ဆာ​လံ-112

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ ၍၊ ပ ညတ် တော် တို့ ၌ အ လွန် မွေ့ လျော် သော သူ သည် မင်္ဂ လာ ရှိ ၏။
  • 2 ထို သူ ၏ သား မြေး တို့ သည် မြေ ပေါ် မှာ အား ကြီး ကြ လိမ့် မည်။ ဖြောင့် မတ် သော သူ တို့ ၏ အ မျိုး အ နွှယ် သည် မင်္ဂ လာ ရှိ တတ် ၏။
  • 3 ထို သူ ၏ အိမ် ၌ စည်း စိမ် ဥစ္စာ ကြွယ် ဝ ၍၊ သူ ၏ ကောင်း ကျိုး သည် အ စဉ် အ မြဲ တည် တတ် ၏။
  • 4 သ ဘော ဖြောင့် သော သူ တို့ အ ဘို့၊ မှောင် မိုက် ထဲ မှာ အ လင်း ပေါ် ထွန်း တတ် ၏။ ထို သို့ သော သူ သည် ကျေး ဇူး ပြု တတ် သော သ ဘော နှင့် သ နား စုံ မက် တတ် သော သ ဘော ရှိ ၍၊ တ ရား သ ဖြင့် ပြု တတ် ၏။
  • 5 က ရု ဏာ စိတ် ရှိ ၍ ချေး ငှါး တတ် သော သူ သည် ကောင်း စား တတ် ၏။ တ ရား ဆုံး ဖြတ် ရာ ကာ လ ၌ အောင် ခြင်း သို့ ရောက် လိမ့် မည်။
  • 6 အ ကယ် စင် စစ် လှုပ် ရှား ခြင်း နှင့် အ စဉ် ကင်း လွတ် လိမ့် မည်။ ဖြောင့် မတ် သော သူ သည် အ စဉ် အ မြဲ အောက် မေ့ ဘို့ ရာ ဖြစ် လိမ့် မည်။
  • 7 မ ကောင်း သော သိ တင်း ကို မ ကြောက် ရ။ စိတ် နှ လုံး သည် ထာ ဝ ရ ဘု ရား ကို ကိုး စား သ ဖြင့် တည် ကြည် တတ် ၏။
  • 8 သူ ၏ စိတ် နှ လုံး သည် မြဲ မြံ သည် ဖြစ် ၍၊ ရန် သူ တို့ ၌ အား မ ရ မှီ တိုင် အောင်၊ ကြောက် ခြင်း နှင့် လွတ် လိမ့် မည်။
  • 9 သူ သည် စွန့် ကြဲ ပြီ။ ဆင်း ရဲ သော သူ တို့ အား ပေး ကမ်း ပြီ။ သူ ၏ ဖြောင့် မတ် ခြင်း သည် အ စဉ် အ မြဲ တည် တတ် ၏။ သူ ၏ ဦး ချို သည် ဂုဏ် အ သ ရေ နှင့် ချီး မြှင့် ခြင်း ရှိ လိမ့် မည်။
  • 10 မ တ ရား သော သူ တို့ သည် မြင် ၍၊ နာ ကြင် သော စိတ် ရှိ ကြ လိမ့် မည်။ အံ သွား ခဲ ကြိတ် ၍ ပိန် ချုံး ကြ လိမ့် မည်။ မ တ ရား သော သူ တို့ ၏ အ လို သည် ပျက် စီး ရ လိမ့် မည်။
回到本卷目录 回到本版本目录 回到首页