ယေ​ဇ​ကျေ​လ-1

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 -
  • 2 သက္က ရာဇ် သုံး ဆယ် ပြည့်၊ ယေ ခေါ နိ မင်း ကြီး နန်း ကျ ပဉ္စ မ နှစ်၊ စ တုတ္ထ လ ငါး ရက် နေ့ ၌ ငါ သည် သိမ်း သွား သော သူ တို့ တွင် ခေ ဗာ မြစ် နား မှာ ရှိ နေ စဉ်၊ မိုဃ်း ကောင်း ကင် ပွင့် ၍ ဘု ရား သ ခင် ၏ ဗျာ ဒိတ် ရူ ပါ ရုံ တို့ ကို မြင် ရ ၏။
  • 3 ထို အ ခါ၊ ခါ လ ဒဲ ပြည်၊ ခေ ဗာ မြစ် နား မှာ ထာ ဝ ရ ဘု ရား ၏ နှုတ် က ပတ် တော် သည် ယဇ် ပု ရော ဟိတ် ဗု ဇိ သား ယေ ဇ ကျေ လ အ မည် ရှိ သော ငါ့ ဆီ သို့ ရောက် ၍၊ ထာ ဝ ရ ဘု ရား ၏ လက် တော် သည် ငါ့ အ ပေါ် မှာ တင် လျက် ရှိ ၏။
  • 4 ငါ ကြည့် ရှု ၍၊ ပြင်း စွာ သော လေ၊ ကြီး စွာ သော မိုဃ်း တိမ်၊ ထွန်း လင်း သော မီး စက် သည် မြောက် မျက် နှာ မှ ပေါ် လာ ၏။ မီး စက် ထဲ က ဟ ရှ မေ လ ရွှေ ရောင် ထွက် လေ ၏။
  • 5 ထို မီး စက် ထဲ မှာ သတ္တ ဝါ လေး ပါး တို့ သည် ထင် ရှား ကြ ၏။ ထို သတ္တ ဝါ တို့ ၏ အ ဆင်း သဏ္ဌာန် ဟူ မူ ကား၊ လူ ၏ ပုံ သဏ္ဌာန် ကို ဆောင် ၍၊
  • 6 မျက် နှာ လေး ခု စီ၊ အ တောင် လည်း လေး ခု စီ ရှိ ကြ ၏။
  • 7 ခြေ ထောက် သည် ဖြောင့် သော ခြေ ထောက် ဖြစ် ၏။ ခြေ ဘ ဝါး သည် နွား သ ငယ် ၏ ခြေ ဘ ဝါး ကဲ့ သို့ ဖြစ် ၍ ဦး သစ် သော ကြေး ဝါ ကဲ့ သို့ တောက် လေ ၏။ ကိုယ် လေး မျက် နှာ အ တောင် အောက် ၌ လူ လက် ရှိ ၏။
  • 8 ထို လေး ပါး တို့ သည် မျက် နှာ တို့ နှင့် ၎င်း၊ အ တောင် တို့ နှင့် ၎င်း ပြည့် စုံ ကြ ၏။
  • 9 အ တောင် ချင်း တ ခု နှင့် တ ခု စပ် လျက် ရှိ ၍၊ ထို သတ္တ ဝါ တို့ သွား သော အ ခါ တ ပါး မျှ မ လည် ဘဲ တည့် တည့် သွား တတ် ကြ ၏။
  • 10 မျက် နှာ အ ဆင်း သဏ္ဌာန် ဟူ မူ ကား၊ သတ္တ ဝါ လေး ပါး တို့ သည် လက်ျာ ဘက် ၌ လူ မျက် နှာ၊ ခြင်္သေ့ မျက် နှာ နှင့် ၎င်း၊ လက် ဝဲ ဘက် ၌ နွား မျက် နှာ၊ ရွှေ လင်း တ မျက် နှာ နှင့် ၎င်း ပြည့် စုံ ကြ ၏။
