1
မ တ ရား သော သူ တို့ ကို မ ငြူ စူ နှင့်။ သူ တို့ နှင့် ပေါင်း ဘော် ခြင်း ငှါ အ လို မ ရှိ နှင့်။
2
သူ တို့ သည် ဖျက် ဆီး ခြင်း ငှါ နှ လုံး ကြံ စည် တတ် ၏။ နှုတ် နှင့် လည်း ဘေး ပြု မည် စ ကား ကို ပြော တတ် ၏။
3
ဉာဏ် ပ ညာ အား ဖြင့် အိမ် ကို တည် ဆောက် ၍ ခိုင် ခံ့ မြဲ မြံ စေ ရ ၏။
4
ပ ညာ အ တတ် အား ဖြင့် အ ခန်း များ တို့ သည် အ ဘိုး ထိုက် ၍၊ နှစ် သက် ဘွယ် သော ဥစ္စာ အ ပေါင်း တို့ နှင့် ပြည့် ရ ကြ ၏။
5
ပ ညာ ရှိ သော သူ သည် တန် ခိုး ရှိ ၏။ ပ ညာ အ တတ် နှင့် ပြည့် စုံ သော သူ သည် ခွန် အား တိုး ပွါး တတ် ၏။
6
ပ ညာ ရှိ တို့ နှင့် တိုင် ပင် ပြီး မှ စစ် မှု ကို ပြု ရ ၏။ အ ကြံ ပေး နိုင် သော သူ များ စွာ ရှိ လျှင်၊ ဘေး လွတ် တတ် ၏။
7
ပ ညာ မြင့် သော ကြောင့် မိုက် သော သူ မ မှီ နိုင်။ မြို့ တံ ခါး ဝ ၌ စ ကား မ ပြော ဝံ့။
8
မ ကောင်း သော အ မှု ကို ပြု ခြင်း ငှါ ကြံ စည် သော သူ ကို၊ ဘေး ပြု သော သူ ဟူ ၍ မှည့် ရ ၏။
9
မိုက် သော အ ကြံ အ စည် ၌ အ ပြစ် ပါ ၏။ မ ထီ မဲ့ မြင် ပြု သော သူ သည် လည်း၊ လူ စက် ဆုပ် ရွံ ရှာ ဘွယ် ဖြစ် ၏။
10
သင် သည် အ မှု ရောက် သော ကာ လ ၌ စိတ် ပျက် လျှင် အား နည်း ၏။
11
သင်္ချိုင်း သို့ ထုတ် ၍ အ သေ ခံ လု သော သူ တို့ ကို သင် သည် နှုတ် အံ့ သော ငှါ၊ အား မ ထုတ် ဘဲ နေ လျက်၊
12
ငါ တို့ မ သိ ဟု ဆို သော် လည်း၊ နှ လုံး သ ဘော ကို ဆင် ခြင် သော သူ သည် မ မှတ်၊ သင် ၏ စိတ် ဝိ ညာဉ် ကို စောင့် သော သူ သည် မ သိ ဘဲ၊ လူ အ သီး အ သီး တို့ အား သူ တို့ အ ကျင့် နှင့် အ လျောက်၊ အ ကျိုး အ ပြစ် ကို မ ဆပ် မ ပေး ဘဲ နေ တော် မူ မည် လော။
13
ငါ့ သား၊ ပျား ရည် ကောင်း သော ကြောင့် စား လော့။ ချို မြိန် သော ပျား လ ပို့ ကို လည်း စား လော့။
14
ထို အ တူ၊ သင် တွေ့ ရ သော ပ ညာ တ ရား သည် စိတ် ဝိ ညာဉ် ၌ အ ရ သာ နှင့် ပြည့် စုံ ၍၊ သင် သည် မြော် လင့် ခြင်း အ ကြောင်း မ ပျက်၊ ကောင်း သော အ ကျိုး ကို ခံ ရ လိမ့် မည်။
15
အို မ တ ရား သော သူ၊ ဖြောင့် မတ် သော သူ ၏ အိမ် ကို ချောင်း ၍ မ ကြည့် နှင့်။ သူ ၏ ငြိမ် ဝပ် ရာ အ ရပ် ကို မ ဖျက် နှင့်။
16
ဖြောင့် မတ် သော သူ သည် ခု နစ် ကြိမ် လဲ သော် လည်း ထ ပြန် လိမ့် မည်။ မ တ ရား သော သူ မူ ကား၊ လဲ သော အ ခါ ဆုံး ရှုံး လိမ့် မည်။
17
သင် ၏ ရန် သူ လဲ သော အ ခါ ဝမ်း မ မြောက် နှင့်။ ခြေ ထိ ခိုက် သော အ ခါ ရွှင် လန်း သော စိတ် မ ရှိ နှင့်။
