ရု​သ-2

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 နော မိ လင် ဧ လိ မ လက်၏ အ မျိုး အ နက်၊ ပေါ များ သူ ဗော ဇ အ မည် ရှိ သော ဆွေ မျိုး တစ် ဦး ရှိ၏။
  • 2 ထို အ ခါ မော ဘ ပြည် သူ ရု သ က၊ မု ယော ခင်း အ တွင်း သွား၍ စိတ် နှင့် တွေ့ သူ့ နောက် က ကောက် သင်း ကောက် ပါ ရ စေ ဟု နော မိ ထံ အ ခွင့် ပန် လျှင် ငါ့ သ မီး၊ သွား လေ လော့ ဟု အ ခွင့် ရ သည့် အ တိုင်း၊
  • 3 သွား ရောက် ပြီး လျှင် အ ခင်း တွင် ရိတ် သိမ်း သူ တို့ နောက် လိုက်၍ ကောက် သင်း ကောက် ရာ ဧ လိ မ လက် အ မျိုး ဖြစ် သော ဗော ဇ ပိုင် မြေ ကွက် တွင် ကောက် မိ လေ ၏။
  • 4 ဗော ဇ သည် ဗက် လင် မြို့ မှ လာ ရောက်၍ သင် တို့ နှင့် အ တူ ထာ ဝ ရ ဘု ရား တည် ရှိ ပါ စေ သော ဟု ရိတ် သိမ်း သူ တို့ အား ဆို လျှင် သူ တို့ က ထာ ဝ ရ ဘု ရား သည် အ ရှင် အား ကောင်း ကြီး ပေး တော် မူ ပါ စေ သော ဟု ပြန် ဆို ကြ၏။
  • 5 ဤ မိန်း မ ငယ် သည် မည် သူ နှင့် ဆိုင် သ နည်း ဟု လယ် ခေါင်း အား မေး မြန်း သော်၊
  • 6 မော ဘ ပြည် မှ နော မိ နှင့် အ တူ လိုက် ပါ သော မော ဘ အ မျိုး သ မီး ဖြစ် ပါ သည်။
  • 7 ကောက် လှိုင်း စု တွင် ရိတ် သိမ်း သူ တို့ နောက် လိုက်၍ ကောက် သင်း ကောက် ပါ ရ စေ ဟု အ ခွင့် ပန် သည့် အ လျောက် တဲ တွင် ခ ဏ နား ပြီး မှ နံ နက် အ ချိန် မှ စ၍ ယ ခု တိုင်၊ ကောက် လျက် နေ ပါ သည် ဟု လယ် ခေါင်း လျှောက် ဆို သည့် အ တိုင်း၊
  • 8 ရု သ အား ဗော ဇ က၊ နား ထောင် ပါ၊ ချစ် သ မီး၊ အ ခြား အ ခင်း များ တွင် ကောက် သင်း ကောက် ရန် ဤ အ ရပ် မှ မ ထွက် မ သွား ဘဲ ငါ့ ကျွန် မိန်း မ တို့ နှင့် အ တူ နေ ထိုင် ပါ လော့။
  • 9 ရိတ် သိမ်း သော အ ခင်း ကို မှတ်၍ လိုက် လော့။ လု လင် တို့ သည် သင်၌ မ ထိ မ ခိုက် ရန် မှာ နှင့် ပြီ မ ဟုတ် လော။ ရေ ငတ် လျှင် အိုး ထား ရာ သို့ သွား၍ လု လင် တို့ ခပ် လောင်း သော ရေ ကို သောက် လော့ ဟု ဆို သော်၊
  • 10 ရု သ သည် ဦး ညွှတ် ပျပ် ဝပ် လျက် လူ မျိုး ခြား ဖြစ် သော ကျွန် မ ကို သိ မှတ် ရန်၊ စိတ် တော် နှင့် မည် သည့် အ ကြောင်း ဖြင့် တွေ့ ရ ပါ သ နည်း ဟု လျှောက် ရာ
  • 11 ဗော ဇ က၊ သင့် လင် ကွယ် လွန် ပြီး နောက် ယော က္ခ မ အား ပြု စု သ မျှ ကို လည်း ကောင်း၊ သင် သည် ချက် မြှုပ် ရာ ဌာ န နှင့် မိဘ တို့ ကို စွန့် ၍ ယ မန် က မ သိ ဘူး သော လူ မျိုး ထံ ရောက် လာ သည် ကိုလည်း ကောင်း၊ ငါ အ သေ အ ချာ သိ ပါ ပြီ။
  • 12 ထာ ဝ ရ ဘု ရား သည် သင့် အ မှု အ တိုင်း ဆပ် ပေး တော် မူ၍ အ တောင် တော် အောက် တွင် ခို လှုံ ရန် လာ ရောက် သည် နှင့် အ ညီ၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ထံ တော် မှ ဆု ကျေး ဇူး တော် ကို သင် ရ ပါ စေ သော ဟု ဆို သော အ ခါ
