1
ထို အ ခါ လူ အ ချို့ တို့ သည် လာ ၍၊ ပိ လတ် မင်း သည် ဂါ လိ လဲ လူ အ ချို့ တို့ ၏ အ သွေး ကို မိ မိ တို့ ပူ ဇော် သော ယဇ် ကောင် တို့ နှင့် ရော နှော ကြောင်း ကို လျှောက် ကြ လျှင်၊
2
ယေ ရှု က၊ ထို ဂါ လိ လဲ လူ တို့ သည် ထို သို့ ခံ ရ သော ကြောင့်၊ အ ခြား သော ဂါ လိ လဲ လူ အ ပေါင်း တို့ ထက် သာ ၍ အ ပြစ် ရှိ သည် ဟု ထင် ကြ သ လော။
3
သာ ၍ အ ပြစ် ရှိ သည် မ ဟုတ်။ သင် တို့ ရှိ သ မျှ သည် လည်း နောင် တ မ ရ လျှင် ပျက် စီး ခြင်း သို့ ရောက် ကြ လိမ့် မည် ဟု ငါ ဆို ၏။
4
ထို မှ တ ပါး၊ ရှိ လောင် ပြ အိုး လဲ ၍ ပိ သော သူ တ ကျိပ် ရှစ် ယောက် တို့ သည် ယေ ရု ရှ လင် မြို့ သား အ ပေါင်း တို့ ထက် သာ ၍ အ ပြစ် ရှိ သည် ဟု ထင် ကြ သ လော။
5
သာ ၍ အ ပြစ် ရှိ သည် မ ဟုတ်။ သင် တို့ ရှိ သ မျှ သည် လည်း နောင် တ မ ရ လျှင် ပျက် စီး ခြင်း သို့ ရောက် ကြ လိမ့် မည်၊ ငါ ဆို သည် ဟု မိန့် တော် မူ ၏။
6
တ ဖန် ဥ ပ မာ ကို မိန့် တော် မူ သည် ကား၊ လူ တ ယောက် သည် ဥ ယျာဉ် ၌ စိုက် သော သင်္ဘော သ ဖန်း ပင် တ ပင် ရှိ ၏။ ထို အ ပင် သို့ လာ ၍ အ သီး ကို ရှာ သော် လည်း မ တွေ့။
7
ထို အ ခါ ဥ ယျာဉ် စောင့် အား လည်း၊ သုံး နှစ် ပတ် လုံး ဤ သင်္ဘော သ ဖန်း ပင် သို့ ငါ လာ ၍ အ သီး ကို ရှာ သော် လည်း မ တွေ့ မ ရ။ ခုတ် ပစ် လော့။ အ ဘယ် ကြောင့် မြေ ကို နှောင့် ရှက် ရ သ နည်း ဟု အ မိန့် ရှိ သော်၊ ဥ ယျာဉ် စောင့် က၊ သ ခင်၊ ယ ခု နှစ် ရှိ ပါ စေ ဦး။
8
အ ကျွန်ုပ် သည် အ ပင် နား ပတ် လည် ကို တူး ဆွ ၍ နောက် ချေး ကို ဖို့ ပါ မည်။
9
အ သီး သီး ကောင်း သီး ပါ လိမ့် မည်။ သို့ မ ဟုတ် နောက် မှ ခုတ် ပစ် တော် မူ ပါ ဟု လျှောက် လေ သည် ဟု မိန့် တော် မူ ၏။
10
တ နေ့ သော ဥ ပုသ် နေ့ ၌ ယေ ရှု သည် တ ရား စ ရပ် တွင် ဆုံး မ ဩ ဝါ ဒ ပေး တော် မူ သော အ ခါ၊
11
တ ဆယ် ရှစ် နှစ် ပတ် လုံး နတ် စွဲ ၍ ရော ဂါ နှိပ် စက် ခြင်း ကို ခံ ရ သော မိန်း မ တ ယောက် ရှိ ၏။ ထို မိန်း မ သည် ကျော ကုန်း ၍ ကိုယ် ကို အ လျှင်း မ ဆန့် နိုင်။
12
ယေ ရှု သည် ထို မိန်း မ ကို မြင် တော် မူ လျှင် အ ထံ တော် သို့ ခေါ် ၍၊ အ ချင်း မိန်း မ၊ သင် သည် အ နာ ရော ဂါ နှင့် လွတ် ၏ ဟု မိန့် တော် မူ လျက်၊
13
သူ့ အ ပေါ် မှာ လက် တော် ကို တင် တော် မူ သ ဖြင့်၊ သူ သည် ချက် ခြင်း တည့် မတ် ခြင်း သို့ ရောက် ၍ ဘု ရား သ ခင် ၏ ဂုဏ် တော် ကို ချီး မွမ်း လေ ၏။
14
