1
ထို အ ခါ ဗော ဇ သည် မြို့ တံ ခါး ဝ သို့ သွား ရောက် ထိုင် နေ စဉ်၊ ပြော ခဲ့ ဘူး သော ရွေး ပိုင် သူ သီး သန့် သွား ရာ၊ ဟေ့ အ ချင်း၊ လှည့်၍ ဤ တွင် ထိုင် ဦး လော့ ဟု ဆို သည့် အ တိုင်း လှည့်၍ ထိုင် နေ လေ ၏။
2
ထို နောက် မြို့ လူ ကြီး တစ် ကျိပ် ကို လည်း ခေါ် လျက် ထိုင် ကြ ပါ ဦး ဟု ဆို သည် နှင့် အ ညီ
3
ထိုင် နေ ကြ သော အ ခါ ရွေး ပိုင် သူ အား ဗော ဇ က၊ မော ဘ ပြည် မှ ပြန် လာ သော နော မိ သည် ငါ တို့ အစ် ကို တော် သူ ဧ လိ မ လက် ပိုင် သော မြေ ကွက် ကို ရောင်း ချ လို သည် ဖြစ်၍
4
ဤ တွင် ထိုင် နေ ကြ သော ငါ့ အ မျိုး လူ ကြီး တို့ ရှေ့၊ ဝယ် ပါ ဟူ၍ ဆို လို ရင်း ရှိ သည့် အ တိုင်း သင် ရွေး လို မူ ရွေး ပါ လော့။ မ ရွေး လို မူ ကြား ပြော ပါ။ သင် မှ တစ် ပါး ရွေး ပိုင် သူ မ ရှိ၊ သင့် နောက် ငါ သည် ရွေး ပိုင် သူ ဖြစ် ပါ ဟု ဆို လျှင် ရွေး ပါ မည် ဟု ပြန် ဆို ရာ၊
5
ဗော ဇ က၊ ထို မြေ ကွက် ကို နော မိ လက် မှ ဝယ် မည့် နေ့ ရက်၌ သေ လွန် သူ၏ အ မည် ကို ကိုယ့် အ မွေ စု တွင် တည် စေ ရန် သေ လွန် သူ့ မ ယား မော ဘ ပြည် သူ ရု သ ကို ဝယ် ယူ ရဦး မည် ဟု ဆို သော် ရွေး ပိုင် သူ က၊
6
ငါ သည် ကိုယ့် အ မွေ စု ပျက် မည့် စိုး သော ကြောင့် မ ရွေး နိုင် ချေ။ သို့ ဖြစ်၍ ငါ ရွေး ပိုင် ထိုက် ခွင့် ကို သင့် ကိုယ် တိုင် ယူ ပါ တော့ ဟု ဆို၏။
7
ဣ သ ရေ လ ရှေး ဟောင်း ထုံး စံ မှာ ရွေး ခြင်း အ မှု၊ လွှဲ ပြောင်း ခြင်း အ မှု ခိုင် ခံ့ စေ ခြင်း ငှါ၊ တစ် ဦး သည် တစ် ဦး သို့ ကိုယ် စီး နင်း သော ဖိ နပ် ကို ချွတ်၍ ပေး အပ် လေ့ ရှိ သည့် အ တိုင်း ပြု လျှင်၊ ဣ သ ရေ လူ မျိုး တွင် သက် သေ အ ဖြစ် တည် ၏။
8
သို့ ဖြစ်၍ ဗော ဇ အား ရွေး ပိုင် သူ က၊ ကိုယ် တိုင် ဝယ် ပါ တော့ ဟု ဆို လျက် စီး သော ဖိ နပ် ကို ချွတ် ပေး ရာ
9
လူ ကြီး တို့ နှင့် တ ကွ မြို့ သူ မြို့ သား အ ပေါင်း တို့ အား ဗော ဇ က၊ ငါ သည် နော မိ လက် မှ ဧ လိ မ လက်၊ ခိ လျုန်၊ မ ဟာ လုန် တို့ ပိုင် သ မျှ ကို ဝယ် သည့် ပြင်
10
ဆွေ မျိုး သား ချင်း တို့ နှင့် နေ ရင်း မြို့ တံ ခါး အ တွင်း၌ သေ လွန် သူ၏ အ မည် မ ပျက် မ ကွက် စေ ဘဲ အ မွေ စု တွင် တည် စေ ခြင်း ငှါ မ ဟာ လုန့် မ ယား၊ မော ဘ ပြည် သူ ရု သ ကို လည်း ကြင် ဘက် အ ဖြစ် ဝယ် ယူ ကြောင်း ယ နေ့ သင် တို့ သည် သက် သေ ဖြစ် ကြ သည် ဟု ပြော ဆို သည့် အ လျောက်
