သုတ္တံကျမ်း။-31

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 လေ မွေ လ မင်း ကြီး ၏ မယ် တော် သည် သား ကို ဆုံး မ သွန် သင် သော တ ရား စ ကား ဟူ မူ ကား၊
  • 2 ငါ့ သား အ ဘယ် သို့ နည်း။ ငါ ဘွား သော သား၊ အ ဘယ် သို့ နည်း။ ငါ ၏ သစ္စာ ဂ တိ နှင့် ဆိုင် သော သား အ ဘယ် သို့ နည်း ဟု မေး မြန်း သော်၊
  • 3 သင် ၏ အ စွမ်း သတ္တိ ကို မိန်း မ တို့ အား မ ပေး နှင့်။ ရှင် ဘု ရင် တို့ ကို ဖျက် ဆီး တတ် သော အ ရာ ၌ သင် ၏ အ ကျင့် အ ကြံ အ ပြု အ မူ တို့ ကို မ အပ် နှင့်။
  • 4 အို လေ မွေ လ၊ စ ပျစ် ရည် သောက် သော အ မှု နှင့် သေ ရည် သေ ရက် သောက် သော အ မှု သည် ရှင် ဘု ရင်၊ မင်း သား တို့ နှင့် မ တော် မ သင့်။
  • 5 သူ တို့ သည် သောက် လျက် တ ရား တော် ကို မေ့ လျော့ ၍၊ ဆင်း ရဲ သား အ မှု ကို မ တ ရား သ ဖြင့် စီ ရင် ဆုံး ဖြတ် မည် ဟု စိုး ရိမ် စ ရာ ရှိ ၏။
  • 6 ဆုံး လု သော သူ အား သေ ရည် သေ ရက် ကို ၎င်း၊ စိတ် ညစ် သော သူ အား စ ပျစ် ရည် ကို ၎င်း ပေး လော့။
  • 7 ထို သူ သည် သောက် ၍ မိ မိ ဒုက္ခ ဆင်း ရဲ ကို မ အောက် မေ့ ဘဲ မေ့ လျော့ ပါ စေ။
  • 8 ကိုး ကွယ် ရာ မ ရှိ သော သူ အ ပေါင်း တို့ ၏ အ မှု ကို စောင့် ခြင်း ငှါ၊ စ ကား အ သော သူ တို့ ဘက် မှာ နေ ၍ ပြော လော့။
  • 9 စ ကား ပြော လျက်၊ တ ရား သ ဖြင့် စီ ရင် လျက်၊ ဆင်း ရဲ ငတ် မွတ် သော သူ တို့ ၏ အ မှု ကို စောင့် လော့။
  • 10 သီ လ နှင့် ပြည့် စုံ သော မိန်း မ ကို အ ဘယ် သူ တွေ့ ရ သ နည်း။ ထို သို့ သော မိန်း မ သည် ပတ္တ မြား ထက် အ ဘိုး သာ ၍ ထိုက် ပေ ၏။
  • 11 သူ ၏ ခင် ပွန်း သည် သူ့ ကို ယုံ ၍၊ ဆင်း ရဲ ခြင်း နှင့် ကင်း လွတ် လိမ့် မည်။
  • 12 ထို မ ယား သည် မိ မိ ခင် ပွန်း အ ကျိုး ကို မ ဖျက်၊ တ သက် လုံး ပြု စု တတ် ၏။
  • 13 သိုး မွေး နှင့် ဝါ ကို ရှာ ၍၊ မိ မိ လက် နှင့် အ လို အ လျောက် လုပ် တတ် ၏။
  • 14 ကုန် သည် သင်္ဘော ကဲ့ သို့ ဖြစ် ၍၊ စား စ ရာ ကို ဝေး သော အ ရပ် မှ ဆောင် ခဲ့ တတ် ၏။
  • 15 မိုဃ်း မ လင်း မှီ ထ လျက်၊ အိမ် သူ အိမ် သား တို့ အား စား စ ရာ ကို ၎င်း၊ ကျွန် မ တို့ အား အ ငန်း အ တာ ကို ၎င်း ပေး ဝေ တတ် ၏။
  • 16 ကောင်း မွန် စွာ ဆင် ခြင် ၍၊ လယ် ကွက် ကို ဝယ် ယူ တတ် ၏။ ကိုယ် တိုင် လုပ် ၍ ရ သော ငွေ နှင့် စ ပျစ် ဥ ယျာဉ် ကို ပြု စု တတ် ၏။
