1
-
2
တ ဖန် ယော ဘ မြွက် ဆို သည် ကား၊ ငါ ဝမ်း နည်း ခြင်း အ ကြောင်း ကို သေ ချာ စွာ ချိန် တွယ် ပါ စေ။ ငါ ခံ ရ သော ဒုက္ခ များ ကို လည်း ချိန် ခွင် ၌ စု ထား ပါ စေ။
3
သို့ ဖြစ် လျှင် သ မုဒ္ဒ ရာ သဲ ထက် သာ ၍ လေး လိမ့် မည်။ ထို ကြောင့် ငါ့ စ ကား လွန် မိ ပြီ။
4
အ နန္တ တန် ခိုး ရှင် ပစ် တော် မူ သော မြှား တို့ သည် ငါ ၌ စွဲ ၍၊ အ ဆိပ် အ တောက် ဖြင့် ငါ့ ဝိ ညာဉ် ကို မွန်း စေ ၏။ ဘု ရား သ ခင် ပြ တော် မူ သော ကြောက် မက် ဘွယ် အ ရာ တို့ သည် ငါ့ ရှေ့ မှာ စီ လျက် ရှိ ကြ ၏။
5
တော မြည်း သည် မြက် ပင် ပေါ သော အ ခါ မြည် တတ် သ လော။ နွား သည် စား စ ရာ ရှိ သော အ ခါ အော် တတ် သ လော။
6
မ မြိန် သော အ ရာ ကို ဆား မ ပါ ဘဲ စား နိုင် သ လော။ ကြက် ဥ အ ကာ သည် ဆိမ့် သော အ ရ သာ ရှိ သ လော။
7
လက် နှင့် မျှ မ တို့ နိုင်၊ ငါ မ နှစ် သက် နိုင် သော အ ရာ ကို ရွံ လျက် နှင့် ငါ စား ရ ၏။
8
ငါ တောင်း သော အ ရာ ကို ရ ပါ စေ။ ငါ တောင့် တ သော အ ရာ ကို ဘု ရား သ ခင် ပေး သ နား တော် မူ ပါ စေ။
9
တောင့် တ သော အ ရာ ဟူ မူ ကား၊ ဘု ရား သ ခင် သည် ငါ့ ကို ဖျက် ဆီး တော် မူ ပါ စေ။ လက် တော် ကို ဆန့် ၍ ငါ့ ကို ဆုံး စေ တော် မူ ပါ စေ။
10
ထို သို့ ဖြစ် လျှင် ငါ သည် သက် သာ ရ ၏။ ငြို ငြင် သော် လည်း သည်း ခံ မည်။ ငါ့ ကို နှ မြော တော် မ မူ ပါ စေ နှင့်။ သန့် ရှင်း တော် မူ သော သူ ၏ စ ကား တော် ကို ငါ မ ငြင်း မ ဆန် ပြီ။
11
ငါ မြော် လင့် စ ရာ အ ခွင့် ရှိ ရ မည် အ ကြောင်း၊ ငါ့ ခွန် အား ကား အ ဘယ် သို့ နည်း။ ငါ သည် ကိုယ် အ သက် ကို စောင့် ရ မည် အ ကြောင်း၊ နောက် ဆုံး ခံ ရ သော အ ကျိုး ကား အ ဘယ် သို့ နည်း။
12
ငါ့ ခွန် အား သည် ကျောက် ခွန် အား ဖြစ် သ လော။ ငါ့ အ သား သည် ကြေး ဝါ ဖြစ် သ လော။
13
ငါ သည် ကိုယ် ကို မ မ စ နိုင်။ ငါ့ ဉာဏ် လည်း ကုန် ပြီ။
14
ဆင်း ရဲ ခြင်း သို့ ရောက် သော သူ ၏ အ ဆွေ ခင် ပွန်း သည် သနား အပ် ၏။ မ သ နား လျှင် အ နန္တ တန် ခိုး ရှင် ကို ကြောက် ရွံ့ သော သ ဘော နှင့် ကင်း လွတ် ၏။
15
