ ရှု သည် မျှော် ကြည့် ၍ လူ အ စု အ ဝေး အ ပေါင်း တို့ သည် အ ထံ တော် သို့ လာ ကြ သည် ကို မြင် တော် မူ လျှင်၊ ဖိ လိပ္ပု အား၊ ဤ သူ တို့ စား စ ရာ မုန့် ကို အ ဘယ် မှာ ဝယ် မည် နည်း ဟု မေး တော် မူ ၏။
6
ထို သို့ မေး တော် မူ သော်၊ မိ မိ အ ဘယ် သို့ ပြု မည် ကို သိ တော် မူ လျက် ပင် ဖိ လိပ္ပု ကို စုံ စမ်း ခြင်း ငှါ သာ မေး တော် မူ ၏။
7
ဖိ လိပ္ပု က လည်း၊ ဤ သူ တို့ သည် မုန့် တ ဖဲ့ စီ စေ့ င အောင် ဒေ နာ ရိ အ ပြား နှစ် ရာ အ ဘိုး ထိုက် သော မုန့် မ လောက် ပါ ဟု လျှောက် ၏။
8
ရှိ မုန် ပေ တ ရု ၏ ညီ အန္ဒြေ အ မည် ရှိ သော တ ပည့် တော် က၊
9
မု ယော မုန့် ငါး လုံး နှင့် ငါး က လေး နှစ် ကောင် ပါ သော သူ ငယ် တ ယောက် ရှိ ပါ ၏။ သို့ သော် လည်း ဤ မျှ လောက် များ စွာ သော လူ တို့ သည် ရှိ ကြ သည် ဖြစ် ၍၊ ထို မုန့် နှင့် ငါး နှစ် ကောင် တို့ ကို အ ဘယ် ပြော စ ရာ ရှိ ပါ သ နည်း ဟု လျှောက် ၏။
10
ယေ ရှု က လည်း၊ လူ များ တို့ ကို လျောင်း ကြ စေ ဟု မိန့် တော် မူ ၏။ ထို အ ရပ် ၌ မြက် ပင် ထူ ပြော လျက် ရှိ သည် ဖြစ် ၍၊ အ ရေ အ တွက် အား ဖြင့် ငါး ထောင် မျှ လောက် သော လူ တို့ သည် လျောင်း ကြ ၏။
11
ယေ ရှု သည် မုန့် ကို ယူ ၍ ကျေး ဇူး တော် ကို ချီး မွမ်း ပြီး မှ တ ပည့် တော် တို့ အား ဝေ ငှ တော် မူ ၍၊ တ ပည့် တော် တို့ သည် လျောင်း သော သူ တို့ အား ဝေ ငှ ပြန် ၏။ ထို နည်း တူ ငါး နှစ် ကောင် ကို လူ များ လို ချင် သ မျှ ဝေ ငှ ကြ ၏။
12
ထို သူ တို့ သည် ဝ ကြ ပြီး မှ ကိုယ် တော် က၊ ဘာ မျှ မ ပျောက် စေ ခြင်း ငှါ ကျန် ကြွင်း သော အ ကျိုး အ ပဲ့ တို့ ကို ကောက် သိမ်း ကြ လော့ ဟု တ ပည့် တော် တို့ အား မိန့် တော် မူ သည် ဖြစ် ၍၊
13
စား သော သူ တို့ ၌ ကျန် ကြွင်း သော မု ယော မုန့် ငါး လုံး ၏ အ ကျိုး အ ပဲ့ တို့ ကို ကောက် သိမ်း ၍ တ ဆယ် နှစ် တောင်း အ ပြည့် ရ ကြ ၏။
14
ထို သို့ ယေ ရှု ပြ တော် မူ သော နိ မိတ် လက္ခ ဏာ ကို ထို လူ များ တို့ သည် မြင် လျှင်၊ ဤ သူ ကား ဤ လော က သို့ ကြွ လာ ရ သော ပ ရော ဖက် အ မှန် ဖြစ် သည် ဟု ဆို ကြ ၏။
15
