1
တ ဖန် ငါ ကြည့် ရှု ၍၊ ခေ ရု ဗိမ် ၏ ခေါင်း တို့ အ ထက် မိုဃ်း မျက် နှာ ကြက် ၌ နီ လာ ကျောက် ကဲ့ သို့၊ ရာ ဇ ပလ္လင် ၏ သဏ္ဌာန် အ ရောင် သည် ထင် ရှား ၏။
2
ပိတ် အ ဝတ် ကို ဝတ် သော သူ အား လည်း၊ ရ ထား ဘီး တို့ အ ကြား မှာ ခေ ရု ဗိမ် အောက် သို့ ဝင် လော့။ ခေ ရု ဗိမ် အ ကြား မှာ ရှိ သော မီး ခဲ တို့ ကို လက် နှစ် ဘက် နှင့် ကျုံး ပြီး လျှင်၊ မြို့ အ ပေါ် မှာ ဖြန့် ကြဲ လော့ ဟု မိန့် တော် မူ သည် အ တိုင်း၊ ထို သူ သည် ငါ့ မျက် မှောက် ၌ သွား ၏။
3
ဝင် သော အ ခါ ခေ ရု ဗိမ် တို့ သည် အိမ် တော် လက်ျာ ဘက် မှာ ရပ် ၍၊ အ တွင်း တန် တိုင်း သည် မိုဃ်း တိမ် နှင့် ပြည့် ၏။
4
ထာ ဝ ရ ဘု ရား ၏ ဘုန်း တော် သည် ခေ ရု ဗိမ် အ ပေါ် က အိမ် တော် တံ ခါး ခုံ အ ထက် သို့ တက် ရွှေ့ ၍၊ အိမ် တော် သည် မိုဃ်း တိမ် နှင့် ပြည့် ၏။ တန် တိုင်း သည် လည်း၊ ထာ ဝ ရ ဘု ရား ၏ ဘုန်း တော် အ ရောင် နှင့် ပြည့် ၏။
5
အ နန္တ တန် ခိုး ရှင် ဘု ရား သ ခင် မိန့် မြွက် တော် မူ သော အ သံ ကဲ့ သို့ ခေ ရု ဗိမ် အ တောင် တို့ ၏ အ သံ ကို ကြား ရ ၏။
6
ပိတ် အ ဝတ် ကို ဝတ် သော သူ အား လည်း၊ ရ ထား ဘီး အ ကြား ထဲ က မီး ကို ယူ လော့ ဟု မိန့် တော် မူ သော အ ခါ၊ ထို သူ သည် ဝင် ၍ ဘီး တို့ အ နား ၌ ရပ် နေ ၏။
7
ခေ ရု ဗိမ် တ ပါး သည် ခေ ရု ဗိမ် စု ထဲ က လက် ကို ဆန့် ၍၊ ခေ ရု ဗိမ် အ ကြား မှာ ရှိ သော မီး ကို ယူ ပြီး လျှင်၊ ပိတ် အ ဝတ် ကို ဝတ် သော သူ လက် ၌ ထည့် ၏။ ထို သူ လည်း ခံ ယူ ၍ ထွက် သွား ၏။
8
ခေ ရု ဗိမ် အ တောင် အောက် ၌ လူ လက် ကို လည်း ငါ မြင် ၏။
9
ငါ ကြည့် ရှု ၍၊ ခေ ရု ဗိမ် တို့ အ နား မှာ ရ ထား ဘီး တ ခု စီ ရှိ ၏။ ဘီး တို့ သည် ကျောက် မျက် ရွဲ ၏ အ ဆင်း အ ရောင် ရှိ ၏။
10
ဘီး လေး ခု တို့ သည် ပုံ သဏ္ဌာန် တ ညီ တည်း ရှိ ၍၊ ဘီး တ ခု အ ထဲ ၌ ဘီး တ ခု တပ် သ ကဲ့ သို့ ရှိ ကြ ၏။
11
သွား သော အ ခါ ဘီး လေး မျက် နှာ တ ညီ တည်း နေ ၍၊ မ လှည့် ဘဲ သွား တတ် ကြ ၏။ ခေါင်း မျက် နှာ ပြု သော ဘက် သို့ လိုက် ၍ မ လှည့် ဘဲ သွား ကြ ၏။
12