ထို သို့ ဥ ပုသ် နေ့ ၌ ယေ ရှု သည် အ နာ ရော ဂါ ကို ငြိမ်း စေ တော် မူ သော ကြောင့် တ ရား စ ရပ် မှူး သည် အ မျက် ထွက် ၍၊ အ လုပ် လုပ် ရ သော နေ့ ရက် ခြောက် ရက် ရှိ ၏။ ထို နေ့ ရက် တွင် လာ ၍ အ နာ ရော ဂါ ငြိမ်း စေ ခြင်း ကျေး ဇူး ကို ခံ ကြ လော့။ ဥ ပုသ် နေ့ ၌ မ လာ မ ခံ ကြ နှင့် ဟု ပ ရိ သတ် တို့ အား ဆို ၏။
15
သ ခင် ဘု ရား က လည်း၊ လျှို့ ဝှက် သော သူ၊ သင် တို့ ရှိ သ မျှ သည် ဥ ပုသ် နေ့ ၌ မြင်း၊ နွား ကို တင်း ကုပ် မှ လွှတ် ၍ ရေ တိုက် ခြင်း ငှါ ဆောင် သွား တတ် သည် မ ဟုတ် လော။
16
တ ဆယ် ရှစ် နှစ် ပတ် လုံး စာ တန် ချည် နှောင် သော အာ ဗြ ဟံ ၏ သ မီး ဖြစ် သော ဤ မိန်း မ ကို ဤ ချည် နှောင် ခြင်း မှ ဥ ပုသ် နေ့ ၌ မ လွှတ် ရ သ လော ဟု မိန့် တော် မူ ၏။
17
ထို သို့ မိန့် တော် မူ ပြီး မှ ရန် ဘက် နေ သော သူ အ ပေါင်း တို့ သည် ရှက် ကြောက် ခြင်း ရှိ ၍၊ ပြု တော် မူ သော အံ့ ဩ ဘွယ် အ မှု များ တို့ ကို လူ အ ပေါင်း တို့ သည် နှစ် သက် ဝမ်း မြောက် ကြ ၏။
18
တ ဖန် မိန့် တော် မူ သည် ကား၊ ဘု ရား သ ခင် ၏ နိုင် ငံ တော် သည် အ ဘယ် အ ရာ နှင့် တူ သ နည်း။ အ ဘယ် သို့ ပုံ ပြ ရ အံ့ နည်း။
19
လူ သည် ယူ ၍ ဥ ယျာဉ် ၌ စိုက် သော မုန် ညင်း စေ့ နှင့် တူ ၏။ ထို အ စေ့ သည် ကြီး ပွါး ၍ အ ပင် ကြီး ဖြစ် ၏။ မိုဃ်း ကောင်း ကင် ငှက် တို့ သည် လည်း အ ကိုင်း အ ခက် တို့ ၌ နား နေ မှီ ခို ကြ သည် ဟု မိန့် တော် မူ ၏။
20
တ ဖန် မိန့် တော် မူ သည် ကား၊ ဘု ရား သ ခင် ၏ နိုင် ငံ တော် ကို အ ဘယ် သို့ ပုံ ပြ ရ အံ့ နည်း။
21
မိန်း မ သည် တ ဆေး ကို ယူ ၍ မုန့် ညက် သုံး တင်း ၌ ထည့် သ ဖြင့်၊ မုန့် ညက် ရှိ သ မျှ ကို ဖောင်း ကြွ စေ တတ် သော တ ဆေး နှင့် တူ သည် ဟု မိန့် တော် မူ ၏။
22
ထို အ ခါ ယေ ရှု သည် မြို့ ရွာ တို့ ကို ဒေ သ စာ ရီ လှည့် လည် လျက်၊ ဆုံး မ ဩ ဝါ ဒ ပေး လျက်၊ ယေ ရု ရှ လင် မြို့ သို့ ခ ရီး သွား တော် မူ ၏။
23
လူ တ ဦး က လည်း၊ သ ခင်၊ ကယ် တင် ခြင်း သို့ ရောက် သော သူ တို့ သည် များ သ လော၊ နည်း သ လော ဟု မေး လျှောက် လျှင်၊
24
ကျဉ်း မြောင်း သော တံ ခါး ဝ ကို ဝင် ခြင်း ငှါ ကြိုး စား အား ထုတ် ကြ လော့။ အ ကြောင်း မူ ကား၊ အ များ သော သူ တို့ သည် ဝင် ခြင်း ငှါ အ လို ရှိ သော် လည်း မ စွမ်း နိုင် ကြ ဟု ငါ ဆို ၏။
25
အိမ် ရှင် သည် တ ခါ ထ ၍ တံ ခါး ကို ပိတ် ပြီး မှ၊ သင် တို့ သည် ပြင် ၌ ရပ် ၍ တံ ခါး ကို ခေါက် လျက်၊ သ ခင်၊ သ ခင်၊ အ ကျွန်ုပ် တို့ အား ဖွင့် ပါ ဟု တောင်း လျှောက် သော် လည်း၊ သ ခင် က၊ သင် တို့ သည် အ ဘယ် က လာ သည် ကို ငါ မ သိ ဟု ပြန် ပြော လိမ့် မည်။
26