  • 11 အ တောင် များ တို့ သည် အ ထက် သို့ ပြန့် ၍၊ အ တောင် နှစ် ခု ချင်း စပ် လျက်၊ နှစ် ခု ဖြင့် ကိုယ် ကို ဖုံး လျက် ရှိ ကြ ၏။
  • 12 ထို သတ္တ ဝါ တို့ သည် ဝိ ညာဉ် တော် သွား ခွင့် ရှိ သည် အ တိုင်း သွား ကြ ၏။ သွား သော အ ခါ တ ပါး မျှ မ လည် ဘဲ တည့် တည့် သွား တတ် ကြ ၏။
  • 13 ထို သတ္တ ဝါ တို့ ၏ အ ဆင်း အ ရောင် သည် ကား၊ တောက် သော မီး ခဲ အ ရောင်၊ မီး ခွက် အ ရောင် နှင့် တူ ၏။ မီး သည် တောက် လျက် သတ္တ ဝါ တို့ တွင် အ နှံ့ အ ပြား လှည့် လည် ၍ မီး ထဲ က လျှပ် စစ် ပြက် လေ ၏။
  • 14 သတ္တ ဝါ တို့ သည် လည်း လျှပ် စစ် နွယ် ကဲ့ သို့ အ ရောင် တောက် ၍၊ ပြေး လျက် ပြန် လာ လျက် ရှိ ကြ ၏။
  • 15 ထို သတ္တ ဝါ တို့ ကို ငါ ကြည့် ရှု စဉ်၊ သူ တို့ အ နား မှာ လေး ပိုင်း ရှိ သော ရ ထား ဘီး တ ခု စီ ထင် ရှား ၏။
  • 16 ထို ရ ထား ဘီး တို့ ၏ အ ဆင်း အ ရောင် သည် ကား၊ ကျောက် မျက် ရွဲ အ ဆင်း အ ရောင် နှင့် တူ ၏။ ထို လေး ခု တို့ သည် အ ဆင်း အ ရောင် တ ညီ တည်း ရှိ ကြ ၏။ ပုံ သဏ္ဌာန် မူ ကား၊ ဘီး တ ခု အ ထဲ ၌ ဘီး တ ခု တပ် သ ကဲ့ သို့ ဖြစ် ၏။
  • 17 သွား သော အ ခါ ဘီး လေး မျက် နှာ တို့ သည် တ ညီ တည်း ဖြစ် ၍ မ လည် ဘဲ သွား တတ် ကြ ၏။
  • 18 ဘီး ဝန်း တို့ သည် လည်း မြင့် ၍ ကြောက် မက် ဘွယ် ဖြစ် ကြ ၏။ ထို လေး ပါး တို့ သည် မျက် စိ နှင့် ပြည့် ကြ ၏။
  • 19 သတ္တ ဝါ တို့ သည် သွား သော အ ခါ၊ ဘီး တို့ သည် လည်း ထက် ကြပ် ပါ ကြ ၏။
  • 20 သတ္တ ဝါ တို့ သည် မြေ ကြီး နှင့် ကွာ ၍ တက် သော အ ခါ၊ ဘီး တို့ သည် လည်း တက် ကြ ၏။ ဝိ ညာဉ် တော် သွား ခွင့် ရှိ သည် အ တိုင်း၊ သူ တို့ သည် လည်း သွား ကြ ၏။ ဘီး တို့ သည် လည်း သူ တို့ နှင့် ထက် ကြပ် တက် ၍ လိုက် ကြ ၏။ သတ္တ ဝါ တို့ ၏ ဝိ ညာဉ် သည် ဘီး တို့ ၌ ရှိ ၏။