ထို သူ တို့ သည် ကိုယ် တော် ကို ရှင် ဘု ရင် အ ရာ ၌ ချီး မြှောက် ခြင်း ငှါ လာ ၍ အ နိုင် အ ထက် ပြု ကြ မည် အ ကြောင်း ကို ယေ ရှု သည် သိ တော် မူ လျှင်၊ တောင် ပေါ် သို့ တ ယောက် တည်း ကြွ တော် မူ ပြန် ၏။
16
ည အ ချိန် ရောက် သော အ ခါ တ ပည့် တော် တို့ သည် အိုင် သို့ သွား ၍ လှေ ထဲ သို့ ဝင် ပြီး လျှင်၊ က ပေ ရ နောင် မြို့ သို့ ရောက် အံ့ သော ငှါ အိုင် ကို ကူး ကြ ၏။
17
ထို အ ခါ မှောင် မိုက် ဖြစ် ၍ ယေ ရှု သည် သူ တို့ ရှိ ရာ သို့ မ ရောက် သေး။
18
လေ ပြင်း မုန် တိုင်း လာ ၍ လှိုင်း တံ ပိုး ထ လေ ၏။
19
ခ ရီး တ တိုင် ခွဲ နှစ် တိုင် လောက် တက် ခတ် ၍ ရောက် သော အ ခါ၊ ယေ ရှု သည် အိုင် ပေါ် မှာ စက် တော် ဖြန့် ၍ လှေ အ နီး သို့ ချဉ်း တော် မူ သည် ကို သူ တို့ သည် မြင် ၍ ကြောက် လန့် ခြင်း ရှိ ကြ ၏။
20
ကိုယ် တော် က လည်း၊ ငါ ပင် ဖြစ် သည်၊ မ ကြောက် လန့် ကြ နှင့် ဟု မိန့် တော် မူ လျှင်၊ လှေ ထဲ သို့ ကိုယ် တော် ကို ဝမ်း မြောက် စွာ ခံ ယူ ကြ ၏။
21
လှေ သည် လည်း ရောက် လို သော အ ရပ် သို့ တ ခ ဏ ခြင်း တွင် ဆိုက် လေ ၏။
22
အိုင် တ ဘက် ၌ နေ သော လူ အ စု အ ဝေး တို့ သည် ကား၊
23
အ ထက် က သ ခင် ဘု ရား သည် ကျေး ဇူး တော် ကို ချီး မွမ်း ပြီး မှ၊ လူ များ သည် မုန့် ကို စား ကြ ရာ အ ရပ် နှင့် အ နီး၊ တိ ဗေ ရိ မြို့ မှ အ ခြား သော လှေ ငယ် များ လာ သော် လည်း၊ မ နေ့ ၌ တ ပည့် တော် တို့ ဝင် သော လှေ မှ တ ပါး အ ဘယ် လှေ မျှ မ ရှိ သည် ကို ၎င်း၊ ယေ ရှု သည် ထို လှေ ထဲ သို့ တ ပည့် တော် တို့ နှင့် ဝင် တော် မ မူ ဘဲ လျက်၊ တ ပည့် တော် တို့ သာ သွား သည် ကို ၎င်း မြင် ကြ ၍၊
24
ထို အ ရပ် ၌ ယေ ရှု မှ စ သော တ ပည့် တော် တို့ မ ရှိ သည် ကို သိ ကြ သ ဖြင့်၊ နက် ဖြန် နေ့ ၌ လှေ စီး ၍ ယေ ရှု ကို ရှာ ခြင်း ငှါ က ပေ ရ နောင် မြို့ သို့ သွား ကြ ၏။
25
အိုင် တ ဘက် ၌ တွေ့ လျှင်၊ အ ရှင် ဘု ရား၊ အ ဘယ် သော အ ခါ ဤ အ ရပ် သို့ ကြွ လာ တော် မူ သ နည်း ဟု မေး လျှောက် ကြ ၏။
26
