သုတ္တံကျမ်း။-23

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 မင်း နှင့် အ တူ ထိုင် ၍ စား သောက် သော အ ခါ သင့် ရှေ့ မှာ အ ဘယ် သူ ရှိ သည် ကို စေ့ စေ့ ဆင် ခြင် လော့။
  • 2 သင် သည် စား ကြူး တတ် သော သူ ဖြစ် လျှင်၊ သင် ၏ လည် ချောင်း ကို ထား နှင့် ရွယ် လော့။
  • 3 ထို မင်း ၏ ခဲ ဘွယ် စား ဘွယ် တို့ ကို အ လို မ ရှိ နှင့်။ လှည့် စား တတ် သော အ စာ ဖြစ် ၏။
  • 4 ငွေ ရ တတ် ခြင်း ငှါ မ ကြိုး စား နှင့်။ ကိုယ် ဉာဏ် ကို အ မှီ မ ပြု နှင့်။
  • 5 ပျောက် တတ် သော အ ရာ ကို စေ့ စေ့ မျက် မှောက် ပြု သင့် သ လော။ အ ကယ် စင် စစ် ရွှေ လင်း တ သည် မိုဃ်း ကောင်း ကင် သို့ ပျံ တတ် သ ကဲ့ သို့၊ ထို အ ရာ သည် အ တောင် တို့ ကို လုပ် ၍ ပျံ သွား တတ် ၏။
  • 6 မ နာ လို သော သူ ၏ အ စာ ကို မ စား နှင့်။ သူ ၏ ခဲ ဘွယ် စား ဘွယ် ကို အ လို မ ရှိ နှင့်။
  • 7 သူ သည် စိတ် ထင် သည် အ တိုင်း ဖြစ် ၏။ စား သောက် တော့ ဟု ဆို သော် လည်း စေ တ နာ စိတ် မ ရှိ။
  • 8 သင် သည် စား သော အ စာ ကို တ ဖန် အန် ရ လိမ့် မည်။ သင် ချို သော စ ကား လည်း ယို ယွင်း လိမ့် မည်။
  • 9 မိုက် သော သူ ကြား အောင် စ ကား မ ပြော နှင့်။ သင် ၏ စ ကား ၌ ပါ သော ပ ညာ ကို မ ထီ မဲ့ မြင် ပြု လိမ့် မည်။
  • 10 အ ရင် စိုက် သော မြေ မှတ် တိုင် ကို မ ရွှေ့ နှင့်။ မိ ဘ မ ရှိ သော သူ တို့ ၏ လယ် ကို မ သိမ်း နှင့်။
  • 11 အ ကြောင်း မူ ကား၊ ထို သူ တို့ ကို ရွေး တော် မူ သော သူ သည် တန် ခိုး ကြီး ၍၊ သင့် တ ဘက် ၌ သူ တို့ အ မှု ကို စောင့် တော် မူ လိမ့် မည်။
  • 12 ဆုံး မ ဩ ဝါ ဒ ၌ စိတ် နှ လုံး စွဲ လမ်း ၍၊ ပ ညာ အ တတ် စ ကား ကို နား ခံ လော့။
  • 13 သူ ငယ် ကို မ ဆုံး မ ဘဲ မ နေ နှင့်။ ကြိမ် လုံး နှင့် ရိုက် သော် လည်း သူ သည် မ သေ။
  • 14 ကြိမ် လုံး နှင့် ရိုက် ၍ သူ ၏ အ သက် ဝိ ညာဉ် ကို မ ရ ဏာ နိုင် ငံ မှ ကယ် နှုတ် ရ မည်။
  • 15 ငါ့ သား၊ သင့် နှ လုံး ၌ ပ ညာ ရှိ လျှင် ငါ့ နှ လုံး နှင့် ငါ ကိုယ် တိုင် သည် ဝမ်း မြောက် လိမ့် မည်။
  • 16 သင့် နှုတ် သည် မှန် သော စ ကား ကို ပြော သော အ ခါ၊ ငါ့ ကျောက် ကပ် ရွှင် လန်း လိမ့် မည်။
  • 17 အ ပြစ် ထင် ရှား သော သူ တို့ ကို ငြူ စူ သော စိတ် မ ရှိ စေ နှင့်။ တ နေ့ လုံး ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ သော သ ဘော ရှိ စေ လော့။
  • 18 အ ကယ် စင် စစ် အ မှု ဆုံး ဖြတ် ချိန် သည် ရောက် လိမ့် မည်။ သင့် မြော် လင့် ခြင်း အ ကြောင်း မ ပျက် ရာ။
  • 19 ငါ့ သား၊ ငါ့ စ ကား ကို နား ထောင် ၍ ပ ညာ ရှိ သ ဖြင့်၊ ကိုယ် စိတ် နှ လုံး ကို လမ်း မ ၌ ပဲ့ ပြင် လော့။
