ဆာ​လံ-109

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 အ ကျွန်ုပ် ချီး မွမ်း သော ဘု ရား သ ခင်၊ တိတ် ဆိတ် စွာ နေ တော် မ မူ ပါ နှင့်။
  • 2 မ တ ရား သော သူ နှင့် သစ္စာ ပျက် သော သူ တို့ သည် အ ကျွန်ုပ် တ ဘက် ၌ နှုတ် ကို ဖွင့် ၍၊ မု သာ စ ကား ကို ပြော ဆို ကြ ပါ ၏။
  • 3 မ နာ လို သော စိတ် နှင့် စ ကား ပြော လျက်၊ အ ကျွန်ုပ် ကို ဝိုင်း ၍ အ ကြောင်း မ ရှိ ဘဲ စစ် တိုက် ကြ ပါ ၏။
  • 4 အ ကျွန်ုပ် ၏ မေတ္တာ အ တွက် သူ တို့ သည် ရန် ဘက် ပြု ကြ ပါ ၏။ အ ကျွန်ုပ် မူ ကား ပ ဌ နာ ပြု လျက် နေ ပါ ၏။
  • 5 အ ကျွန်ုပ် ပြု သော ကျေး ဇူး အ တွက် မ ကောင်း သော အ ပြစ် ကို ၎င်း၊ အ ကျွန်ုပ် မေတ္တာ အ တွက် မုန်း ခြင်း ကို ၎င်း ဆပ် ပေး ကြ ပါ ၏။
  • 6 ထို သို့ သော သူ ၏ အ ပေါ် မှာ မ တ ရား သော သူ ကို ခန့် ထား တော် မူ ပါ။ သူ ၏ လက်ျာ နား မှာ ရန် သူ နေ ပါ စေ။
  • 7 သူ သည် တ ရား စီ ရင် ခြင်း ကို ခံ ရာ တွင် ရှုံး ပါ စေ။ သူ ပြု သော ပ ဌ နာ သည် ပြစ် မှား ခြင်း ဖြစ် ပါ စေ။
  • 8 သူ ၏ အ သက် တို ပါ စေ။ သူ ၏ အ ရာ ကို လည်း အ ခြား သူ ရ ပါ စေ။
  • 9 သူ ၏ သား တို့ သည် ဘ သား ဆိုး၊ မ ယား လည်း မုတ် ဆိုး မ ဖြစ် ပါ စေ။
  • 10 သူ ၏ သား တို့ သည် အ ရပ် ရပ် လည် ၍ သူ တောင်း စား ဖြစ် ကြ ပါ စေ။ ပျက် စီး သော မိ မိ တို့ နေ ရာ များ မှ ထွက် ၍၊ အ စာ ကို ရှာ ကြ ပါ စေ။
  • 11 သူ ၌ ရှိ သ မျှ ကို ကြွေး ရှင် သိမ်း ယူ ပါ စေ။ သူ လုပ် ၍ ရ သော ဥစ္စာ ကို လည်း တ ပါး အ မျိုး သား လု ယူ ပါ စေ။
  • 12 သူ ၌ ကျေး ဇူး ပြု သော သူ၊ သူ ၏ ဘ သား ဆိုး တို့ ကို ကယ် မ သ နား သော သူ တ ယောက် မျှ မ ရှိ စေ နှင့်။
  • 13 သူ ၏ အ နွှယ် သည် ပြတ် ပါ စေ။ လူ မျိုး ဆင်း သက် ၍ တ ဆက် တည်း တွင် သူ တို့ ၏ နာ မည် သည် ကျေ ပျောက် ပါ စေ။
  • 14 သူ့ ဘိုး ဘေး တို့ ၏ ဒု စ ရိုက် ကို ထာ ဝ ရ ဘု ရား သည် သ တိ ရ တော် မူ ပါ စေ။ သူ့ အ မိ ၏ အ ပြစ် သည် မ ဖြေ ပါ စေ နှင့်။
  • 15 ထို ဒု စ ရိုက် အ ပြစ် သည် ထာ ဝ ရ ဘု ရား ရှေ့ မှာ အ စဉ် အ မြဲ ထင် ရှား ၍၊ မြေ ကြီး ပေါ် မှာ ထို သူ တို့ ကို အောက် မေ့ စ ရာ အ မှတ် မျှ မ ရှိ စေ ခြင်း ငှါ၊ ပယ် ရှင်း တော် မူ ပါ စေ။
  • 16 အ ကြောင်း မူ ကား၊ ထို သူ သည် ကယ် မ သ နား ခြင်း ငှါ သ တိ မ ရှိ။ ဆင်း ရဲ ငတ် မွတ် ၍ စိတ် ပျက် သော သူ ကို သေ စေ သည် တိုင် အောင် ညှဉ်း ဆဲ ပြီ။
  • 17 သူ သည် ကျိန် ဆဲ ခြင်း ကို နှစ် သက် သည် နှင့် အ ညီ သူ့ အ ပေါ် သို့ ရောက် ပါ စေ။ ကောင်း ကြီး မင်္ဂ လာ ကို အ လို မ ရှိ သည် အ တိုင်း သူ နှင့် ဝေး ပါ စေ။
