ဆာ​လံ-108

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 အို ဘု ရား သ ခင်၊ အ ကျွန်ုပ် နှ လုံး သည် တည် ကြည် ပါ ၏။ သီ ချင်း ဆို ပါ မည်။ ဝိ ညာဉ် ပါ လျက် ချီး မွမ်း ထော မ နာ ပြု ပါ မည်။
  • 2 တ ယော နှင့် စောင်း တို့၊ နိုး ကြ လော့။ ငါ လည်း စော စော နိုး မည်။
  • 3 အို ထာ ဝ ရ ဘု ရား၊ ပ ရိ သတ် အ လယ် ၌ ကိုယ် တော် ကို ချီး မွမ်း ပါ မည်။ လူ မျိုး တို့ တွင် ကိုယ် တော် အား ထော မ နာ သီ ချင်း ဆို ပါ မည်။
  • 4 အ ကြောင်း မူ ကား၊ က ရု ဏာ တော် သည် ကောင်း ကင် သို့ ၎င်း၊ သစ္စာ တော် သည် မိုဃ်း တိမ် သို့ ၎င်း မှီ ပါ ၏။
  • 5 အို ဘု ရား သ ခင်၊ ကောင်း ကင် မြင့် သည် ထက် ကိုယ် တော် ကြီး မြင့် တော် မူ စေ သ တည်း။ မြေ ကြီး တ ပြင် လုံး ကို ဘုန်း တော် လွှမ်း မိုး ပါ စေ သ တည်း။
  • 6 ချစ် တော် မူ သော သူ တို့ သည် ချမ်း သာ ရ မည် အ ကြောင်း၊ အ ကျွန်ုပ် စ ကား ကို နား ထောင် ၍၊ လက်ျာ လက် ရုံး တော် အား ဖြင့် ကယ် တင် တော် မူ ပါ။
  • 7 သန့် ရှင်း ခြင်း ပါ ရ မီ တော် ကို တိုင် တည် ၍၊ ဘု ရား သ ခင် သည် ဗျာ ဒိတ် ထား တော် မူ သော ကြောင့်၊ ငါ သည် ဝမ်း မြောက် မည်။ ရှေ ခင် မြို့ ကို ပိုင်း ခြား မည်။ သု ကုတ် လယ် ပြင် ကို တိုင်း ထွာ မည်။
  • 8 ဂိ လဒ် ပြည် ကို ငါ ပိုင် ရ ၏။ မ နာ ရှေ ပြည် ကို လည်း ငါ ပိုင် ရ ၏။ ဧ ဖ ရိမ် ပြည် ကား ငါ့ ဦး ခေါင်း ၏ အ စွမ်း ဖြစ် ရ ၏။ ယု ဒ ပြည် ကား ငါ ၏ လွှတ် တော် ဖြစ် ရ ၏။
  • 9 မော ဘ ပြည် ကား ငါ့ ရေ ချိုး အိုး ဖြစ် ရ ၏။ ဧ ဒုံ ပြည် ကား ငါ့ ခြေ နင်း ရာ ဖြစ် ရ ၏။ ဖိ လိတ္တိ ပြည် အ ပေါ် မှာ အောင် သံ နှင့် ကြွေး ကြော် မည်။
  • 10 အား ကြီး သော မြို့ ထဲ သို့ ငါ့ ကို အ ဘယ် သူ သွင်း ပေး မည် နည်း။ ဧ ဒုံ ပြည် သို့ ငါ့ ကို အ ဘယ် သူ လမ်း ပြ မည် နည်း။
  • 11 အို ဘု ရား သ ခင်၊ အ ကျွန်ုပ် တို့ ကို စွန့် ပစ် တော် မူ သော ကိုယ် တော် သည် ပြု တော် မူ မည် မ ဟုတ် လော။ အို ဘု ရား သ ခင်၊ အ ကျွန်ုပ် တို့ ဗိုလ် ခြေ နှင့် အ တူ ကြွ တော် မ မူ သော ကိုယ် တော် သည် ပြု တော် မူ မည် မ ဟုတ် လော။
  • 12 ဒုက္ခ နှင့် ကင်း လွတ် စေ ခြင်း ငှါ မ စ တော် မူ ပါ။ လူ တို့ သည် ကယ် တင် ခြင်း ငှါ မ တတ် နိုင် ကြ ပါ။
  • 13 ဘု ရား သ ခင် အား ဖြင့် ငါ တို့ သည် ရဲ ရင့် စွာ ပြု ကြ မည်။ ငါ တို့ ၏ ရန် သူ များ ကို ကိုယ် တော် တိုင် နင်း တော် မူ မည်။
回到本卷目录 回到本版本目录 回到首页