ယေ ရှု က လည်း၊ ငါ အ မှန် အ ကန် ဆို သည် ကား၊ သင် တို့ သည် နိ မိတ် လက္ခ ဏာ တို့ ကို မြင် သော ကြောင့် ငါ့ ကို ရှာ သည် မ ဟုတ်။
27
မုန့် ကို စား ၍ ဝ သော ကြောင့် သာ ရှာ ကြ ၏။ ပျက် စီး တတ် သော အ စာ ကို ရ ခြင်း ငှါ မ ကြိုး စား ကြ နှင့်။ လူ သား သည် သင် တို့ အား ပေး ၍ ထာ ဝ ရ အ သက် နှင့် အ မျှ တည် တတ် သော အ စာ ကို ရ ခြင်း ငှါ ကြိုး စား ကြ လော့။ ထို သား သည် ခ မည်း တော် ဘု ရား ၏ တံ ဆိပ် ခတ် ခြင်း ကို ခံ သော သူ ဖြစ် သည် ဟု မိန့် တော် မူ ၏။
28
ထို သူ တို့ က လည်း၊ ဘု ရား သ ခင် ၏ အ လို တော် နှင့် ညီ သော အ ကျင့် ကို ကျင့် ခြင်း ငှါ အ ဘယ် သို့ ပြု ရ ပါ မည် နည်း ဟု မေး လျှောက် ကြ ၏။
29
ယေ ရှု က လည်း၊ ဘု ရား သ ခင် စေ လွှတ် တော် မူ သော သူ ကို ယုံ ကြည် ခြင်း အ ကျင့် ကား၊ အ လို တော် နှင့် ညီ သော အ ကျင့် တည်း ဟု မိန့် တော် မူ ၏။
30
ထို သူ တို့ က လည်း၊ အ ကျွန်ုပ် တို့ သည် ကိုယ် မျက် စိ နှင့် မြင် ၍ ကိုယ် တော် ကို ယုံ ကြည် မည် အ ကြောင်း အ ဘယ် နိ မိတ် လက္ခ ဏာ ကို ပြ တော် မူ သ နည်း။ အ ဘယ် အ မှု ကို ပြု တော် မူ သ နည်း။
31
ကျမ်း စာ ၌ လာ သည် ကား၊ ထို သူ တို့ စား စ ရာ ဘို့ ကောင်း ကင် မှ မုန့် ကို ပေး တော် မူ သည် ဟု လာ သည် နှင့် အ ညီ၊ ငါ တို့ ဘိုး ဘေး များ သည် တော ၌ မန္န ကို စား ကြ သည် ဟု လျှောက် ကြ ၏။
32
ယေ ရှု က လည်း၊ ငါ အ မှန် အ ကန် ဆို သည် ကား၊ မော ရှေ သည် ကောင်း ကင် မုန့် ကို သင် တို့ အား မ ပေး။ ခ မည်း တော် သည် မှန် သော ကောင်း ကင် မုန့် ကို သင် တို့ အား ပေး တော် မူ ၏။
33
ဘု ရား သ ခင် ၏ မုန့် မူ ကား၊ ကောင်း ကင် မှ ဆင်း သက် ၍ လော ကီ သား တို့ အား အ သက် ကို ပေး သော မုန့် ပေ တည်း ဟု မိန့် တော် မူ လျှင်၊
34
သ ခင်၊ ထို မုန့် ကို အ ကျွန်ုပ် တို့ အား အ စဉ် မ ပြတ် ပေး တော် မူ ပါ ဟု လျှောက် ကြ ၏။
35
ယေ ရှု က လည်း၊ ငါ သည် အ သက် မုန့် ဖြစ် ၏။ ငါ့ ထံ သို့ လာ သော သူ သည် နောက် တ ဖန် အ ဆာ အ မွတ် မ ခံ ရ။ ငါ့ ကို ယုံ ကြည် သော သူ သည် နောက် တ ဖန် ရေ ငတ် မ ခံ ရ။
36
သို့ သော် လည်း သင် တို့ သည် ငါ့ ကို မြင် လျက် ပင် မ ယုံ ကြည် ကြ ဟု ငါ ဆို ခဲ့ ပြီ။