ဘီး လေး ခု နှင့် တ ကွ ခေ ရု ဗိမ် လေး ပါး တို့ သည် ကျော၊ လက်၊ အ တောင် မှ စ ၍ တ ကိုယ် လုံး ၌ မျက် စိ နှင့် ပြည့် ကြ ၏။
13
ထို ဘီး တို့ ကို စ ကြာ ဟူ သော အ မည် ဖြင့် သ မုတ် သည် ကို ငါ ကြား ၏။
14
ခေ ရု ဗိမ် တို့ သည် မျက် နှာ လေး ခု စီ ရှိ ၍၊ ပ ဌ မ မျက် နှာ သည် ခေ ရု ဗိမ် မျက် နှာ၊ ဒု တိ ယ မျက် နှာ သည် လူ မျက် နှာ၊ တ တိ ယ မျက် နှာ သည် ခြင်္သေ့ မျက် နှာ၊ စ တုတ္ထ မျက် နှာ သည် ရွှေ လင်း တ မျက် နှာ ဖြစ် ၏။
15
ထို ခေ ရု ဗိမ် တို့ သည် ချီ ကြွ လျက် ရှိ ကြ ၏။ ဤ သည် ကား၊ ခေ ဗာ မြစ် နား မှာ ငါ မြင် ဘူး သော သတ္တ ဝါ ပေ တည်း။
16
ခေ ရု ဗိမ် တို့ သည် သွား သော အ ခါ ဘီး တို့ သည် ထက် ကြပ် လိုက် ကြ ၏။ ခေ ရု ဗိမ် တို့ သည် မြေ ကြီး မှ တက် အံ့ သော ငှါ အ တောင် တို့ ကို ဖြန့် သော အ ခါ၊ ဘီး တို့ သည် မ ကွာ ဘဲ လိုက် ကြ ၏။
17
သူ တို့ ရပ် သော အ ခါ ဘီး တို့ သည် ရပ် ကြ ၏။ သူ တို့ သည် မြေ ကြီး နှင့် ကွာ ၍ တက် သော အ ခါ၊ ဘီး တို့ သည် လည်း ထက် ကြပ် လိုက် ၍ တက် ကြ ၏။ အ ကြောင်း မူ ကား၊ သတ္တ ဝါ ၏ ဝိ ညာဉ် သည် ဘီး တို့ ၌ ရှိ ၏။
18
ထို အ ခါ ထာ ဝ ရ ဘု ရား ၏ ဘုန်း တော် သည် အိမ် တော် တံ ခါး ခုံ မှ ရွှေ့ ၍ ခေ ရု ဗိမ် အ ပေါ် မှာ တည် လေ ၏။
19
ထို ခေ ရု ဗိမ် တို့ သည် ငါ့ မျက် မှောက် ၌ အ တောင် တို့ ကို ဖြန့် ပြီး လျှင်၊ မြေ ကြီး နှင့် ကွာ ၍ တက် ကြ ၏။ ပြင် သို့ ထွက် သော အ ခါ ဘီး တို့ သည် လိုက် ကြ ၏။ ထာ ဝ ရ ဘု ရား ၏ အိမ် တော် ရှေ့ တံ ခါး ဝ မှာ ရပ် ၍၊ ဣ သ ရေ လ အ မျိုး ၏ ဘု ရား သ ခင် ဘုန်း တော် သည် သူ တို့ အ ပေါ် မှာ တည် လျက် ရှိ ၏။
20
ဤ သည် ကား၊ ခေ ဗာ မြစ် နား မှာ ဣ သ ရေ လ အ မျိုး ၏ ဘု ရား သ ခင့် အောက် ၌ ငါ မြင် ဘူး သော သတ္တ ဝါ ပေ တည်း။ ခေ ရု ဗိမ် ဖြစ် သည် ကို လည်း ငါ သိ ၏။
21
သူ တို့ သည် မျက် နှာ လေး ခု စီ၊ အ တောင် လေး ခု စီ ရှိ ၍၊ အ တောင် အောက် ၌ လူ လက် သဏ္ဌာန် ရှိ ၏။
22
မျက် နှာ ပုံ ကား၊ ခေ ဗာ မြစ် နား မှာ ငါ မြင် ဘူး သော မျက် နှာ နှင့် တူ ၏။ ကိုယ် အ ဆင်း အ ရောင် လည်း တူ ၏။ ထို သူ လေး ပါး တို့ သည် တည့် တည့် သွား တတ် ကြ ၏။