  • 13 ရု သ က၊ အို အ ရှင်၊ စိတ် တော် နှင့် တွေ့ ပါ ရ စေ။ အ ရှင့် ကျွန် မိန်း မ တို့ နှင့် ကျွန် မ အ မျိုး မ တူ သော် လည်း မေတ္တာ စ ကား ဖြင့် အ ရှင် နှစ် သိမ့် စေ တော် မူ ပါ ပြီ ဟု ပြန် လျှောက် လေ ၏။
  • 14 စား သောက် ချိန် တွင် ဗော ဇ က၊ လာ လှည့်၊ စား ပါ လော့။ ပုံး ရည် တွင် စိမ်၍ စား လော့ ဟု ဆို သည့် အ တိုင်း ရု သ သည် ရိတ် သိမ်း သူ တို့ အ နီး ထိုင်၍ ပေး ကမ်း ကြ သော မုန့် ဆန်း ကို ဝ စွာ စား ပြီး မှ အ ကျန် ချန် ထား သေး ၏။
  • 15 တစ် ဖန် ကောက် သင်း ကောက် ရန် ထ သော အ ခါ လု လင် တို့ အား ဗော ဇ က၊ ထို မိန်း မ ငယ် သည် ကောက် လှိုင်း စု အ တွင်း တွင် ကောက် သင်း ကောက် ပါ စေ။ အ ပြစ် မ တင် ကြ နှင့်။
  • 16 ကောက် ဆုပ် များ မှ သူ့ အ ဖို့ ချ သ ဖြင့် ကောက် ယူ ပါ စေ။ မ ဆို ကြ ပါ နှင့် ဟု မှာ ထား လေ ၏။
  • 17 ရု သ သည် ထို အ ခင်း တွင် ညဉ့် ဦး တိုင် အောင် ကောက်၍ မု ယော စ ပါး ကို နယ် ရာ တစ် တင်း ခန့် ရ သ ဖြင့်
  • 18 မြို့ တွင်း သို့ ရွက် ဝင်၍ ယော က္ခ မ အား ပြ လျက် ဝ စွာ စား ပြီး မှ ချန် ထား သော အ စာ ကို လည်း ထုတ် ပေး လေ၏။
  • 19 ယ နေ့ အ ဘယ် အ ခင်း တွင် ကောက်၍ လုပ် ဆောင် သ နည်း။ သင့် ကို ကြည့် ရှု သူ၌ မင်္ဂ လာ ရှိ ပါ စေ သော ဟု ယော က္ခ မ ဆို လျှင် ယ နေ့ ကျွန် မ လုပ် ဆောင် သော အ ခင်း ရှင့် အ မည် ကား ဗော ဇ ဖြစ် ပါ သည် ဟု ဆို လျက် အ ခင်း ရှင့် အ မည် ကို ယော က္ခ မ အား ကြား ပြော သော်
  • 20 နော မိ က၊ သေ သူ ရှင် သူ တို့၌ မ ပြတ် မ စဲ ကျေး ဇူး ပြု သော ထို သူ သည် ထာ ဝ ရ ဘု ရား အ ထံ တော် မှ မင်္ဂ လာ ခံ ရ ပါ စေ သော ဟူ ၍ လည်း ကောင်း၊ ငါ တို့ ဆွေ မျိုး နီး စပ် ရွေး ပိုင် သူ တို့ အ ပါ အ ဝင် ဖြစ် သည် ဟူ၍ လည်း ကောင်း၊
  • 21 ချွေး မ အား ပြော လျှင်၊ မော ဘ ပြည် သူ ရု သ က ရိတ် သိမ်း မှု မ ပြီး မ ချင်း၊ ငါ့ လု လင် တို့ နှင့် မ ခွဲ ဘဲ ကောက် လော့ ဟု မိန့် မှာ ကြောင်း ပြန် ကြား ရာ၊
  • 22 နော မိ က၊ ငါ့ သ မီး၊ အ ခြား အ ခင်း တွင် အ ထိ အ ခိုက် မ ရှိ စေ ရန် ထို သူ့ ကျွန် မိန်း မ တို့ နှင့် အ ပေါင်း အ သင်း ပြု လျှင် တော် လိမ့် မည် ဟု ပြန် ပြော သည့် အ လျောက်
  • 23 ချွေး မ ရု သ သည် မု ယော ဂျုံ စ ပါး ရိတ် သိမ်း မှု မ ပြီး မ ချင်း ဗော ဇ၏ ကျွန် မိန်း မ တို့ နှင့် မ ခွဲ ဘဲ ကောက် သင်း ကောက် လျက် ယော က္ခ မ နှင့် အ တူ နေ ထိုင် လေ ၏။
回到本卷目录 回到本版本目录 回到首页