ဆာ​လံ-111

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ငါ သည် ဖြောင့် မတ် သော သူ တို့ ၏ အ စည်း အ ဝေး ၌ ၎င်း၊ ပ ရိ သတ် ၌ ၎င်း၊ ထာ ဝ ရ ဘု ရား ၏ ဂုဏ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ ချီး မွမ်း မည်။
  • 2 ထာ ဝ ရ ဘု ရား ၏ အ မှု တော် တို့ သည် ကြီး မြတ် ကြ ၏။ ကြည် ညို သော သူ တို့ သည် ထို အ မှု တော် တို့ ကို ရှာ ဖွေ လိုက် စစ် တတ် ကြ ၏။
  • 3 စီ ရင် တော် မူ သော အ ရာ သည် ဘုန်း အ သ ရေ နှင့် ပြည့် စုံ ၍၊ ဖြောင့် မတ် တော် မူ ခြင်း တ ရား လည်း အ စဉ် အ မြဲ တည် ၏။
  • 4 အံ့ ဘွယ် သော အ မှု တော် တို့ ကို အောက် မေ့ ဘို့ ရာ စီ ရင် တော် မူ ပြီ။ ထာ ဝ ရ ဘု ရား သည် ကျေး ဇူး ပြု တတ် သော သ ဘော၊ သ နား စုံ မက် တတ် သော သ ဘော နှင့် ပြည့် စုံ တော် မူ ၏။
  • 5 ကြောက် ရွံ့ ရို သေ သော သူ တို့ ကို ကျွေး မွေး တော် မူ ၏။ ပ ဋိ ညာဉ် တ ရား တော် ကို အ စဉ် အောက် မေ့ တော် မူ ၏။
  • 6 အ မှု တော် တို့ ၌ ရှိ သော တန် ခိုး ကို မိ မိ လူ တို့ အား ပြ ၍၊ တ ပါး အ မျိုး သား တို့ ၏ အ မွေ ကို ပေး တော် မူ ၏။
  • 7 လက် တော် နှင့် ပြု သော အ မှု တို့ သည် သစ္စာ နှင့် ၎င်း၊ တ ရား နှင့် ၎င်း ယှဉ် ကြ ၏။ ပ ညတ် တော် အ လုံး စုံ တို့ သည် ဖောက် ပြန် ခြင်း သ ဘော နှင့် ကင်း လွတ် ကြ ၏။
  • 8 သစ္စာ စောင့် ခြင်း၊ ဖြောင့် မတ် ခြင်း နှင့် ယှဉ် သော ကြောင့်၊ အ စဉ် အ မြဲ တည် ကြ ၏။
  • 9 မိ မိ လူ တို့ ၌ ရွေး တော် မူ ခြင်း ကျေး ဇူး ကို ပြု တော် မူ ၏။ ပ ဋိ ညာဉ် တ ရား တော် ကို အ စဉ် အ မြဲ ထား တော် မူ ၏။ နာ မ တော် သည် သန့် ရှင်း ၏။ ကြောက် ရွံ့ ရို သေ ဘွယ် ဖြစ် ၏။
  • 10 ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ သော သ ဘော သည် ပ ညာ ၏ အ ချုပ် အ ခြာ ဖြစ် ၏။ ပ ညတ် တော် တို့ ကို စောင့် ရှောက် သ မျှ သော သူ တို့ သည် ကောင်း သော ဉာဏ် ရှိ ကြ ၏။ ဂုဏ် အ သ ရေ တော် သည် အ စဉ် အ မြဲ တည် သ တည်း။
回到本卷目录 回到本版本目录 回到首页