1
လ ဝိ သန် ကို ငါး မျှား နှင့် ဆွဲ ယူ ၍၊ သူ ၏ လျှာ ကို ကြိုး နှင့် နှိပ် နင်း မည် လော။
2
သူ့ ကို နှာ ရှုတ် တပ် ၍၊ ပါး ရိုး ၌ သံ ကွင်း လျှို မည် လော။
3
သူ သည် သင့် ကို များ စွာ တောင်း ပန် လိမ့် မည် လော။ ချော့ မော့ သော စ ကား ကို ပြော လိမ့် မည် လော။
4
သင် နှင့် ဝန် ခံ ခြင်း ပ ဋိ ညာဉ် ကို ပြု လိမ့် မည် လော။ သင် ၏ အ မှု ကို အ စဉ် ဆောင် ရွက် စေ ခြင်း ငှါ သူ့ ကို ခန့် ထား မည် လော။
5
ငှက် နှင့် က စား သ ကဲ့ သို့ သူ နှင့် က စား မည် လော။ သင် ၏ မိန်း မ က လေး တို့ အ ဘို့ သူ့ ကို ချည် နှောင် မည် လော။
6
သင် ၏ အ ပေါင်း အ ဘော် တို့ သည် သူ့ ကို ဝိုင်း ၍ စား သောက် ပွဲ ခံ ကြ လိမ့် မည် လော။ ကုန် သည် တို့ တွင် ဝေ ကြ လိမ့် မည် လော။
7
သူ ၏ အ ရေ ကို မှိန်း နှင့် ၎င်း၊ သူ ၏ ခေါင်း ကို ငါး ထိုး သော လှံ နှင့် ၎င်း၊ အ နှံ့ အ ပြား ထိုး ဖောက် နိုင် သ လော။
8
သူ့ အ ပေါ် မှာ လက် တင် ရုံ မျှ သာ ပြု ပါ။ သူ့ ကို တိုက် မည် အ ကြံ ကို နောက် တ ဖန် မ အောက် မေ့ ရ။
9
တိုက် သော သူ သည် နိုင် မည် ဟု အ ချည်း နှီး ထင် ၏။ မြင် ကာ မျှ နှင့် စိတ် မ ပျက် သ လော။
10
သူ့ ကို နှိုး ဆော် ခြင်း ငှါ အ ဘယ် သူ မျှ မ ရဲ ရင့်။ သို့ ဖြစ် ၍ ငါ့ ရှေ့ မှာ အ ဘယ် သူ ရပ် နိုင် သ နည်း။
11
ငါ သည် ကျေး ဇူး တုံ့ ပြု ရ မည် အ ကြောင်း အ ဘယ် သူ သည် ငါ ၌ ကျေး ဇူး ပြု ဘူး သ နည်း။ မိုဃ်း ကောင်း ကင် အောက် ၌ ရှိ သ မျှ တို့ သည် ငါ ၏ ဥစ္စာ ဖြစ် ကြ ၏။
12
လ ဝိ သန် ၏ အင်္ဂါ များ၊ ခွန် အား၊ တင့် တယ် သော တန် ဆာ တို့ ကို ငါ သည် ဝှက် ၍ မ ထား။
13
သူ ၏ အ ဝတ် ကို အ ဘယ် သူ လှန် နိုင် သ နည်း။ နှစ် ထပ် ရှိ သော ပါး ရိုး ကို အ ဘယ် သူ ချဉ်း ကပ် လိမ့် မည် နည်း။
14
သူ ၏ မျက် နှာ တံ ခါး ကို အ ဘယ် သူ ဖွင့် လိမ့် မည် နည်း။ သူ ၏ သွား တန်း တို့ သည် ကြောက် မက် ဘွယ် ဖြစ် ကြ ၏။
15
လုံ ခြုံ စွာ တံ ဆိပ် ခတ် သ ကဲ့ သို့ တ ချပ် နှင့် တ ချပ် ပူး ကပ် သော အ ကြေး များ နှင့် ဝါ ကြွား တတ် ၏။
16
လေ မျှ မ ဝင် နိုင် အောင် တ ချပ် နှင့် တ ချပ် ပူး ကပ် လျက် ရှိ ကြ ၏။
17
