ယေ​ဇ​ကျေ​လ-30

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 တ ဖန် ထာ ဝ ရ ဘု ရား ၏ နှုတ် က ပတ် တော် သည် ငါ့ ဆီ သို့ ရောက် လာ ၍၊
  • 2 အ ချင်း လူ သား၊ သင် သည် ပ ရော ဖက် ပြု လျက်၊ အ ရှင် ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် ကို ဆင့် ဆို ရ မည် မှာ၊ ရောက် ရ သော နေ့ သည် အ မင်္ဂ လာ ရှိ သည် ဟု အော် ဟစ် ကြ လော့။
  • 3 ထို နေ့ နီး ပြီ။ ထာ ဝ ရ ဘု ရား ၏ နေ့၊ မိုဃ်း အုံ့ သော နေ့၊ တ ပါး အ မျိုး သား ဘို့ ချိန်း ချက် သော အ ချိန် နီး ပြီ။
  • 4 ထား ဘေး သည် အဲ ဂုတ္တု ပြည် သို့ ရောက် သ ဖြင့်၊ သူ ရဲ တို့ သည် လဲ ၍ သေ ကြ သော အ ခါ၊ အဲ သ ယော ပိ ပြည် သည် ပူ ပန် လိမ့် မည်။ အ လုံး အ ရင်း ကို ပယ် ရှား ၍ မူ လ အ မြစ် ကို ဖြို ဖျက် ကြ လိမ့် မည်။
  • 5 အဲ သ ယော ပိ ပြည် သား၊ ဖု တ ပြည် သား၊ လု ဒ ပြည် သား၊ အ မျိုး မ စစ် သော လူ ရှိ သ မျှ၊ ခု ဘ အ မျိုး သား၊ မိဿ ဟာ ယ ဖွဲ့ သော ပြည် သား တို့ သည်၊ အဲ ဂုတ္တု ပြည် သား တို့ နှင့် တ ကွ ထား ဖြင့် လဲ ၍ သေ ကြ လိမ့် မည်။
  • 6 အဲ ဂုတ္တု ပြည် ကို ထောက် မ သော သူ တို့ သည် လဲ ၍ သေ ကြ သ ဖြင့်၊ အဲ ဂုတ္တု အ စွမ်း သတ္တိ ၏ ဂုဏ် အ သ ရေ သည် ဆုံး လိမ့် မည်။ မိ ဂ ဒေါ လ မြို့ မှ စ ၍ သု ဏေ မြို့ တိုင် အောင် အဲ ဂုတ္တု ပြည် သား တို့ သည် ထား ဖြင့် လဲ ၍ သေ ကြ လိမ့် မည် ဟု အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
  • 7 ပျက် စီး သော ပြည် တို့ တွင် ပျက် စီး လျက် ရှိ ကြ ၍၊ လူ ဆိတ် ညံ သော မြို့ တို့ တွင် အဲ ဂုတ္တု မြို့ တို့ သည် ပါ ဝင် ကြ လိမ့် မည်။
  • 8 ငါ သည် အဲ ဂုတ္တု ပြည် ၌ မီး ညှိ ၍ ထို ပြည် ကို မ စ သ မျှ သော သူ တို့ သည် ပျက် စီး ကြ သော အ ခါ၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း ကို သိ ရ ကြ လိမ့် မည်။
  • 9 ထို အ ခါ စိုး ရိမ် ခြင်း မ ရှိ သော အဲ သ ယော ပိ ပြည် သား တို့ ကို ကြောက် စေ ခြင်း ငှါ၊ ငါ စေ လွှတ် သော တ မန် တို့ သည် သင်္ဘော စီး ၍ သွား ကြ သ ဖြင့်၊ အဲ ဂုတ္တု ပြည် ၏ အ ချိန် ၌ သူ တို့ သည် လည်း အ လွန် ဆင်း ရဲ ခြင်း သို့ ရောက် ရ ကြ လိမ့် မည်။ ထို အ ချိန် လည်း နီး ပြီ ဟု မိန့် တော် မူ ၏။
  • 10 အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ဗာ ဗု လုန် ရှင် ဘု ရင် နေ ဗု ခဒ် နေ ဇာ အား ဖြင့် အဲ ဂုတ္တု ပြည် ၏ အ လုံး အ ရင်း ကို ငါ ဖြတ် မည်။
  • 11 ထို ရှင် ဘု ရင် နှင့် တ ကွ သူ ၏ လူ များ၊ ကြောက် မက် ဘွယ် သော လူ မျိုး များ တို့ သည် အဲ ဂုတ္တု ပြည် ကို ဖျက် ဆီး ခြင်း ငှါ လာ ၍၊ ထား ကိုင် လျက် တ ပြည် လုံး ကို သူ ရဲ တို့ နှင့် ပြည့် စေ ကြ လိမ့် မည်။
  • 12 မြစ် တို့ ကို ငါ ခန်း ခြောက် စေ ၍၊ အ ဓမ္မ လူ တို့ အား ပြည် ကို ရောင်း လိုက် မည်။ တ ကျွန်း တ နိုင် ငံ သား တို့ လက် ဖြင့် ပြည် နှင့် တ ကွ ပြည် ၌ ပါ သ မျှ ကို ငါ ဖျက် ဆီး မည်။ ငါ ထာ ဝ ရ ဘု ရား ပြော ပြီ။
  • 13 အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ရုပ် တု တို့ ကို ငါ ဖျက် ဆီး ၍၊ နော ဖ ပြည် ၌ ဆင်း တု တို့ ကို လည်း ပယ် ဖြတ် မည်။ နောက် တ ဖန် အဲ ဂုတ္တု မင်း မျိုး မ ရှိ ရ။ အဲ ဂုတ္တု ပြည် သည် ကြောက် ရွံ့ မည် အ ကြောင်း ကို ငါ ပြု မည်။