37
ခ မည်း တော် သည် ငါ့ အား ပေး တော် မူ သ မျှ သော သူ တို့ သည် ငါ့ ထံ သို့ လာ ကြ လိမ့် မည်။ ငါ့ ထံ သို့ လာ သော သူ ကို ငါ သည် အ လျှင်း မ ပယ်။
38
အ ကြောင်း မူ ကား၊ ငါ သည် ကိုယ် အ လို သို့ လိုက် ခြင်း ငှါ ကောင်း ကင် မှ ဆင်း သက် သည် မ ဟုတ်။ ငါ့ ကို စေ လွှတ် တော် မူ သော သူ ၏ အ လို တော် သို့ လိုက် ခြင်း ငှါ ဆင်း သက် ၏။
39
ငါ့ ကို စေ လွှတ် တော် မူ သော ခ မည်း တော် ၏ အ လို တော် ကား၊ ငါ့ အား ပေး သော သူ တို့ တွင် တ စုံ တ ယောက် ကို မျှ ငါ မ ပျောက် စေ ရ ဘဲ၊ နောက် ဆုံး သော နေ့ ၌ ထို သူ အ ပေါင်း တို့ ကို ထ မြောက် စေ ခြင်း ငှါ ၎င်း၊
40
သား တော် ကို ကြည့် မြင် ၍ ယုံ ကြည် သော သူ ရှိ သ မျှ တို့ သည် ထာ ဝ ရ အ သက် ကို ရ စေ ခြင်း ငှါ ၎င်း အ လို တော် ရှိ ၏။ ငါ သည် လည်း နောက် ဆုံး သော နေ့ ၌ ထို သူ တို့ ကို ထ မြောက် စေ မည် ဟု မိန့် တော် မူ ၏။
41
ငါ သည် ကောင်း ကင် မှ ဆင်း သက် သော မုန့် ဖြစ် ၏ ဟု မိန့် တော် မူ သည် ကို ယု ဒ လူ တို့ က၊
42
ဤ သူ သည် ယော သပ် ၏ သား ယေ ရှု ဖြစ် သည် မ ဟုတ် လော။ သူ ၏ မိ ဘ ကို ငါ တို့ သိ သည် မ ဟုတ် လော။ ငါ သည် ကောင်း ကင် မှ ဆင်း သက် ၏ ဟု သူ သည် အ ဘယ် သို့ ဆို ရ သ နည်း ဟု ကဲ့ ရဲ့ ပြစ် တင် လျက် ဆို ကြ ၏။
43
ယေ ရှု က လည်း၊ ငါ့ ကို အ ချင်း ချင်း ကဲ့ ရဲ့ ၍ အ ပြစ် မ တင် ကြ နှင့်။
44
ငါ့ ကို စေ လွှတ် တော် မူ သော ခ မည်း တော် သည် သွေး ဆောင် တော် မ မူ လျှင်၊ အ ဘယ် သူ မျှ ငါ့ ထံ သို့ မ လာ နိုင်။ လာ သော သူ ကို နောက် ဆုံး သော နေ့ ၌ ငါ ထ မြောက် စေ မည်။
45
အ နာ ဂတ္တိ ကျမ်း စာ ၌ လာ သည် ကား၊ ထို သူ အ ပေါင်း တို့ သည် ဘု ရား သ ခင် ဆုံး မ သွန် သင် တော် မူ သော သူ ဖြစ် ကြ လိမ့် မည် ဟု လာ သည် နှင့် အ ညီ၊ ခ မည်း တော် ထံ ၌ နား ထောင် ၌ နည်း ခံ သော သူ မှန် သ မျှ တို့ သည် ငါ့ ထံ သို့ လာ ကြ ၏။
46
ထို သို့ ငါ ဆို သော်၊ ဘု ရား သ ခင့် အ ထံ တော် က ကြွ လာ သော သူ မှ တ ပါး တ စုံ တ ယောက် သော သူ သည် ခ မည်း တော် ကို မြင် ခဲ့ ပြီ ဟု မ ဆို လို။ ကြွ လာ သော သူ မူ ကား၊ ခ မည်း တော် ကို မြင် ခဲ့ ပြီ။