18
ရှိ လျှင် ထာ ဝ ရ ဘု ရား သိ မြင် သ ဖြင့်၊ မ နှစ် သက် ဘဲ သူ မှ အ မျက် တော် ကို လွှဲ တော် မူ မည်။
19
မ တ ရား သော သူ တို့ ကြောင့် စိတ် မ ပူ နှင့်။ အ ဓမ္မ လူ တို့ ကို မ ငြူ စူ နှင့်။
20
အ ကြောင်း မူ ကား၊ မ တ ရား သော သူ သည် အ ကျိုး ကို မ ရ။ အ ဓမ္မ လူ ၏ မီး ခွက် သည် သေ လိမ့် မည်။
21
ငါ့ သား၊ ထာ ဝ ရ ဘု ရား ကို ၎င်း၊ ရှင် ဘု ရင် ကို ၎င်း ကြောက် ရွံ့ လော့။ မ တည် ကြည် သော သူ တို့ နှင့် မ ရော နှော မ ပေါင်း ဘော် နှင့်။
22
သူ တို့ ဘေး သည် ချက် ခြင်း ရောက် တတ် ၏။ ထို နှစ် ပါး တို့ ၏ အ ဆုံး ကို အ ဘယ် သူ သိ သ နည်း။
23
ထို မှ တ ပါး၊ ပ ညာ ရှိ တို့ နှင့် ဆိုင် သော အ ရာ ဟူ မူ ကား၊ တ ရား တွေ့ မှု စီ ရင် ရာ တွင် လူ မျက် နှာ ကို မ ထောက် ကောင်း။
24
သင် သည် ဖြောင့် မတ် ၏ ဟု မ တ ရား သော သူ အား ဆို သော သူ ကို လူ အ မျိုး တို့ သည် ကျိန် ဆဲ ကြ လိမ့် မည်။ လူ အ နွှယ် တို့ သည် စက် ဆုပ် ရွံ ရှာ ကြ လိမ့် မည်။
25
ဆုံး မ ပြစ် တင် သော သူ တို့ မူ ကား၊ စိတ် သာ ယာ လျက်၊ ကောင်း ကြီး မင်္ဂ လာ ကို ခံ လျက် ရှိ ကြ လိမ့် မည်။
26
မှန် သော စ ကား ကို ပြန် ပြော တတ် သော သူ ၏ နှုတ် ကို လူ တိုင်း နမ်း လိမ့် မည်။
27
ပြင် အ ရပ် မှာ သင် ၏ အ လုပ် ကို ပြင် လော့။ လယ် တော ၌ ကိုယ် အ ဘို့ ပြင် ဆင် လော့။ နောက် မှ သင် ၏ နေ ရာ အိမ် ကို ဆောက် လော့။
28
သင် ၏ အိမ် နီး ချင်း တ ဘက် ၌ အ ကြောင်း မ ရှိ ဘဲ သက် သေ မ ခံ နှင့်။ ကိုယ် နှုတ် နှင့် သူ တ ပါး ကို မ လှည့် စား နှင့်။
29
သူ သည် ငါ ၌ ပြု သည် အ တိုင်း သူ ၌ ငါ ပြု မည်။ သူ့ အ ကျင့် နှင့် အ လျောက် အ ကျိုး အ ပြစ် ကို ငါ ဆပ် ပေး မည် ဟု မ ဆို နှင့်။
30
ပျင်း ရိ သော သူ ၏ လယ် ယာ အ နား နှင့် ဉာဏ် မ ရှိ သော သူ ၏ စ ပျစ် ဥ ယျာဉ် အ နား မှာ ငါ ရှောက် သွား စဉ်၊
31
ဆူး ပင် များ ပြား ၍၊ မြေ တ ပြင် လုံး ၌ ဆူး လေ ပင် အ နှံ့ အ ပြား လွှမ်း မိုး လျက်၊ ကျောက် ရိုး ပြို လျက် ရှိ သည် ကို၊
32
ငါ မြင် ၍ စေ့ စေ့ ဆင် ခြင် ၏။ ကြည့် ရှု ၍ သွန် သင် ခြင်း ကို ခံ ရ ၏။
33
ခ ဏ အိပ် လျက်၊ ခ ဏ ပျော် လျက်၊ အိပ် ပျော် ခြင်း ငှါ၊ ခ ဏ လက် ချင်း ပိုက် လျက် နေ စဉ် တွင်၊
34
ဆင်း ရဲ ခြင်း သည် ခ ရီး သွား သော သူ ကဲ့ သို့ ၎င်း၊ ဥစ္စာ ပြုန်း တီး ခြင်း သည် သူ ရဲ ကဲ့ သို့ ၎င်း ရောက် လာ လိမ့် မည်။