  • 20 စ ပျစ် ရည် သောက် ကြူး သော သူ၊ အ မဲ သား စား ကြူး သော သူ တို့ ကို အ ပေါင်း အ ဘော် မ လုပ် နှင့်။
  • 21 သောက် ကြူး သော သူ နှင့် စား ကြူး သော သူ သည် ဆင်း ရဲ ခြင်း သို့ ရောက် လိမ့် မည်။ အိပ် ကြူး သော သ ဘော သည် လူ ကို အ ဝတ် စုတ် နှင့် ခြုံ တတ် ၏။
  • 22 သင့် ကို ဖြစ် ဘွား စေ သော အ ဘ ၏ စ ကား ကို နား ထောင် လော့။ အ သက် ကြီး သော အ မိ ကို မ ထီ မဲ့ မြင် မ ပြု နှင့်။
  • 23 သမ္မာ တ ရား ကို ဝယ် လော့။ မ ရောင်း နှင့်။ ပ ညာ ကို ၎င်း၊ ဆုံး မ ဩ ဝါ ဒ ကို ၎င်း၊ ဉာဏ် သတ္တိ ကို ၎င်း ထို အ တူ ပြု လော့။
  • 24 ဖြောင့် မတ် သော သူ ၏ အ ဘ သည် အ လွန် ဝမ်း မြောက် လိမ့် မည်။ ပ ညာ ရှိ သော သား ကို ဖြစ် ဘွား စေ သော သူ သည် ထို သား ၌ အား ရ ဝမ်း မြောက် လိမ့် မည်။
  • 25 သင် ၏ မိ ဘ တို့ သည် ဝမ်း မြောက် ၍၊ သင့် ကို မွေး ဘွား သော သူ သည် ရွှင် လန်း လိမ့် မည်။
  • 26 ငါ့ သား၊ သင့် နှ လုံး ကို ငါ့ အား ပေး လော့။ သင့် မျက် စိ တို့ သည် ငါ သွား သော လမ်း ကို ကြည့် မှတ် ပါ စေ။
  • 27 ပြည် တန် ဆာ မ သည် နက် သော ကျုံး ကဲ့ သို့ ၎င်း၊ အ မျိုး ပျက် သော မိန်း မ သည် ကျဉ်း သော မြေ တွင်း ကဲ့ သို့ ၎င်း ဖြစ် ၏။
  • 28 သူ သည် ထား ပြ ကဲ့ သို့ ချောင်း ကြည့် တတ် ၏။ လွန် ကျူး သော ယောက်ျား များ ပြား စေ ခြင်း ငှါ ပြု တတ် ၏။
  • 29 အ ဘယ် သူ သည် ဝမ်း နည်း ခြင်း ရှိ သ နည်း။ အ ဘယ် သူ သည် ညည်း တွား ခြင်း ရှိ သ နည်း။ အ ဘယ် သူ သည် ရန် တွေ့ ခြင်း ရှိ သ နည်း။ အ ဘယ် သူ သည် မြည် တမ်း ခြင်း ရှိ သ နည်း။ အ ဘယ် သူ သည် အ ကျိုး အ ကြောင်း မ ရှိ၊ ထိ ခိုက် ၍ နာ ခြင်း ရှိ သ နည်း။ အ ဘယ် သူ သည် မျက် စိ နီ ခြင်း ရှိ သ နည်း ဟူ မူ ကား၊
  • 30 စ ပျစ် ရည် ကို ကြာ မြင့် စွာ သောက် လျက် နေ သော သူ၊ ဆေး နှင့် ရော သော စ ပျစ် ရည် ကို ရှာ တတ် သော သူ တို့ သည် ထို သို့ သော လက္ခ ဏာ ရှိ ကြ ၏။
  • 31 ဖ လား ၌ နီ လျက်၊ အ ရောင် တောက် လျက်၊ အ ချို အ မြိန် ဝင် လျက် ရှိ သော စ ပျစ် ရည် ကို မ ကြည့် မ ရှု နှင့်။
  • 32 နောက် ဆုံး ၌ မြွေ ကဲ့ သို့ ကိုက် တတ် ၏။ မြွေ ဆိုး ကဲ့ သို့ နာ စေ တတ် ၏။
  • 33 သင့် မျက် စိ တို့ သည် အ မျိုး ပျက် သော မိန်း မ တို့ ကို ကြည့် ရှု ၍၊ သင့် နှ လုံး သည် လည်း ကောက် သော စ ကား ကို မြွက် ဆို လိမ့် မည်။
  • 34 အ ကယ် စင် စစ် သင် သည် ပင် လယ် အ လယ် ၌ အိပ် သော သူ၊ သင်္ဘော ရွက် တိုင် ဖျား ပေါ် မှာ အိပ် သော သူ ကဲ့ သို့ ဖြစ် လိမ့် မည်။
  • 35 သူ တို့ သည် ငါ့ ကို ရိုက် ကြ ပြီ။ သို့ သော် လည်း ငါ မ နာ။ ငါ့ ကို ထိုး ကြ သော် လည်း ငါ မ သိ။ အ ဘယ် အ ချိန် မှ ငါ နိုး ရ မည် နည်း။ တ ဖန် ငါ ရှာ ဦး မည် ဟူ သင် ဆို လိမ့် သ တည်း။
回到本卷目录 回到本版本目录 回到首页