1
ယ ခု မူ ကား၊ ငါ့ ထက် အ သက် ငယ် သော သူ တို့ သည် ငါ့ ကို ကဲ့ ရဲ့ တတ် ကြ ၏။ သူ တို့ အ ဘ များ ကို ငါ သည် ရွံ ရှာ ၍၊ ငါ့ သိုး စု ကို စောင့် သော ခွေး တို့ တွင် မျှ နေ ရာ မ ပေး။
2
သူ တို့ သည် အ စွမ်း သတ္တိ ကုန် ပြီး မှ၊ ငါ့ အ မှု ကို အ ဘယ် သို့ ဆောင် ရွက် နိုင် သ နည်း။
3
ဆင်း ရဲ ငတ် မွတ် သော ကြောင့်၊ သူ တ ပါး များ နှင့် မ ပေါင်း ဘော်။ နက် နဲ သော တော အ ရပ် နှင့် လူ ဆိတ် ညံ ရာ အ ရပ် သို့ ပြေး ကြ ၏။
4
စား စ ရာ ဘို့ ချုံ ဖုတ် နား မှာ မ လွှ မြက် ကို ရိတ် ၍၊ ရ သမ် မြစ် ကို လည်း တူး ကြ ၏။
5
လူ နေ ရာ မှ နှင် ထုတ် ခြင်း ကို ခံ ရ ၍၊ သူ ခိုး ကို လိုက် သ ကဲ့ သို့ သူ တ ပါး တို့ သည် လိုက် ၍ အော် ဟစ် ကြ ၏။
6
ကြောက် မက် ဘွယ် သော တောင် ကြား၊ မြေ တွင်း၊ ကျောက် ခေါင်း ၌ နေ ကြ ၏။
7
ချုံ ဖုတ် အောက် မှာ မြည် တမ်း လျက်၊ ဆူး ပင် အောက် မှာ စု ဝေး လျက် နေ ကြ ၏။
8
လူ မိုက် သား၊ လူ ယုတ် သား ဖြစ် ၍၊ အ ရပ် ရပ် နှင် ထုတ် ခြင်း ကို ခံ ရ ကြ ၏။
9
ယ ခု မူ ကား၊ ငါ သည် သူ တို့ သီ ချင်း ဆို ရာ၊ ကဲ့ ရဲ့ ပုံ ခိုင်း ရာ ဖြစ် ပါ သည် တ ကား။
10
ငါ့ ကို ရွံ ရှာ ၍ ဝေး စွာ ရှောင် တတ် ကြ ၏။ ငါ့ မျက် နှာ ကို တံ ထွေး နှင့် မ ထွေး ဘဲ မ နေ ကြ။
11
ဘု ရား သ ခင် သည် ငါ့ ကို လေး နှင့် ပစ် ၍ ညှဉ်း ဆဲ တော် မူ သော ကြောင့်၊ သူ တို့ သည် ငါ့ ရှေ့ မှာ ဇက် ကြိုး ကို လွှတ် တတ် ကြ ၏။
12
သူ ငယ် တို့ သည် ငါ့ လက်ျာ ဘက် ၌ ထ ၍၊ ငါ့ ခြေ ကို တွန်း ကြ ၏။ ငါ့ ကို ဖျက် ဆီး ခြင်း ငှါ လမ်း ဖို့ ကြ ၏။
13
ငါ့ လမ်း ကို ဖျက် ၍ ငါ့ ကို လဲ စေ ခြင်း ငှါ ကြိုး စား ကြ ၏။ သူ တို့ တွင် သ တိ ပေး သော သူ မ ရှိ။
14
ကျယ် သော တွင်း ပေါက် ၌ ဝင် သ ကဲ့ သို့၊ ငါ့ ကို တိုက် ၍ ဖြို ဖျက် ရာ ကို ခို လှုံ လျက်၊ ငါ့ ထံ သို့ တ ဟုန် တည်း ပြေး လာ ကြ ၏။
15
ကြောက် မက် ဘွယ် သော အ ရာ တို့ သည် ငါ့ အ ပေါ် သို့ ရောက် ၍၊ လေ တိုက် သ ကဲ့ သို့ ငါ့ ဘုန်း ကို လိုက် သ ဖြင့်၊ ငါ့ စည်း စိမ် သည် မိုဃ်း တိမ် ကဲ့ သို့ လွင့် ကုန် ပြီ။
16