  • 14 ပါ သ ရု ပြည် ကို ငါ ဖျက် မည်။ ဇော န မြို့ ကို လည်း မီး ရှို့ မည်။ နော မြို့ ကို လည်း အ ပြစ် ဒဏ် စီ ရင် မည်။
  • 15 အဲ ဂုတ္တု ပြည် ၏ အ စွမ်း သတ္တိ ဖြစ် သော သိန် မြို့ အ ပေါ် သို့ ငါ သည် အ မျက် ကို သွန်း လောင်း ၍၊ နော မြို့ သား အ လုံး အ ရင်း ကို ပယ် ဖြတ် မည်။
  • 16 အဲ ဂုတ္တု ပြည် ၌ မီး ညှိ ၍ သိန် မြို့ သည် တုန် လှုပ် ခြင်း၊ နော မြို့ ရိုး သည် ပြို ပေါက် ခြင်း၊ နော ဖ မြို့ သည် နေ့ အ ချိန် ၌ ပင် စစ် တိုက် ခြင်း ကို ခံ ရ လိမ့် မည်။
  • 17 အာ ဝင် မြို့၊ ဖိ ဗေ သက် မြို့ သား လု လင် တို့ သည် ထား ဖြင့် လဲ ၍ သေ ကြ သ ဖြင့်၊ မိန်း မ တို့ သည် သိမ်း သွား ခြင်း ကို ခံ ရ ကြ လိမ့် မည်။
  • 18 တာ ပ နက် မြို့ ၌ အဲ ဂုတ္တု လှံ တံ တို့ ကို ငါ ချိုး ၍၊ သူ့ အ စွမ်း သတ္တိ ၏ ဂုဏ် အ သ ရေ ဆုံး သော အ ခါ နေ့ အ ချိန် ၌ အ လင်း ကွယ် လိမ့် မည်။ မိုဃ်း အုံ့ ၍ မြို့ သ မီး တို့ သည် သိမ်း သွား ခြင်း ကို ခံ ရ ကြ လိမ့် မည်။
  • 19 ထို သို့ အဲ ဂုတ္တု ပြည် ၌ ငါ သည် အ ပြစ် ဒဏ် စီ ရင် ၍၊ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း ကို သူ တို့ သိ ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ၏။
  • 20 သက္က ရာဇ် တ ဆယ် တ ခု၊ ပ ဌ မ လ ခု နစ် ရက် နေ့ တွင်၊ ထာ ဝ ရ ဘု ရား ၏ နှုတ် က ပတ် တော် သည် ငါ့ ဆီ သို့ ရောက် လာ ၍၊
  • 21 အ ချင်း လူ သား၊ အဲ ဂုတ္တု ရှင် ဘု ရင် ဖါ ရော မင်း ၏ လက် ရုံး ကို ငါ ချိုး ပြီ။ ဆေး ကု ၍ မ ထုပ် ရ။ ထား ကိုင် စေ ဘို့ ပ က တိ ခွန် အား ရှိ စေ ခြင်း ငှါ အ ဝတ် နှင့် မ စည်း ရ။
  • 22 ဤ အ မှု ၌ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ငါ သည် အဲ ဂုတ္တု ရှင် ဘု ရင် ဖါ ရော မင်း တ ဘက် ၌ နေ သ ဖြင့်၊ သူ ၏ လက် ရုံး တည်း ဟူ သော၊ ခိုင် မာ သော လက် ရုံး နှင့် အ ရင် ချိုး သော လက် ရုံး ကို ငါ ချိုး ၍ ထား ကို သူ့ လက် မှ ကျ စေ မည်။
  • 23 အဲ ဂုတ္တု လူ တို့ ကို အ တိုင်း တိုင်း အ ပြည် ပြည် တို့ တွင် ကွဲ ပြား ပြန့် လွင့် စေ မည်။
  • 24 ဗာ ဗု လုန် ရှင် ဘု ရင် ကို ငါ ခိုင် မာ စေ ၍၊ ငါ့ ထား ကို သူ့ လက် ၌ အပ် မည်။ ဖါ ရော မင်း ၏ လက် ရုံး တို့ ကို ငါ ချိုး သ ဖြင့်၊ သူ သည် အ သေ သတ် ခြင်း ကို ခံ ရ သော သူ အော် ဟစ် သ ကဲ့ သို့၊ ဗာ ဗု လုန် ရှင် ဘု ရင် ရှေ့ မှာ အော် ဟစ် ရ လိမ့် မည်။
  • 25 ဗာ ဗု လုန် ရှင် ဘု ရင် ၏ လက် ရုံး တို့ ကို ငါ ခိုင် မာ စေ မည်။ ဖါ ရော ဘု ရင် ၏ လက် မူ ကား၊ အောက် သို့ ကျ လိမ့် မည်။ ငါ့ ထား ကို ဗာ ဗု လုန် ရှင် ဘု ရင် လက် ၌ ငါ အပ် ၍၊ သူ သည် အဲ ဂုတ္တု ပြည် ကို ထို ထား နှင့် ခုတ် သော အ ခါ၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း ကို သူ တို့ သိ ရ ကြ လိမ့် မည်။
  • 26 ထို သို့ အဲ ဂုတ္တု လူ တို့ ကို အ တိုင်း တိုင်း အ ပြည် ပြည် တို့ ၌ ငါ ကွဲ ပြား ပြန့် လွင့် စေ မည်။ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း ကို သူ တို့ သိ ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ၏။
回到本卷目录 回到本版本目录 回到首页