ယောဘဝတ္တု။-23

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ယော ဘ ပြန် ၍ မြွက် ဆို သည် ကား၊
  • 2 ယ ခု ငါ ပြင်း စွာ မြည် တမ်း သော် လည်း၊ ငါ ခံ ရ သော ဒဏ် သည် သာ ၍ ပြင်း ပါ ၏။
  • 3 ဘု ရား သ ခင် ကို တွေ့ နိုင် သော အ ရပ် ကို ငါ သိ ပါ စေ သော။ ပလ္လင် တော် ရှေ့ သို့ ရောက် ပါ စေ သော။
  • 4 ရှေ့ တော် သို့ ရောက် မှ ငါ သည် ကိုယ် အ မှု ကို ပြင် ဆင် ၍၊ များ စွာ သော အ ကျိုး အ ကြောင်း တို့ ကို လျှောက် ထား ရ ၏။
  • 5 ငါ့ အား ပြန် ပြော မိန့် မြွက် တော် မူ သော စ ကား တော် ကို ငါ သိ နား လည် ရ ၏။
  • 6 မ ဟာ တန် ခိုး တော် အား ဖြင့် ငါ နှင့် တ ရား တွေ့ တော် မူ မည် လော။ တွေ့ တော် မ မူ။ ငါ့ စ ကား ကို နား ထောင် တော် မူ မည်။
  • 7 ဖြောင့် မတ် သော သူ သည် ရှေ့ တော် ၌ ဆွေး နွှေး သော အ ခွင့် ရှိ ၍၊ တ ရား ရှင် သည် ငါ့ အ မှု ကို အ စဉ် ရှင်း လင်း စေ တော် မူ မည်။
  • 8 ယ ခု မူ ကား၊ ငါ တက် လျှင် ဘု ရား သ ခင် ရှိ တော် မ မူ။ ဆုတ် လျှင် ကိုယ် တော် ကို မ ရိပ် မိ။
  • 9 လုပ် တော် မူ ရာ လက် ဝဲ ဘက် သို့ သွား လျှင် ကိုယ် တော် ကို မ ဖူး မ တွေ့ ရ။ လက်ျာ ဘက် ၌ ပုန်း ရှောင် လျက် နေ တော် မူ သော ကြောင့်၊ ကိုယ် တော် ကို မ မြင် ရ။
  • 10 သို့ သော် လည်း ငါ သွား သော လမ်း ကို သိ တော် မူ ၏။ စစ် တော် မူ ခြင်း ကို ခံ ပြီး မှ၊ ရွှေ ကဲ့ သို့ ငါ ပေါ် လိမ့် မည်။
  • 11 ခြေ တော် ရာ ကို အ စဉ် တ စိုက် ငါ ရှောက် သွား ၍၊ ကြွ တော် မူ ရာ လမ်း ကို မ လွှဲ မ ရှောင် လိုက် ပါ ၏။
  • 12 ထား တော် မူ သော ပ ညတ် တို့ ကို ငါ မ ပယ်။ နှုတ် တော် ထွက် စ ကား တို့ ကို ငါ့ ရင် ခွင် ၌ သို ထား ပါ ၏။
  • 13 သို့ ရာ တွင် သ ဘော တ ညီ တည်း ရှိ တော် မူ သော ဘု ရား သ ခင် ကို အ ဘယ် သူ သည် ပြောင်း လဲ စေ နိုင် မည် နည်း။ အ လို တော် ရှိ သည် အ တိုင်း ပြု တော် မူ လိမ့် မည်။
  • 14 ငါ့ အ ငန်း အ တာ ကို စီ ရင် တော် မူ ၏။ ထို သို့ သော အ ကြံ အ စည် တော် အ များ ရှိ ကြ ၏။
  • 15 ထို ကြောင့် ရှေ့ တော် ၌ ငါ ထိတ် လန့် လျက် နေ ၍ ဆင် ခြင် သော အ ခါ၊ ကိုယ် တော် ကို ကြောက် ရွံ့ ရ ၏။
  • 16 ဘု ရား သ ခင် သည် ငါ့ စိတ် ပျက် စေ ခြင်း ငှါ ၎င်း၊ အ နန္တ တန် ခိုး ရှင် သည် ငါ ကြောက် ရွံ့ စေ ခြင်း ငှါ ၎င်း ပြု တော် မူ ၏။
  • 17 အ ကြောင်း မူ ကား၊ မှောင် မိုက် မ ရောက် မှီ ငါ့ ကို ပယ် ရှင်း တော် မ မူ။ ထူ ထပ် သော မှောင် မိုက် မှ ငါ့ ကို ကွယ် ကာ တော် မ မူ ပါ တ ကား။
回到本卷目录 回到本版本目录 回到首页