ယ ခု မူ ကား၊ ငါ့ နှ လုံး ကြေ ကွဲ ပြီ။ ဒုက္ခ ဆင်း ရဲ ခံ ရာ ကာ လ သည် ငါ့ ကို မှီ ပြီ။
17
ညဉ့် အ ခါ ငါ့ အ ရိုး တို့ သည် အ လွန် ကိုက် ခဲ ၍၊ ငါ့ အ ကြော တို့ သည် သက် သာ ခြင်း မ ရှိ ရ ကြ။
18
ငါ့ အ နာ သည် ပြင်း ထန် သ ဖြင့်၊ အ ဝတ် နှင့် ဖုံး လွှမ်း သ ကဲ့ သို့၊ ငါ့ ကို ဖုံး လွှမ်း ၍ အင်္ကျီ လည် စွပ် ကဲ့ သို့ ငါ့ ကို စည်း လျက် နေ ၏။
19
ငါ့ ကို ရွှံ့ ထဲ သို့ တွန်း ချ တော် မူ သ ဖြင့်၊ ငါ သည် မြေ မှုန့် နှင့် မီး ဖို ပြာ ကဲ့ သို့ ဖြစ် လေ ပြီ။
20
ကိုယ် တော် အား အ ကျွန်ုပ် အော် ဟစ် သော် လည်း ကြား တော် မ မူ။ အ ကျွန်ုပ် သည် မတ် တတ် နေ သော် လည်း မှတ် တော် မ မူ။
21
အ ကျွန်ုပ် ကို ကြမ်း တမ်း စွာ ပြု ၍၊ အား ကြီး သော လက် တော် နှင့် ညှဉ်း ဆဲ တော် မူ ၏။
22
အ ကျွန်ုပ် ကို ချီ သွား ၍၊ လေ ကို စီး စေ သ ဖြင့်၊ အ ကျွန်ုပ် ၏ ကိုယ် ခန္ဓာ ကို ဖြုတ် လွှင့် တော် မူ ၏။
23
သေ ခြင်း သို့ ၎င်း၊ အ သက် ရှင် သော သူ ခပ် သိမ်း တို့ အ ဘို့ စီ ရင် သော နေ ရာ သို့ ၎င်း၊ အ ကျွန်ုပ် ကို ပို့ ဆောင် တော် မူ မည် ဟု အ ကျွန်ုပ် သိ ပါ ၏။
24
ဘု ရား သ ခင် သည် လက် ဆန့် တော် မူ သော အ ခါ၊ တောင်း ပန် သော် လည်း အ ချည်း နှီး ဖြစ် ၏။ ဖျက် ဆီး တော် မူ သော အ ခါ၊ အော် ဟစ် သော် လည်း ကျေး ဇူး မ ရှိ။
25
အ မှု ရောက် သော သူ အ တွက် ငါ ငို ကြွေး ဘူး ပြီ မ ဟုတ် လော။ ဆင်း ရဲ သော သူ အ တွက် ငါ စိတ် နာ ကြဉ်း ဘူး ပြီ မ ဟုတ် လော။
26
သို့ သော် လည်း၊ ငါ သည် ကောင်း ကျိုး ကို မြော် လင့် သော အ ခါ ဘေး ရောက် လာ ၏။ အ လင်း ကို တောင့် တ သော အ ခါ မှောင် မိုက် ဖြစ် ၏။
27
ငါ့ အ သည်း သည် ပူ လောင် ၍ ငြိမ်း ခြင်း မ ရှိ။ ဒုက္ခ ဆင်း ရဲ ခံ ရာ ကာ လ သည် ငါ့ ကို တွေ့ မိ ပြီ။
28
နေ ရောင် ကွယ် ၍ မှောင် မိုက် ၌ လှည့် လည် ရ ၏။ ပ ရိ သတ် အ လယ် ၌ မတ် တတ် နေ ၍ ကြွေး ကြော် ရ ၏။
29
မြေ ခွေး တို့ နှင့် ညီ အစ် ကို တော် ၏။ ကု လား အုပ် ငှက် တို့ နှင့် ပေါင်း ဘော် ရ ၏။
30
အ ဆင်း မည်း လျက် အ ရိုး ပူ လောင် လျက် ရှိ ၏။ ငါ့ စောင်း သည် ညည်း တွား သော အ သံ၊ ငါ့ ပု လွေ သည် ငို ကြွေး သော အ သံ ကို သာ ပေး တတ် ၏။