  • 17 မိ မိ ခါး ကို ခွန် အား နှင့် စည်း ၍၊ မိ မိ လက် တို့ ကို သန် မြန် စေ တတ် ၏။
  • 18 မိ မိ လုပ် သော ဥစ္စာ ကောင်း သည် ကို ရိပ် မိ ၍၊ သူ ၏ မီး ခွက် သည် တ ည လုံး မ သေ တတ်။
  • 19 ချည် ဖြစ် စေ တတ် သော တန် ဆာ တို့ ကို ကိုယ် လက် နှင့် ကိုင် ၍ လုပ် ဆောင် တတ် ၏။
  • 20 ဆင်း ရဲ သော သူ တို့ အား လက် ကို ဖြန့် ၍၊ ငတ် မွတ် သော သူ တို့ အား လက် ရုံး ကို ဆန့် တတ် ၏။
  • 21 မိုဃ်း ပွင့် ကျ သော် လည်း၊ မိ မိ အိမ် သူ အိမ် သား တို့ အ တွက် မ စိုး ရိမ်။ အိမ် သူ အိမ် သား အ ပေါင်း တို့ သည် ကတ္တီ ပါ နီ ကို ဝတ် ကြ ၏။
  • 22 ကိုယ် အ ဘို့ စောင် တို့ ကို ရက် ၍၊ ပိတ် ချော နှင့် မောင်း သော အ ထည် ကို ဝတ် တတ် ၏။
  • 23 သူ ၏ ခင် ပွန်း သည် လည်း မြို့ တံ ခါး တို့ ၌ ပြည် သား အ သက် ကြီး သူ တို့ နှင့် ထိုင် ၍၊ ထင် ရှား သော သူ ဖြစ် ရ ၏။
  • 24 ချော သော အ ထည် အ လိပ် ကို ရက် ၍ ရောင်း တတ် ၏။ ခါး စည်း တို့ ကို လည်း ကုန် သည် ၌ ချ တတ် ၏။
  • 25 သူ လုပ် သော အ ထည် အ လိပ် သည် ခိုင် ခံ့ ၍၊ လှ သော အ ဆင်း နှင့် ပြည့် စုံ သ ဖြင့်၊ သူ သည် နောင် ကာ လ ၌ ဝမ်း မြောက် လိမ့် မည်။
  • 26 ပ ညာ စ ကား ကို ပြော တတ် ၍၊ မေတ္တာ တ ရား အား ဖြင့် နှုတ် မြွက် တတ် ၏။
  • 27 အိမ် သူ အိမ် သား ပြု မူ သ မျှ တို့ ကို ကြည့် ရှု တတ် ၏။ ပျင်း ရိ ခြင်း အ စာ ကို မ စား တတ်။
  • 28 သူ ၏ သား သ မီး တို့ သည် ထ ၍၊ အ မိ ကို ကောင်း ကြီး ပေး တတ် ကြ ၏။ သူ ၏ ခင် ပွန်း က လည်း၊
  • 29 လူ မျိုး သ မီး အ များ တို့ သည် ကောင်း မွန် စွာ ပြု ကြ ပြီ။ သို့ ရာ တွင်၊ သင် သည် ထို သူ အ ပေါင်း တို့ ကို လွန် ကဲ ပြီ ဟူ သူ့ ကို ချီး မွမ်း တတ် ၏။
  • 30 ယဉ် ကျေး သော အ ရာ သည် လှည့် စား ခြင်း နှင့် ယှဉ် တတ် ၏။ လှ သော အ ဆင်း သည် လည်း အ ချည်း နှီး ဖြစ် ၏။ ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ သော မိန်း မ မူ ကား၊ ချီး မွမ်း ခြင်း ကို ခံ ရ လိမ့် မည်။
  • 31 ထို သို့ သော မိန်း မ ကျင့် ရာ အ ကျိုး ကို ပေး လော့။ သူ ပြု သော အ မှု သည် မြို့ တံ ခါး တို့ ၌ သူ ၏ အ သ ရေ ကို ထင် ရှား စေ သ တည်း။ရှော လ မုန် မင်း ကြီး စီ ရင် ရေး ထား သော သုတ္တံ ကျမ်း ပြီး ၏။
回到本卷目录 回到本版本目录 回到首页