  • 21 သူ တို့ သွား သော အ ခါ ဘီး တို့ သည် သွား ကြ ၏။ သူ တို့ ရပ် သော အ ခါ ဘီး တို့ သည် ရပ် ကြ ၏။ သူ တို့ သည် မြေ ကြီး နှင့် ကွာ ၍ တက် သော အ ခါ၊ ဘီး တို့ သည် လည်း သူ တို့ နှင့် ထက် ကြပ် တက် ၍ လိုက် ကြ ၏။ အ ကြောင်း မူ ကား၊ သတ္တ ဝါ တို့ ၏ ဝိ ညာဉ် သည် ဘီး တို့ ၌ ရှိ ၏။
  • 22 ထို သတ္တ ဝါ တို့ ၏ ခေါင်း များ အ ပေါ် မှာ မိုဃ်း မျက် နှာ ကြက် ၏ အ ဆင်း အ ရောင် သည် ရှိ ၍၊ ကြောက် မက် ဘွယ် သော ကျောက် သ လင်း မျက် နှာ ကြက် ကဲ့ သို့ ဖြစ် ၏။
  • 23 မိုဃ်း မျက် နှာ ကြက် အောက် မှာ သူ တို့ အ တောင် များ သည် တ ခု သို့ တ ခု တည့် တည့် ပြန့် လျက် ရှိ ၍၊ ပြင် ဘက် ၌ လည်း ကိုယ် ကို ဖုံး စ ရာ ဘို့ အ တောင် နှစ် ခု စီ ရှိ ၏။
  • 24 သူ တို့ သွား သော အ ခါ သ မုဒ္ဒ ရာ ရေ သံ ကဲ့ သို့ ၎င်း၊ အ နန္တ တန် ခိုး ရှင် ၏ အ သံ တော် ကဲ့ သို့ ၎င်း၊ အ တောင် တို့ မြည် သော အ သံ ကို ငါ ကြား ၏။ စ ကား သံ သည် လည်း လူ အ လုံး အ ရင်း ၏ စ ကား သံ ကဲ့ သို့ ဖြစ် ၏။ ရပ် သော အ ခါ အ တောင် တို့ ကို ချ လျက် နေ ကြ ၏။
  • 25 ရပ် ၍ အ တောင် တို့ ကို ချ သော အ ခါ၊ သူ တို့ ၏ ခေါင်း များ အ ပေါ် မှာ မိုဃ်း မျက် နှာ ကြက် ထဲ က စ ကား သံ သည် ထွက် ၏။
  • 26 သူ တို့ ၏ ခေါင်း များ အ ထက်၊ မိုဃ်း မျက် နှာ ကြက် အ ပေါ် ၌ လည်း နီ လာ ကျောက် ကဲ့ သို့ အ ဆင်း အ ရောင် ရှိ သော ရာ ဇ ပလ္လင် သဏ္ဌာန် ပေါ် ၏။ ပလ္လင် သဏ္ဌာန် အ ပေါ် ၌ လည်း လူ ပုံ သဏ္ဌာန် ကဲ့ သို့ ပေါ် ၏။
  • 27 ပလ္လင် အ တွင်း ၌ ၎င်း၊ ပတ် လည် ၌ ၎င်း၊ ခါး သဏ္ဌာန် မှ သည် အ ထက် ပိုင်း ၌ ဟ ရှ မေ လ ရွှေ အ ရောင် နှင့် မီး အ ရောင် ကဲ့ သို့ ထင် ရှား ၏။ အောက် ပိုင်း ၌ မီး အ ရောင် ကဲ့ သို့ ထင် ရှား ၍ ပတ် လည် ၌ ထွန်း တောက် လေ ၏။
  • 28 ထို သို့ ထွန်း တောက် သော အ ရောင် သည် မိုဃ်း ရွာ သော နေ့ တွင်၊ မိုဃ်း တိမ် ၌ ပေါ် သော သက် တံ့ ၏ အ ရောင် ကဲ့ သို့ ဖြစ် ၏။ ဤ ရွေ့ ကား၊ ထာ ဝ ရ ဘု ရား ၏ ဘုန်း တော် သဏ္ဌာန် အ ဆင်း အ ရောင် ဖြစ် သ တည်း။
回到本卷目录 回到本版本目录 回到首页