ယော​ရှု-5

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယော် ဒန် မြစ် အ နောက် ဘက် နေ အာ မော ရိ ဘု ရင် တို့ နှင့် သ မု ဒ္ဒ ရာ ကမ်း ခြေ ရှိ ခါ န နိ ဘု ရင် အ ပေါင်း တို့ သည် ဣ သ ရေ လ အ မျိုး သား တို့ ကူး၍ မ ပြီး မ ချင်း၊ သူ တို့ ရှေ့ ယော် ဒန် မြစ် ရေ ကို ထာ ဝ ရ ဘု ရား ခန်း ခြောက် စေ တော် မူ ကြောင်း ကြား သိ ကြ လျှင်၊ ဣသ ရေ လ အ မျိုး သား တို့ ကြောင့် ရဲ ရင့် ခြင်း မ ရှိ နိုင် အောင် စိတ် လျော့ ကြ ၏။
  • 2 ထို ကာ လ ယော ရှု အား၊ ထာ ဝ ရ ဘု ရား က၊ ကျောက် စောင်း ဓား များ ကို လုပ် ပြီး လျှင်၊ ဣ သ ရေ လ အ မျိုး သား တို့ အား လှီး ဖြတ် ခြင်း မင်္ဂ လာ ကို ထပ် ပေး လော့ ဟု မိန့် တော် မူ သည့် အ တိုင်း
  • 3 ယော ရှု သည် ကျောက် စောင်း ဓား များ ကို လုပ် လျက် အ ရာ လုတ် ခေါ် ကုန်း ၌ လှီး ဖြတ် ခြင်း မင်္ဂ လာ ကို ပေး လေ ၏။
  • 4 ပေး ရ သော အ ကြောင်း ဟူ မူ ကား၊ အိ ဂျစ် ပြည် မှ ထွက် လာ သူ၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ခဲ့ သော စစ် သူ ရဲ ယောက်ျား အ ပေါင်း တို့ သည် သဲ က န္တာ ရ ခ ရီး အ ကြား သေ လွန် ကြ၏။ အိ ဂျစ် ပြည် မှ ထွက် သွား ရာ တွင် သဲ က န္တာ ရ ခ ရီး အ ကြား ပေါက် ဖွား သူ တို့ မှာ မူ၊ လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ ရ ကြ သေး။
  • 5
  • 6 ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို မ နာ မ ယူ ကြ သည့် အ တွက် ငါ ပေး မည် ဟု ဘိုး ဘေး တို့ အား ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော နို့ ရည် ပျား ရည် လွှမ်း စီး ရာ ပြည် ကို သင် တို့ မ မြင် ရ ကြ ဟု သ စ္စာ ဆို တော် မူ သည့် အ လျောက် အိ ဂျစ် ပြည် မှ ထွက် လာ သူ၊ စစ် သူ ရဲ အ ပေါင်း တို့ မ ကုန် မ ဆုံး မီ အ တွင်း နှစ် ပေါင်း လေး ဆယ် ကာ လ ပတ် လုံး သဲ က န္တာ ရ၌ လှည့် လည် ရ ကြ၏။
  • 7 သူ တို့ အ စား ပေါက် ဖွား စေ တော် မူ သော သား မြေး တို့ သည်၊ ခ ရီး အ ကြား လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ ရ သေး သော ကြောင့် ထို မင်္ဂ လာ ကို ယော ရှု ပေး ရ လေ၏။
  • 8 တစ် မျိုး လုံး မင်္ဂ လာ ခံ ပြီး နောက် အ နာ မ ပျောက် မ ချင်း တပ် စ ခန်း၌ နေ ရ ကြ စဉ်
  • 9 ယော ရှု အား ထာ ဝ ရ ဘု ရား က၊ အိ ဂျစ် ပြည် သား တို့ ကဲ့ ရဲ့ သော ဝန် ကို သင် တို့ အ ပေါ် မှ ယ နေ့ ငါ လှိမ့် ချ လိုက် ပြီ ဟု မိန့် တော် မူ သည် ကို အ စွဲ ပြု လျက်၊ ထို အ ရပ် ကို ဂိလ ဂါလ ဟူ၍ ယ နေ့ တိုင် အောင် တွင် သ တည်း။
  • 10 ဣ သ ရေ လ အ မျိုး သား တို့ သည် ဂိ လ ဂါ လ အ ရပ် တွင် ချ ရပ် လျက် ထို လ၊ ဆယ့် လေး ရက်၊ ညဉ့် ဦး အ ချိန်၊ ယေ ရိ ခေါ လွင် ပြင်၌ ပ သ ခါ ပွဲ ကို ကျင်း ပ ကြ ပြီး မှ
  • 11 နောက် နေ့ ခါ နာန် စ ပါး ဖြင့် လုပ် သော တ ဆေး မဲ့ မုန့် နှင့် မုန့် ဆန်း ကို နေ့ ချင်း စား ကြ ရာ၊
  • 12 စား ကြ ပြီး နောက် မ န္န မုန့် ကွယ်၍၊ ထို မ န္န မုန့် ကို ဣ သ ရေ လ အ မျိုး သား တို့ နောက် တစ် ဖန် မ စား ရ ကြ ချေ။ ထို နှစ် တွင် ပင် ခါ နာန် မြေ ထွက် ကို စား ရ ကြ၏။
  • 13 ယော ရှု သည် ယေ ရိ ခေါ မြို့ အ နီး ရှိ နေ စဉ် မျှော် ကြည့် ရာ ဓား လွတ် ကိုင် လျက် ရပ် နေ သူ တစ် ဦး ကို ရင် ဆိုင် တွေ့ မြင် သော်၊ သူ့ ထံ ချဉ်း၍ သင် ကား ငါ တို့ ဘက်၌ လော၊
  • 14 ရန် သူ့ ဘက်၌ လော ဟု မေး လျှင်၊ ထို သို မ ဟုတ်။ ထာ ဝ ရ ဘု ရား၏ ဗိုလ် ခြေ တို့ ဗိုလ် မှူး အ ဖြစ် ငါ ရောက် လာ ပြီ ဟု ပြန် ဆို ရာ၊ ယော ရှု ပျပ် ဝပ် ရှိ ခိုး လျက် ကျွန် တော် မျိုး အား မည် သို့ အ ရှင် ဘု ရား မိန့် တော် မူ အံ့ နည်း ဟု လျှောက် သော်၊
  • 15 ထာ ဝ ရ ဘု ရား၏ ဗိုလ် ခြေ တို့ ဗိုလ် မှူး က၊ သင် ရပ် တန့် သော နေ ရာ ကား၊ သန့် ရှင်း ပြီး ဖြစ် သော ကြောင့်၊ ဖိ နပ် ကို ချွတ် လော့ ဟု မိန့် ဆို သည့် အ တိုင်း ယော ရှု ပြု လေ၏။
回到本卷目录 回到本版本目录 回到首页