1
ထို နောက် ယော က္ခ မ နော မိ က၊ ငါ့ သ မီး၊ သင်၌ ငြိမ်း ချမ်း စွာ နား နေ ခွင့် ရ ရန်၊ ငါ မ ရှာ သင့် သ လော။
2
သင့် အ ပေါင်း အ သင်း ကျွန် မိန်း မ တို့၏ အ ရှင် ဗော ဇ သည် ငါ တို့ ဆွေ မျိုး ဖြစ် သည် မ ဟုတ် လော။ ထို သူ ယ နေ့ ညဉ့် တွင် ကောက် နယ် တ လင်း ၌ မု ယော စ ပါး လှေ့ လျက် ရှိ လိမ့် မည် ဖြစ်၍၊
3
ရေ ချိုး ခြင်း၊ ဆီ လိမ်း ခြင်း၊ အ ဝတ် ဆင် ယင် ခြင်း ပြု ပြီး လျှင်၊ ကောက် နယ် တ လင်း သို့ သွား လေ လော့။ စား သောက် မှု မ ပြီး မီ မျက် နှာ မ ပြ ဘဲ
4
သူ အိပ် သော အ ခါ အိပ် ရာ ကို မှတ် သား လျက် ချဉ်း ကပ် ပြီး လျှင် ခြေ ရင်း မှ စောင် ကို ဖွင့်၍ ဝင် အိပ် လေ လော့။ သင် ပြု အပ် သော အ ကြောင်း ကို ဖော် ပြ လိမ့် မည် ဟု ဆို သော်၊
5
ရု သ က၊ အ မိ ပြော သ မျှ အ တိုင်း လိုက် နာ ပါ မည် ဟု ဝန် ခံ ပြီး နောက်
6
ကောက် နယ် တ လင်း သို့ သွား ရောက် လျက် ယော က္ခ မ ပြော ဆို သ မျှ အ တိုင်း လိုက် နာ လေ ၏။
7
ဗော ဇ သည် စား သောက် သ ဖြင့် စိတ် ရွှင် လန်း လျက် စ ပါး ပုံ ခြေ ရင်း တွင် သွား ရောက် အိပ် နေ ရာ၊ တိတ် တ ဆိတ် ရု သ ချဉ်း ကပ် ပြီး သော် ခြေ ရင်း မှ စောင် ကို ဖွင့်၍ ဝင် အိပ် လေ ၏။
8
သန်း ခေါင် အ ချိန်၌ ထို သူ လန့် လျက် လူး လှိမ့် သော အ ခါ ခြေ ရင်း တွင် အိပ် နေ သော မိန်း မ ကို တွေ့ မြင် သည် နှင့် သင် မည် သူ နည်း ဟု မေး လျှင်
9
အ ရှင့် ကျွန် မ ရု သ ဖြစ် ပါ၏။ အ ရှင် သည် ရွေး ပိုင် သူ ဖြစ် သည့် အ လျောက် စောင် အ မြိတ် ဖြင့် ကျွန် မ ကို ခြုံ လွှမ်း ပါ ဟု လျှောက် ရာ
10
ဗော ဇ က၊ ချစ် သ မီး၊ ထာ ဝ ရ ဘု ရား အ ထံ တော် မှ မင်္ဂ လာ ခံ ရ ပါ စေ သော။ သူ ဌေး ဖြစ် စေ၊ ဆင်း ရဲ သား ဖြစ် စေ၊ ပျို ရွယ် သူ တို့ နောက် သို့ မ လိုက် လို သော ကြောင့် ယ ခု သင် ပြု သော ကျေး ဇူး သည် ရှေး ထက် သာ၍ ကြီး မြတ် လှ ၏။
11
ချစ် သ မီး၊ မ ကြောက် လင့်။ တောင်း လျှောက် သ မျှ ကို ငါ ပြု ပါ မည်။ သင် သည် နှ လုံး ရည် ကောင်း သော မိန်း မ ဖြစ် ကြောင်း ကို ငါ့ လူ မျိုး နေ ရာ တစ် မြို့ လုံး သိ ကြ၏။
12
ငါ သည် ရွေး ပိုင် သူ မှန် ငြား သော် လည်း ငါ့ ထက် သာ၍ ရင်း သော ရွေး ပိုင် သူ တစ် ဦး ရှိ သေး၏။
13
ယ နေ့ ညဉ့် တွင် အိပ် နေ ပါ ဦး။ နက် ဖြန် ထို သူ သည် ရွေး ပိုင် သည့် ဝ တ္တ ရား ကို စောင့် ရှောက် လျှင် တော် သင့်၏။ ပြု ပါ လေ စေ။ စောင့် လို သော သ ဘော မ ရှိ ပါ မူ ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ လျောက် ငါ စောင့် ရှောက် မည်။ အ ရုဏ် တက် သည့် တိုင် အောင် အိပ် တော့ ဟု ဆို သည့် အ တိုင်း
14
ရု သ သည် အ ရုဏ် တက် သည့် တိုင် အောင် ခြေ ရင်း တွင် အိပ် လျက် ကောက် နယ် တ လင်း သို့ မိန်း မ လာ ကြောင်း မည် သူ မျှ မ သိ ရန် ဗော ဇ အ လို ရှိ သည့် အ လျောက် ညီ အစ် ကို မ သိ တ သိ အ ချိန် ထ လေ ၏။
15
ဗော ဇ က လည်း သင်၌ ပါ သော တ ဘက် ကို ဖြန့် ခင်း လော့ ဟု ဆို၍ ရု သ ဖြန့် ခင်း ရာ၊ မု ယော စ ပါး ခြောက် ပြည် ခြင် ပြီး လျှင် ပေး အပ် ရွက် စေ၏။
16
မြို့ တွင်း သို့ ဝင် သွား သ ဖြင့် ယော က္ခ မ ထံ သို့ ရောက် သော်၊ ငါ့ သ မီး၊ မည် သို့ နည်း ဟု ယော က္ခ မ မေး မြန်း ရာ ဗော ဇ ပြု သ မျှ ကိုလည်း ကောင်း၊
17
ယော က္ခ မ ထံ လက် ချည်း မ ပြန် နှင့် ဟု ဆို လျက် မု ယော စ ပါး ခြောက် ပြည် ပေး လိုက် ကြောင်း ကို လည်း ကောင်း၊ ပြန် ကြား လျှင်
18
ယော က္ခ မ က၊ ငါ့ သ မီး၊ ဤ အ မှု မည် သို့ ဖြစ် ပွား သည် ကို မ သိ မ ချင်း ထိုင် နေ လော့။ ထို သူ သည် အ မှု ကို ယ နေ့ အ ပြီး မ သတ် ဘဲ နေ မည် မ ဟုတ် ချေ ဟု ပြော ဆို လေ ၏။