  • 18 အ ဝတ် ကို ဝတ် သ ကဲ့ သို့ ကျိန် ဆဲ ခြင်း ကို ဝတ် ရ ပါ စေ။ ရေ ကဲ့ သို့ သူ ၏ ဝမ်း ထဲ သို့ ၎င်း၊ ဆီ ကဲ့ သို့ သူ ၏ အ ရိုး ထဲ သို့ ၎င်း ဝင် ပါ စေ။
  • 19 သူ ၏ ကိုယ် ကို ခြုံ သော အ ဝတ် ကဲ့ သို့ ၎င်း၊ သူ ၏ ခါး ၌ အ စဉ် စည်း သော ခါး စည်း ကဲ့ သို့ ၎င်း သူ ၌ ဖြစ် ပါ စေ။
  • 20 ငါ ၏ ဝိ ညာဉ် တ ဘက် ၌ မ ကောင်း သော စ ကား ကို ပြော တတ် သော ငါ ၏ ရန် သူ တို့ သည် ထို သို့ သော အ ကျိုး ကို ထာ ဝ ရ ဘု ရား ထံ ခံ ရ ကြ ပါ စေ။
  • 21 အို ဘု ရား ရှင် ထာ ဝ ရ ဘု ရား၊ နာ မ တော် အ တွက် ကြောင့် အ ကျွန်ုပ် အ မှု ကို စောင့် တော် မူ ပါ။ က ရု ဏာ တော် ကောင်း သည် ဖြစ် ၍၊ အ ကျွန်ုပ် ကို ကယ် နှုတ် တော် မူ ပါ။
  • 22 အ ကျွန်ုပ် သည် ဆင်း ရဲ ငတ် မွတ် ပါ ၏။ အ ကျွန်ုပ် အ ထဲ ၌ နှ လုံး နာ လျက် ရှိ ပါ ၏။
  • 23 ရှည် လျား သော အ ရိပ် ကဲ့ သို့ အ ကျွန်ုပ် ရွေ့ သွား ပါ ၏။ ကျိုင်း ကောင် ကဲ့ သို့ လှုပ် ရှား လျက် ရှိ ပါ ၏။
  • 24 အ စာ မ စား ဘဲ နေ ရ သော ကြောင့်၊ ဒူး ဆစ် နုန့် နဲ့ ၍ အ သား လည်း လျော့ ပါ ၏။
  • 25 အ ကျွန်ုပ် သည် လည်း သူ တ ပါး တို့ ကဲ့ ရဲ့ စ ရာ အ ကြောင်း ဖြစ် ၍၊ သူ တို့ သည် အ ကျွန်ုပ် ကို မြင် သော အ ခါ၊ ခေါင်း ညှိတ် ခြင်း ကို ပြု ကြ ပါ ၏။
  • 26 အ ကျွန်ုပ် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို မ စ တော် မူ ပါ။ က ရု ဏာ တော် ရှိ သည် အ တိုင်း ကယ် တင် တော် မူ ပါ။
  • 27 ထို အ မှု သည် တန် ခိုး တော် ကြောင့် ဖြစ် ၍၊ ထာ ဝ ရ ဘု ရား တည်း ဟူ သော ကိုယ် တော် စီ ရင် တော် မူ သည် ဟု ထို သူ တို့ သည် သိ ကြ ပါ စေ သော။
  • 28 ထို သူ တို့ သည် ကျိန် ဆဲ သော် လည်း၊ ကိုယ် တော် မူ ကား ကောင်း ကြီး ပေး တော် မူ ပါ။ သူ တို့ သည် ထ သော အ ခါ အ ရှက် ကွဲ ကြ ပါ စေ သော။ ကိုယ် တော် ၏ ကျွန် မူ ကား၊ ဝမ်း မြောက် ပါ စေ သော။
  • 29 အ ကျွန်ုပ် ၏ ရန် သူ တို့ သည် ရှက် ကြောက် ခြင်း အ ဝတ် ကို ဝတ် ၍၊ စောင် နှင့် ခြုံ သ ကဲ့ သို့၊ မျက် နှာ ပျက် ခြင်း နှင့် ကိုယ် ကို ခြုံ ကြ ပါ စေ သော။
  • 30 အ ကျွန်ုပ် သည် နှုတ် မြွက် ၍ ထာ ဝ ရ ဘု ရား ၏ ဂုဏ် ကျေး ဇူး တော် ကို အ လွန် ချီး မွမ်း ပါ မည်။ များ စွာ သော သူ တို့ အ လယ် မှာ ချီး မွမ်း ပါ မည်။
  • 31 အ ကြောင်း မူ ကား၊ ဆင်း ရဲ သော သူ ၏ ဝိ ညာဉ် ကို အ ပြစ် စီ ရင် သော သူ တို့ ၏ လက် မှ ကယ် တင် ခြင်း ငှါ၊ သူ ၏ လက်ျာ ဘက် မှာ ရပ် ၍ နေ တော် မူ တတ် ၏။
回到本卷目录 回到本版本目录 回到首页