47
ငါ အ မှန် အ ကန် ဆို သည် ကား၊ ငါ့ ကို ယုံ ကြည် သော သူ သည် ထာ ဝ ရ အ သက် ကို ရ ၏။
48
ငါ သည် အ သက် မုန့် ဖြစ် ၏။
49
သင် တို့ ဘိုး ဘေး များ သည် တော ၌ မန္န ကို စား လျက် သေ ရ ကြ ၏။
50
ကောင်း ကင် မှ ဆင်း သက် သော မုန့် ကို စား သော သူ သည် သေ ခြင်း နှင့် ကင်း လွတ် ၏။
51
ငါ သည် ကောင်း ကင် မှ ဆင်း သက် သော အ သက် မုန့် ဖြစ် ၏။ ဤ မုန့် ကို စား သော သူ မည် သည် ကား၊ အ စဉ် မ ပြတ် အ သက် ရှင် လိမ့် မည်။ ငါ ပေး သော မုန့် ကား၊ လော ကီ သား တို့ ၏ အ သက် အ ဘို့ အ လို ငှါ စွန့် သော ငါ ၏ အ သား ပေ တည်း ဟု မိန့် တော် မူ ၏။
52
ထို အ ခါ ယု ဒ လူ တို့ က၊ ဤ သူ သည် မိ မိ အ သား ကို ငါ တို့ စား စ ရာ ဘို့ အ ဘယ် သို့ ပေး နိုင် သ နည်း ဟု အ ချင်း ချင်း ငြင်း ခုံ ကြ ၏။
53
ယေ ရှု က လည်း၊ ငါ အ မှန် အ ကန် ဆို သည် ကား၊ လူ သား ၏ အ သား ကို မ စား၊ အ သွေး ကို မ သောက် လျှင် သင် တို့ ၌ အ သက် မ ရှိ။
54
ငါ ၏ အ သား ကို စား ၍ ငါ ၏ အ သွေး ကို လည်း သောက် သော သူ သည် ထာ ဝ ရ အ သက် ကို ရ ၏။ ထို သူ ကို နောက် ဆုံး သော နေ့ ၌ ငါ ထ မြောက် စေ မည်။
55
ငါ ၏ အ သား သည် စား စ ရာ ကောင်း ၏။ ငါ ၏ အ သွေး လည်း သောက် စ ရာ ကောင်း ၏။
56
ငါ ၏ အ သား အ သွေး ကို သောက် စား သော သူ သည် ငါ ၌ တည် ၏။ ထို သူ ၌ လည်း ငါ တည် ၏။
57
အ သက် ရှင် တော် မူ သော ခ မည်း တော် သည် ငါ့ ကို စေ လွှတ် တော် မူ ၍၊ ငါ သည် ခ မည်း တော် အား ဖြင့် အ သက် ရှင် သည် နည်း တူ၊ ငါ့ ကို စား သော သူ သည် ငါ့ အား ဖြင့် အ သက် ရှင် လိမ့် မည်။
58
ဤ မုန့် ကား၊ ကောင်း ကင် မှ ဆင်း သက် သော မုန့် ဖြစ် ၏။ သင် တို့ ဘိုး ဘေး များ သည် မန္န ကို စား လျက် သေ ရ သ ကဲ့ သို့ မ ဟုတ်။ ဤ မုန့် ကို စား သော သူ သည် အ စဉ် မ ပြတ် အ သက် ရှင် လိမ့် မည် ဟု၊
59
က ပေ ရ နောင် မြို့ မှာ တ ရား စ ရပ် ၌ ဩ ဝါ ဒ ပေး စဉ် တွင် မိန့် တော် မူ ၏။
60
တ ပည့် တော် အ များ တို့ သည် ကြား လျှင်၊ ထို စ ကား သည် အ လွန် ခက် လှ ၏။ အ ဘယ် သူ နား ခံ နိုင် မည် နည်း ဟု ဆို ကြ ၏။
