1
ယော ဘ သည် လင်္ကာ စ ကား ကို ဆက် ၍ မြွက် ဆို သည် ကား၊
2
ငါ သည် လွန် လေ ပြီး သော နှစ်၊ လ၊ ဘု ရား သ ခင် စောင့် မ တော် မူ သော နေ့ ရက် ၌ ဖြစ် သ ကဲ့ သို့ တ ဖန် ဖြစ် ပါ စေ။
3
ထို အ ခါ ဘု ရား သ ခင် ၏ မီး ခွက် သည် ငါ့ ခေါင်း ပေါ် မှာ ထွန်း လင်း သည် ဖြစ် ၍၊ ထို အ လင်း ကို ငါ အ မှီ ပြု လျက်၊ မိုက် သော အ ရပ် ၌ ရှောက် သွား နိုင် ၏။
4
ငါ့ အ သက် ပျို သော ကာ လ၊ ငါ့ အိမ် ၌ ဘု ရား သ ခင် နှင့် မိဿ ဟာ ယ ဖွဲ့ ရ သော အ ခွင့် ရှိ သော ကာ လ ၌၊ ငါ ဖြစ် သ ကဲ့ သို့ တ ဖန် ဖြစ် ပါ စေ။
5
ထို အ ခါ အ နန္တ တန် ခိုး ရှင် သည် ငါ့ ဘက် ၌ ရှိ တော် မူ ၏။ ငါ့ သား သ မီး တို့ သည် လည်း ငါ့ ကို ဝိုင်း လျက် နေ ကြ ၏။
6
ထို အ ခါ ငါ သွား သော လမ်း ၌ နို့ ရည် စီး လေ ၏။ ကျောက် ခဲ သည် လည်း ငါ့ အ ဘို့ ဆီ ကို သွန်း လောင်း လေ ၏။
7
ငါ သည် မြို့ အ လယ် ၌ ရှောက် ၍၊ မြို့ တံ ခါး သို့ သွား လျက် နေ စဉ် တွင်၊
8
လူ ပျို တို့ သည် ငါ့ ကို မြင် သ ဖြင့် ပုန်း ရှောင် ၍ နေ ကြ ၏။ အ သက် ကြီး သူ တို့ သည် လည်း ထ ၍ မတ် တတ် နေ ကြ ၏။
9
မင်း သား တို့ သည် စ ကား မ ပြော ဘဲ နေ ၍၊ မိ မိ တို့ နှုတ် ကို လက် နှင့် ပိတ် ကြ ၏။
10
မှူး မတ် တို့ သည် လည်း တိတ် ဆိတ် စွာ နေ ၍၊ သူ တို့ လျှာ သည် အာ ခေါင် ၌ ကပ် လေ ၏။
11
လူ တို့ သည် ငါ့ စ ကား သံ ကို ကြား သော အ ခါ ကောင်း ကြီး ပေး ကြ ၏။ ငါ့ ကို မြင် သော အ ခါ ချီး မွမ်း ကြ ၏။
12
အ ကြောင်း မူ ကား၊ ငါ သည် ဆင်း ရဲ သော သူ၊ မိ ဘ မ ရှိ သော သူ၊ ကိုး ကွယ် ရာ မ ရ သော သူ အော် ဟစ် သော အ ခါ ကယ် တင် တတ် ၏။
13
ပျက် လု သော သူ ကောင်း ကြီး ပေး ခြင်း ကို ငါ ခံ ရ ၏။ မုတ် ဆိုး မ စိတ် နှ လုံး ကို ရွှင် လန်း စေ ၏။
14
ဖြောင့် မတ် ခြင်း ပါ ရ မီ ကို အ ဝတ် လုပ် ၍ ငါ ဝတ် ဆင် ၏။ တ ရား သည် ငါ့ ဝတ် လုံ၊ ငါ့ ပေါင်း ဖြစ် ၏။
15
မျက် စိ ကန်း သော သူ တို့ အား ငါ သည် မျက် စိ ဖြစ် ၏။ ခြေ ဆွံ့ သော သူ တို့ အား ခြေ ဖြစ် ၏။
16
ဆင်း ရဲ သော သူ တို့ ၏ အ ဘ ဖြစ် ၏။ အ သိ အ ကျွမ်း မ ရှိ သော သူ တို့ ၏ အ မှု ကို ငါ နား ထောင် ၏။
17
မ တ ရား သော သူ ၏ အ စွယ် တို့ ကို ငါ ချိုး ၍၊ သူ လု ယူ ကိုက် စား သော အ ရာ ကို နှုတ် ၏။
18
ငါ သည် ကိုယ် အ သိုက် ၌ သေ ရ သော အ ခွင့် ရှိ လိမ့် မည်။ ငါ့ အ သက် ရှင် သော နေ့ ရက် တို့ သည် သဲ လုံး နှင့် အ မျှ များ ပြား လိမ့် မည် ဟု အောက် မေ့ ၏။
19
ငါ့ အ မြစ် သည် ရေ နား မှာ ပြန့် ပွါး ၏။ ဆီး နှင်း သည် တ ညဉ့် လုံး ငါ့ အ ခက် အ လက် ၌ ကျ ၏။
20
ငါ့ ဘုန်း သည် အ စဉ် ပွင့် လန်း လျက် ငါ့ လေး သည် လည်း ငါ့ လက် ၌ အား ဖြည့် လျက် ရှိ ၏။
21
သူ တ ပါး တို့ သည် ငါ့ စ ကား ကို နား ထောင် ၍၊ ငါ ပေး သော အ ကြံ ကို ငံ့ လင့် လျက် တိတ် ဆိတ် စွာ နေ ကြ ၏။
22
ငါ ပြော ပြီး သည် နောက် သူ တို့ သည် ပြန် ၍ မ ပြော၊ ငါ့ စ ကား သည် သူ တို့ အ ပေါ် မှာ ရေ စက် ကဲ့ သို့ ကျ ၏။
23
မိုဃ်း ရေ ကို ငံ့ လင့် သ ကဲ့ သို့ ငါ့ ကို ငံ့ လင့် လျက်၊ နောက် ကျ သော မိုဃ်း ရေ ကို ခံ ချင် သ ကဲ့ သို့၊ သူ တို့ သည် ပ စပ် ကို ကျယ် ကျယ် ဖွင့် လျက် နေ ကြ ၏။
24
ငါ သည် ပြုံး လျက် သူ တို့ ကို ကြည့် ရှု သော အ ခါ၊ သူ တို့ သည် မ ယုံ နိုင် ကြ။ ငါ့ မျက် နှာ ၏ အ လင်း ကို လည်း မ ပျောက် စေ ကြ။
25
ငါ သည် သူ တို့ လမ်း ကို ပဲ့ ပြင် ၍ အ မြတ် ဆုံး သော နေ ရာ ၌ ထိုင် ၏။ ဗိုလ် ခြေ အ လုံး အ ရင်း နှင့် တ ကွ ရှင် ဘု ရင် ကဲ့ သို့ ၎င်း၊ ညှိုး ငယ် သော သူ တို့ ကို နှစ် သိမ့် စေ သော သူ ကဲ့ သို့ ၎င်း ငါ ဖြစ် ၏။