ထို အ ခါ သင် တို့ က လည်း၊ အ ကျွန်ုပ် တို့ သည် အ ထံ တော် ၌ စား သောက် ပါ ပြီ။ အ ကျွန်ုပ် တို့ နေ သော မြို့ ရွာ ၌ ကိုယ် တော် သည် ဆုံး မ ဩ ဝါ ဒ ပေး တော် မူ ပြီ ဟု လျှောက် ပြန် သော် လည်း၊
27
သ ခင် က၊ သင် တို့ သည် အ ဘယ် က လာ သည် ကို ငါ မ သိ ဟု ငါ ဆို ပြီ။ မ တ ရား သော အ မှု ကို ပြု သော သူ အ ပေါင်း တို့၊ ငါ့ ထံ မှ ဖယ် သွား ကြ ဟု ပြော လိမ့် မည်။
28
ထို အ ခါ အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် မှ စ သော ပ ရော ဖက် အ ပေါင်း တို့ သည် ဘု ရား သ ခင် ၏ နိုင် ငံ တော် ထဲ သို့ ဝင် ၍၊ သင် တို့ သည် ပြင် သို့ နှင် ထုတ် ခြင်း ကို ခံ ရ သော အ ခါ ငို ကြွေး ခြင်း၊ အံ သွား ခဲ ကြိတ် ခြင်း ရှိ လ တံ့။
29
ထို အ ခါ အ ရှေ့ အ နောက် တောင် မြောက် အ ရပ် လေး မျက် နှာ က လာ ၍ ဘု ရား သ ခင် ၏ နိုင် ငံ ထဲ တွင် လျောင်း ရ ကြ လ တံ့။
30
နောက် ကျ သော သူ အ ချို့ တို့ သည် အ ရင် ကျ ကြ လိမ့် မည်။ အ ရင် ကျ သော သူ အ ချို့ တို့ သည် နောက် ကျ ကြ လိမ့် မည် ဟု မိန့် တော် မူ ၏။
31
ထို အ ခါ ဖာ ရိ ရှဲ အ ချို့ တို့ သည် အ ထံ တော် သို့ လာ ၍၊ ဤ အ ရပ် မှ ထွက် သွား ပါ။ ဟေ ရုဒ် မင်း သည် ကိုယ် တော် ကို သတ် မည် အ ကြံ ရှိ ပါ သည် ဟု လျှောက် ကြ လျှင်၊ ကိုယ် တော် က၊ သင် တို့ သွား ကြ လော့။
32
ယ ခု နေ့ နှင့် နက် ဖြန် နေ့ ၌ နတ် ဆိုး တို့ ကို နှင် ထုတ် ၍ အ နာ ရော ဂါ ကို ငြိမ်း စေ ၏။ သုံး ရက် မြေက် သော နေ့ ၌ စုံ လင် ခြင်း သို့ ရောက် မည် အ ရာ ကို ထို မြေ ခွေး အား ပြော ကြ လော့။
33
သို့ သော် လည်း ယ ခု နေ့၊ နက် ဖြန် နေ့၊ သန် ဘက် နေ့ ၌ ငါ သွား ရ သေး ၏။ အ ကြောင်း မူ ကား၊ ယေ ရု ရှ လင် မြို့ မှ တ ပါး အ ခြား သော အ ရပ် ၌ အ ဘယ် ပ ရော ဖက် မျှ မ ဆုံး ရာ။
34
အို ယေ ရု ရှ လင် မြို့၊ ယေ ရု ရှ လင် မြို့၊ သင် သည် ပ ရော ဖက် တို့ ကို သတ် မြဲ ရှိ ၏။ သင် ရှိ ရာ သို့ စေ လွှတ် သော သူ တို့ ကို လည်း ကျောက် ခဲ နှင့် ပစ် မြဲ ရှိ ၏။ ကြက် မ သည် မိ မိ သား ငယ် တို့ ကို အ တောင် အောက် ၌ စု ရုံး သ ကဲ့ သို့ သင် ၏ သား တို့ ကို စု ရုံး စေ ခြင်း ငှါ ကြိမ် ဖန် များ စွာ ငါ အ လို ရှိ ၏။ သင် မူ ကား အ လို မ ရှိ။
35
သင် တို့ နေ သော အိမ် သည် သင် တို့ ၌ လူ ဆိတ် ညံ လျက် ကျန် ရစ် ရ ၏။ ငါ ဆို သည် ကား၊ ထာ ဝ ရ ဘု ရား ၏ အ ခွင့် နှင့် ကြွ လာ သော သူ သည် မင်္ဂ လာ ရှိ စေ သော ဟု သင် တို့ မ ပြော မှီ တိုင် အောင် ယ ခု မှ စ ၍ သင် တို့ သည် ငါ့ မျက် နှာ ကို မ မြင် ရ ကြ ဟု မိန့် တော် မူ ၏။