61
ထို သို့ တ ပည့် တော် တို့ ကဲ့ ရဲ့ အ ပြစ် တင် သည် ကို ယေ ရှု သည် အ လို အ လျောက် သိ တော် မူ လျှင်၊ ဤ တ ရား စ ကား ကြောင့် သင် တို့ သည် စိတ် ပျက် ကြ သ လော။
62
လူ သား သည် အ ရင် နေ ရာ အ ရပ် သို့ တ ဖန် ကြွ တက် သည် ကို မြင် ရ လျှင် အ ဘယ် သို့ ထင် မှတ် ကြ မည် နည်း။
63
ဝိ ညာဉ် သာ လျှင် အ သက် ရှင် စေ ၏။ ကိုယ် ကာ ယ သည် အ လျှင်း မ တတ် နိုင်။ ငါ ပြော သော စ ကား သည် ဝိ ညာဉ် ဖြစ် ၏။ အ သက် လည်း ဖြစ် ၏။
64
သို့ သော် လည်း သင် တို့ တွင် မ ယုံ ကြည် သော သူ အ ချို့ ရှိ ၏။
65
ထို ကြောင့် ငါ ၏ ခ မည်း တော် သည် အ ခွင့် ပေး တော် မ မူ လျှင်၊ အ ဘယ် သူ မျှ ငါ့ ထံ သို့ မ လာ နိုင် ဟု အ ထက် က ငါ ဆို ခဲ့ ပြီ ဟု မိန့် တော် မူ ၏။ ထို သို့ မိန့် တော် မူ သည် အ ကြောင်း ဟူ မူ ကား၊ အ ဘယ် သူ မ ယုံ ကြည် သည် ကို ၎င်း၊ အ ဘယ် သူ သည် ကိုယ် တော် ကို အပ် နှံ မည် ကို ၎င်း၊ ယေ ရှု သည် အ စ အ ဦး ၌ သိ တော် မူ ၏။
66
ထို အ ခါ မှ စ ၍ တ ပည့် တော် အ များ တို့ သည် ကိုယ် တော် နှင့် မ ပေါင်း ဘော် ဘဲ ဆုတ် သွား ကြ ၏။
67
ထို ကြောင့် ယေ ရှု သည် တ ကျိပ် နှစ် ပါး သော သူ တို့ အား၊ သင် တို့ သည် လည်း ထွက် သွား ခြင်း ငှါ အ လို ရှိ ကြ သ လော ဟု မေး တော် မူ လျှင်၊
68
ရှိ မုန် ပေ တ ရု က၊ သ ခင်၊ အ ကျွန်ုပ် တို့ သည် အ ဘယ် သူ ထံ သို့ သွား ရ ပါ မည် နည်း။ ထာ ဝ ရ အ သက် နှင့် ယှဉ် သော စ ကား သည် ကိုယ် တော် ၌ တည် ပါ ၏။
69
ကိုယ် တော် သည် ခ ရစ် တော် တည်း ဟူ သော အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ၏ သား တော် ဖြစ် တော် မူ သည် ကို အ ကျွန်ုပ် တို့ ယုံ ကြည် သိ မှတ် ကြ ပါ သည် ဟု လျှောက် လေ ၏။
70
ယေ ရှု က လည်း၊ တ ကျိပ် နှစ် ပါး သော သင် တို့ ကို ငါ ရွေး ကောက် သည် မ ဟုတ် လော။ သို့ သော် လည်း သင် တို့ တွင် ရန် သူ တ ယောက် ပါ သည် ဟု မိန့် တော် မူ ၏။
71
ထို သို့ မိန့် တော် မူ သော်၊ တ ကျိပ် နှစ် ပါး အ ဝင် ဖြစ် ၍ ကိုယ် တော် ကို အပ် နှံ မည့် သူ၊ ရှိ မုန် ၏ သား ယု ဒ ရှ ကာ ရုတ် ကို ဆို လို သ တည်း။