တ ချပ် နှင့် တ ချပ် မ ခွါ နိုင် အောင် တ ခဲ နက် ရှက် တင် လျက် ရှိ ကြ ၏။
18
သူ ချေ ဆတ် သော အ ခါ အ လင်း တောက် တတ် ၏။ သူ့ မျက် စိ သည် နံ နက် မျက် တောင် ခတ် သ ကဲ့ သို့ ဖြစ် ၏။
19
ပ စပ် ထဲ က မီး ရူး ထွက် ၍ မီး ပွား တို့ လည်း လွင့် ကြ ၏။
20
ကြွက် ကြွက် ဆူ သော အိုး ကင်း ထဲ က အ ခိုး အ ငွေ့ တက် သ ကဲ့ သို့ သူ့ နှာ ခေါင်း ထဲ က အ ခိုး အ ငွေ့ တက် တတ် ၏။
21
အ သက် ရှူ သော အ ခါ မီး ခဲ တောက် ၍ ပ စပ် ထဲ က မီး လျှံ ထွက် တတ် ၏။
22
လည် ပင်း ၌ တန် ခိုး နေ တတ် ၏။ သူ့ ရှေ့ မှာ ကြောက် လန့် ခြင်း သည် က ခုန် တတ် ၏။
23
အ သား အ ကြော တို့ သည် တ ခဲ နက် ဖြစ် ၍ မ ရွေ့ နိုင် အောင် ခိုင် မာ လျက် ရှိ ကြ ၏။
24
နှ လုံး သည် ကျောက် ကဲ့ သို့ မာ ၏။ အောက် ကြိတ် ဆုံ ကျောက် ကဲ့ သို့ မာ ၏။
25
သူ ထ သော အ ခါ ခွန် အား ကြီး သော သူ တို့ သည် ကြောက် လန့် ကြ ၏။ ကြောက် လန့် အား ကြီး သော ကြောင့် အ ရူး ကဲ့ သို့ ဖြစ် ကြ ၏။
26
သူ့ ကို တိုက် လျှင် ထား မ ခိုင် တတ်။ လှံ၊ မြှား၊ သံ ချပ် မ ခိုင် တတ်။
27
သံ ကို ကောက် ရိုး ကဲ့ သို့ ၎င်း၊ ကြေး ဝါ ကို သစ် ဆွေး ကဲ့ သို့ ၎င်း မှတ် တတ် ၏။
28
လေး နှင့် ပစ် ၍ သူ့ ကို မ ပြေး စေ နိုင်။ လောက် လွှဲ နှင့် ပစ် သော ကျောက် ခဲ တို့ သည် သူ ၌ အ မှိုက် ကဲ့ သို့ ဖြစ် ကြ ၏။
29
ဒုတ် ကြီး ကို ဖွဲ ကဲ့ သို့ မှတ် ၍၊ လှံ နှင့် ရွယ် သော အ ခါ ရယ် တတ် ၏။
30
သူ့ အောက် မှာ ထက် သော အိုး စောင်း ခြမ်း များ ရှိ ၏။ ရွှံ့ ပေါ် မှာ ထွန် သွား များ ကို ဖြန့် တတ် ၏။
31
အိုး ကင်း ဆူ သ ကဲ့ သို့ ပင် လယ် ကို ဆူ စေ တတ် ၏။ သ မုဒ္ဒ ရာ ကို ဘ ယောင်း ချက် ကဲ့ သို့ ဖြစ် စေ တတ် ၏။
32
သူ လွန် သွား သော လမ်း သည် ထွန်း တောက် သ ဖြင့်၊ ပင် လယ် သည် ဆံ ပင် ဖြူ ယောင် ဆောင် တတ် ၏။
33
မြေ ပေါ် မှာ သူ နှင့် ခိုင်း နိုင် သော တိ ရစ္ဆာန် မ ရှိ။ ပ က တိ အား ဖြင့် ကြောက် တတ် သော သ ဘော နှင့် ကင်း လွတ် ၏။
34
ကြီး မြင့် သော အ ရာ ရှိ သ မျှ တို့ ကို မ ထီ မဲ့ မြင် ပြု တတ် ၏။ မာ န ထောင် လွှား သော သူ အ ပေါင်း တို့ အ ပေါ် ၌ မင်း ဖြစ် သည် ဟု မိန့် တော် မူ ၏။