ငါ့ ညီ အစ် ကို တို့ သည် ချောင်း ရေ ကဲ့ သို့ လှည့် စား ၍၊ ချိုင့် ၌ စီး သော ရေ ကဲ့ သို့ ရွေ့ သွား ကွယ် ပျောက် တတ် ကြ ၏။
16
ထို ချောင်း ရေ သည် ရေ ခဲ ကြောင့် ၎င်း၊ မ ထင် ရှား သော မိုဃ်း ပွင့် ကြောင့် ၎င်း၊
17
အ လွန် စီး တတ် သော် လည်း၊ နွေး သော အ ခါ ကွယ် ပျောက် တတ် ၏။ နေ ပူ သော အ ခါ မိ မိ နေ ရာ ၌ ခန်း ခြောက် တတ် ၏။
18
ထို ရေ စီး သော ချောင်း တို့ သည် လွဲ သွား ၍ တ ရွေ့ ရွေ့ ကွယ် ပျောက် တတ် ကြ ၏။
19
တေ မန် အ မျိုး သား အ စု အ ဝေး တို့ သည် ရှာ ကြ ၏။ ရှေ ဘ ပြည် မှ ခ ရီး သွား သော သူ အ စု အ ဝေး တို့ သည် မြော် လင့် လျက် လာ ကြ ၏။
20
မြော် လင့် ၍ စိတ် ပျက် ကြ ၏။ ထို အ ရပ် သို့ ရောက် သော အ ခါ ရှက် ကြောက် လျက် နေ ကြ ၏။
21
ထို အ တူ သင် တို့ သည် အ ချည်း နှီး သက် သက် ဖြစ် ကြ ၏။ ငါ နှိမ့် ချ ခြင်း ကို မြင် လျှင် ဆုတ် ၍ နေ ကြ ၏။
22
ငါ့ ထံ သို့ လက် ဆောင် ကို ယူ ခဲ့ ကြ ပါ။ သင် တို့ ပစ္စည်း ဥစ္စာ ထဲ က ထုတ် ၍ ငါ့ ကို ပေး ကြ ပါ။
23
ရန် သူ လက် မှ ငါ့ ကို ကယ် ယူ ကြ ပါ။ သူ ရဲ လက် မှ ရွေး နှုတ် ကြ ပါ ဟု ငါ ပြော သ လော။
24
ငါ့ ကို ဆုံး မ ကြ ပါ။ တိတ် ဆိတ် လျက် နေ ပါ မည်။ ငါ မှား သော အ ရာ ကို ငါ့ အား ဘော် ပြ ကြ ပါ။
25
မှန် သော စ ကား သည် တန် ခိုး ကြီး ၏။ သင် တို့ ကဲ့ ရဲ့ သော စ ကား သည် အ ဘယ် မှာ နေ ရာ ကျ သ နည်း။
26
ငါ စ ကား ပြော ရုံ ကာ မျှ ကို အ ပြစ် တင် မည် ကြံ စည် ကြ သ လော။ မြော် လင့် စ ရာ မ ရှိ သော သူ ပြော သော စ ကား သည် လေ သက် သက် ဖြစ် ၏။
27
အ ကယ် ၍ သင် တို့ သည် မိ ဘ မ ရှိ သော သူ ငယ် ကို နှိပ် စက် ကြ ၏။ အ ဆွေ ခင် ပွန်း ဘို့ တွင်း ကို တူး ကြ ၏။
28
ငါ့ ကို စိတ် မ ရှိ ဘဲ ကြည့် ရှု ကြ ပါ လော့။ သင် တို့ ရှေ့ မှာ ငါ လှည့် စား သ လော။
29
ပြန် ၍ ဆင် ခြင် ကြ ပါ၊။ မ တ ရား သ ဖြင့် မ ပြု ကြ ပါ နှင့်။ ပြန် ၍ ဆင် ခြင် ကြ ပါ။ ဤ အ မှု ၌ ငါ သည် ဖြောင့် မတ် ပါ ၏။
30
ငါ့ လျှာ ၌ ကောက် သော သ ဘော ရှိ သ လော။ ငါ သည် မြည်း စမ်း ၍ အ ပြစ် ပါ သော အ ရာ ကို ပိုင်း ခြား မ သိ နိုင် သ လော။