ယောဘဝတ္တု။-8

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ရှု အာ အ မျိုး သား ဗိ လ ဒဒ် မြွက် ဆို သည် ကား၊
  • 2 သင် သည် အ ဘယ် မျှ ကာ လ ပတ် လုံး ဤ သို့ ပြော မည် နည်း။ သင် ပြော သော စ ကား သည် အ ဘယ် မျှ ကာ လ ပတ် လုံး လေ ပြင်း ကဲ့ သို့ ဖြစ် မည် နည်း။
  • 3 ဘု ရား သ ခင် သည် မ တ ရား သ ဖြင့် အ ပြစ် ပေး တော် မူ မည် လော။ အ နန္တ တန် ခိုး ရှင် သည် တ ရား ကို ဖျက် တော် မူ မည် လော။
  • 4 သင် ၏ သား သ မီး တို့ သည် ဘု ရား သ ခင် ကို ပြစ် မှား သော ကြောင့်၊ ပြစ် မှား စဉ် တွင်၊ သူ တို့ ကို သုတ် သင် ပယ် ရှင်း တော် မူ သော် လည်း၊
  • 5 သင် သည် မ ဆိုင်း မ လင့်၊ သန့် ရှင်း ဖြောင့် မတ် သော သ ဘော နှင့် ဘု ရား သ ခင် ကို ရှာ ၍၊ အ နန္တ တန် ခိုး ရှင် အား တောင်း ပန် လျှင်၊
  • 6 စင် စစ် သင့် အ တွက် ကိုယ် တော် သည် ထ ပြီး လျှင် သင် ၏ ဖြောင့် မတ် သော နေ ရာ ကို ကောင်း စား စေ တော် မူ သ ဖြင့်၊
  • 7 သင် သည် အ စ အ ဦး ၌ ငယ် သော် လည်း၊ နောက် ဆုံး ၌ အ လွန် ကြီး ပွါး လိမ့် မည်။
  • 8 လွန် လေ ပြီး သော ကာ လ ကို စစ် ၍၊ ရှေး ဘိုး ဘေး တို့ ကို မေး မြန်း ခြင်း ငှါ အား ထုတ် ပါ တော့။
  • 9 ငါ တို့ သည် မ နေ့ ၏ သား ဖြစ် ၍ အ လျှင်း မ သိ ရ ပါ။ မြေ ကြီး ပေါ် မှာ ငါ တို့ နေ ရ သော နေ့ ရက် ကာ လ သည် အ ရိပ် သက် သက် ဖြစ် ၏။
  • 10 ထို သူ တို့ မူ ကား၊ သင့် ကို ဆုံး မ သွန် သင် ၍ မိ မိ တို့ စိတ် နှ လုံး ထဲ က မြွက် ဆို ကြ လိမ့် မည်။
  • 11 ဂ မာ ပင် သည် ရွှံ့ မ ရှိ ဘဲ ကြီး ပွါး နိုင် သ လော။ မြစ် နား မှာ ပေါက် သော မြက် ပင် သည် ရေ မ ရှိ ဘဲ ကြီး ပွါး နိုင် သ လော။
  • 12 ထို အ ပင် သည် စိမ်း လျက် မ ရိတ် မ ဖြတ် သော် လည်း၊ အ ခြား အ ပင် ထက် သာ ၍ ညှိုး နွမ်း တတ် ၏။
  • 13 ထို သို့ ဘု ရား သ ခင် ကို မေ့ လျော့ သော သူ အ ပေါင်း တို့ သည် ဆုံး ခြင်း သို့ ရောက် ရ ကြ လိမ့် မည်။ အ ဓမ္မ လူ မြော် လင့် စ ရာ အ ကြောင်း သည် ပျက် လိမ့် မည်။
  • 14 ထို သူ မြော် လင့် ရာ လမ်း သည် ပြတ် လိမ့် မည်။ မှီ ခို သော အ ရာ သည် လည်း ပင့် ကူ မြှေး ကဲ့ သို့ ဖြစ် လိမ့် မည်။
  • 15 ထို သူ သည် မိ မိ အိမ် ကို မှီ ၍ အိမ် သည် အ မှီ မ ခံ။ လက် နှင့် ကိုင် သော် လည်း မ တည် စေ နိုင်။
  • 16 သူ သည် နေ ပူ မှာ စိမ်း လန်း လျက်၊ အ ခက် အ လက် အား ဖြင့် မိ မိ ဥ ယျာဉ် ကို နှံ့ ပြား လျက်၊
  • 17 အ မြစ် အား ဖြင့် စမ်း ရေ တွင်း ကို ဝိုင်း ၍ ကျောက် ထူ သော အ ရပ် ကို တွေ့ မြင် လျက် ရှိ သော် လည်း၊
  • 18 သူ့ ကို သုတ် သင် ပယ် ရှင်း ၍၊ မိ မိ နေ ရာ အ ရပ် က သင် သည် ငါ မ တွေ့ မ မြင် စ ဖူး ဟူ ၍ သူ့ ကို ငြင်း ပယ် လိမ့် မည်။
  • 19 ထို သူ ဝမ်း မြောက် ရာ လမ်း သည် ထို သို့ ဖြစ် ၍၊ သူ့ နေ ရာ မြေ ၌ အ ခြား သူ တို့ သည် ပေါက် ကြ လိမ့် မည်။
  • 20 စုံ လင် သော သူ ကို ကား၊ ဘု ရား သ ခင် စွန့် ပစ် တော် မ မူ။ မ တ ရား သ ဖြင့် ပြု သော သူ တို့ ကို ကား မ စ တော် မ မူ။
  • 21 ရယ် မော ရ သော အ ခွင့်၊ ရွှင် လန်း စွာ နှုတ် မြွက် ရ သော အ ခွင့် ကို သင် ၌ ပေး ကောင်း ပေး တော် မူ မည်။
  • 22 သင့် ကို မုန်း သော သူ တို့ သည် ရှက် ခြင်း နှင့် ဖုံး လွှမ်း လျက် ရှိ ရ ကြ လိမ့် မည်။ ဆိုး သော သူ နေ ရာ အ ရပ် သည် လည်း ဆုံး ရှုံး ခြင်း သို့ ရောက် ရ လိမ့် မည် ဟု မြွက် ဆို ၏။
回到本卷目录 回到本版本目录 回到首页