11
တံ ခါး အ နီး ရှိ မြို့ သူ မြို့ သား အ ပေါင်း တို့ နှင့် လူ ကြီး တို့ က ငါ တို့ သည် သက် သေ ဖြစ် ကြ၏။ သင့် အိမ် သို့ ဝင် ရောက် သူ ဤ မိန်း မ ငယ်၌ ဣ သ ရေ လ အ မျိုး ကို တည် ဆောက် သော ရာ ခေ လ နှင့် လေ အာ တို့ နည်း တူ ထာ ဝ ရ ဘု ရား ပြု တော် မူ ပါ စေ သော။ သင် လည်း ဧ ဖ ရတ် ခ ရိုင်၊ ဗက် လင် မြို့ ပေါ် တွင် သြ ဇာ ကြီး၍ အ သ ရေ တိုး တက် ပါ စေ သော။
12
ထာ ဝ ရ ဘု ရား သ နား တော် မူ သ ဖြင့် ဤ မိန်း မ ငယ် မှ ဆင်း သက် သော သင့် အ မျိုး အ နွယ် သည် ယု ဒ မ ယား တာ မာ ဖွား မြင် သော ဖာ ရက် အ မျိုး အ နွယ် နည်း တူ ဖြစ် ပါ စေ သော ဟု ဆို ကြ သ တည်း။
13
ဗော ဇ သည် ရု သ ကို ကြင် ဖက် အ ဖြစ် သိမ်း ပိုက် လျှင် ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ကြောင့် သ န္ဓေ တည်၍ သား ယောက်ျား ကို ဖွား မြင် သော အ ခါ
14
နော မိ အား မြို့ သူ တို့ က၊ ယ နေ့ သင်၌ ရွေး ပိုင် သူ့ ကို ပြတ် ကင်း စေ တော် မ မူ သော ထာ ဝ ရ ဘု ရား သည် မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။ ထို သူ ငယ်၏ အ မည် သည် ဣ သ ရေ လ လူ မျိုး တွင် အ သ ရေ ရှိ ပါ စေ သော။
15
သင့် ကို ချစ် မြတ် နိုး သ ဖြင့် သား ခု နစ် ယောက် ထက် မြတ် သော ချွေး မ သည် သူ ငယ် ကို ဖွား မြင် သော ကြောင့် ထို သူ ငယ် သည် အ သက် ကို အား ဖြည့် သူ၊ အို မင်း သော အ ခါ ကျွေး မွေး သူ၊ သင်၌ ဖြစ် လိမ့် မည် ဟု ဆို ကြ ၏။
16
နော မိ သည် ထို သူ ငယ် ကို ယူ ငင် ပွေ့ ပိုက် လျက် အ ထိန်း အ ရာ၌ တည် လေ၏။
17
နော မိ သည် သား ယောက်ျား ကို ရ လေ ပြီ ဟု အိမ် နီး ချင်း မိန်း မ တို့ ဆို လျက် သြ ဗက် အ မည် ဖြင့် မှည့် ကြ လေ၏။ သြ ဗက် သား ကား၊ ယေ ရှဲ၊ ယေ ရှဲ သား ကား ဒါ ဝိဒ် မင်း ဖြစ် သ တည်း။
18
ဖာ ရက် သား စဉ် မြေး ဆက် မှာ မူ ဖာ ရက် သား၊ ဟေ ဇ ရုံ၊ ဟေ ဇ ရုံ သား၊ အာ ရံ။
19
အာ ရံ့ သား၊ အ မိ န ဒပ်၊
20
အ မိ န ဒပ် သား၊ နာ ရှုန်၊ နာ ရှုန့် သား စာ လ မုန်။
21
စာ လ မုန့် သား ဗော ဇ၊ ဗော ဇ သား သြ ဗက်။
22
သြ ဗက် သား ယေ ရှဲ၊ ယေ ရှဲ သား ဒါ ဝိဒ် မင်း တည်း။