ယောဘဝတ္တု။-26

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ယော ဘ ပြန် ၍ မြွက် ဆို သည် ကား၊
  • 2 သင် သည် အား နည်း သော သူ ကို အ ဘယ် သို့ မ စ သ နည်း။ လက် ကျ သော သူ ကို အ ဘယ် သို့ ထောက် ပင့် သ နည်း။
  • 3 မိုက် သော သူ ကို အ ဘယ် သို့ အ ကြံ ပေး သ နည်း။ ထူး ဆန်း သော ပ ညာ ကို အ ဘယ် သို့ ပြ သ နည်း။
  • 4 ဤ စ ကား ကို အ ဘယ် သူ အား မြွက် ဆို သ နည်း။ အ ဘယ် သူ ၏ ဝိ ညာဉ် အား ဖြင့် ဟော ပြော သ နည်း။
  • 5 အောက် အ ရပ် ၌ သင်္ချိုင်း သား တို့ နှင့် တ ကွ ရေ များ နှင့် ရေ ၌ နေ သော သူ များ တို့ သည် တုန် လှုပ် ကြ ၏။
  • 6 မ ရ ဏာ နိုင် ငံ သည် ရှေ့ တော် ၌ လှန် လျက် ရှိ ၏။ အ ဗဒ္ဒုန် နိုင် ငံ ကို ဖုံး အုပ် ခြင်း မ ရှိ ရာ။
  • 7 မိုဃ်း ကောင်း ကင် ကို လွတ် လပ် လ ဟာ ၌ ကြက် တော် မူ ၏။ မြေ ကြီး ကို အ ခု အ ခံ မ ရှိ ဆွဲ ထား တော် မူ ၏။
  • 8 ထူ ထပ် သော မိုဃ်း တိမ် တော် နှင့် ရေ ကို ထုပ် တော် မူ ၍၊ မိုဃ်း တိမ် သည် မ စုတ် မ ပြတ် နေ ၏။
  • 9 မိုဃ်း တိမ် တော် ကို ဖြန့် ၍ ပလ္လင် တော် မျက် နှာ ကို ဖုံး အုပ် တော် မူ ၏။
  • 10 အ လင်း နှင့် အ မိုက် ဆုံ မိ ရာ အ ပိုင်း အ ခြား ၌ စ ကြ ဝ ဠာ ကို ကန့် ကွက် တော် မူ ၏။
  • 11 ဆုံး မ တော် မူ ခြင်း ကြောင့်၊ မိုဃ်း ကောင်း ကင် တိုင် တို့ သည် တုန် လှုပ် ၍ မိန်း မော တွေ ဝေ လျက် နေ ကြ ၏။
  • 12 တန် ခိုး တော် အား ဖြင့် သ မုဒ္ဒ ရာ ကို ဆုံး မ တော် မူ ၏။ ပ ညာ တော် အား ဖြင့် သူ ၏ မာ န ကို ချိုး ဖျက် တော် မူ ၏။
  • 13 ဝိ ညာဉ် တော် အား ဖြင့် မိုဃ်း ကောင်း ကင် တန် ဆာ များ ကို ပြင် ၍၊ လျင် မြန် သော န ဂါး ကို လည်း ဖန် ဆင်း တော် မူ ၏။
  • 14 ဤ ရွေ့ ကား၊ အ မှု တော် အ ရိပ် အ မြွက် သာ ဖြစ် ၏။ စ ကား တော် အ သံ အ နည်း ငယ် ကို သာ နား ကြား ရ ၏။ တန် ခိုး တော် မိုဃ်း ကြိုး သံ ကို အ ဘယ် သူ နား လည် နိုင် သ နည်း ဟု မြွက် ဆို ၏။
回到本卷目录 回到本版本目录 回到首页