1
ယော ရှု သည် နံ နက် အ ချိန် ထ ပြီး လျှင်၊ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ နှင့် တ ကွ၊ ရှိ တ္တိမ် မြို့ မှ ထွက် ချီ လျက်၊ ယော် ဒန် မြစ် ကို မ ကူး မီ မြစ် နား တွင် စ ခန်း ချ ကြ ၏။
2
သုံး ရက် စွဲ ရပ် ပြီး မှ ဗိုလ် မှူး တို့ သည် တပ် တစ်လျှောက် လိုက် သွား၍
3
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကိုလည်း ကောင်း၊ ပင့် ဆောင် သော လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် တို့ ကိုလည်း ကောင်း မြင် ကြ လျှင်
4
နေ ရာ မှ ထွက် ချီ၍ မ ချဉ်း ဘဲ တောင် ရေ နှစ် ထောင် ခန့် ကွာ လိုက် ကြ ရ မည်။ သင် တို့ မ သွား ဘူး သော် လည်း သွား ရာ လမ်း ကို သိ ကျွမ်း ရ ကြ လိမ့် မည် ဟု ပ ရိ သတ် အား ဆင့် ဆို ကြ၏။
5
ယော ရှု က လည်း လူ ပ ရိ သတ် အား ထာ ဝ ရ ဘု ရား သည် နက် ဖြန် နေ့ အံ့ ဖွယ် မှု များ ကို သင် တို့၌ ပြု တော် မူ မည် ဖြစ်၍၊ ကိုယ် ကို သန့် ရှင်း စေ ကြ လော့ ဟူ၍ လည်း ကောင်း၊
6
ပ ရော ဟိတ် တို့ အား၊ ပ ဋိ ညာဉ် တော် သေ တ္တာ ကို လူ ပ ရိ သတ် ရှေ့ လွန်၍ ပင့် ဆောင် ကြ လော့ ဟူ၍ လည်း ကောင်း၊ မိန့် ဆို သည့် အ တိုင်း ပ ဋိ ညာဉ် တော် သေ တ္တာ ကို လူ ပ ရိ သတ် ရှေ့ ပင့် ဆောင် ကြ ၏။
7
ယော ရှု အား ထာ ဝ ရ ဘု ရား က၊ ငါ သည် မော ရှေ နှင့် အ တူ ရှိ သ ကဲ့ သို့ သင် နှင့် အ တူ ရှိ အံ့ ဟု ဣ သ ရေ လ တစ် မျိုး လုံး သိ စေ ခြင်း ငှါ၊ သူ တို့ မျက် မှောက် တွင် ယ နေ့ မှ စ၍၊ သင့် ကို ငါ ချီး မြှင့် မည်။
8
ပ ဋိ ညာဉ် တော် သေ တ္တာ ပင့် ဆောင် သူ ပ ရော ဟိတ် တို့ အား ဆင့် ဆို ရ မည် မှာ ယော် ဒန် မြစ် ရေ စ သို့ ရောက် လျှင်၊ ထို မြစ် ရေ တွင် ရပ် တန့် ကြ စေ ဟူ သော အ မိန့် ကို ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။
9
ထို အ ခါ ဣ သ ရေ လ အ မျိုး သား တို့ အား ယော ရှု က၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ ရန် ချဉ်း ခဲ့ ကြ လော့။
10
သင် တို့ တွင် အ သက် ရှင် တော် မူ သော ဘု ရား တည် ရှိ လျက် ခါ န နိ၊ ဟိ တ္တိ၊ ဟိ ဝိ၊ ဖေ ရ ဇိ၊ ဂိ ရ ဂါ ရှိ၊ အာ မော ရိ၊ ယေ ဗု သိ လူ မျိုး တို့ ကို သင် တို့ ရှေ့ မှ မု ချ နှင် ထုတ် တော် မူ မည့် အ ကြောင်း သိ ကြ စေ ရန် လ က္ခ ဏာ ဟူ မူ ကား
11
မြေ တစ် ပြင် လုံး ပိုင် ရှင်၏ ပ ဋိ ညာဉ် တော် သေ တ္တာ သည်၊ ယော် ဒန် မြစ် ကို ဦး ဆောင် ကြွ ဝင် လိမ့် မည်။
12
သို့ ဖြစ်၍ ဣ သ ရေ လ တစ် နွယ် လျှင် တစ် ယောက် ကျ၊ လူ ဆယ့် နှစ် ယောက် ကို ရွေး ကောက် ကြ လော့။
13
မြေ တစ် ပြင် လုံး ပိုင် ရှင် ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ကို ပင့် ဆောင် သော ပ ရော ဟိတ် တို့ ခြေ သည် ယော် ဒန် မြစ် ရေ တွင် နင်း ရပ် သည် နှင့် တစ် ပြိုင် နက်၊ အ ထက် မှ စီး လာ သော ရေ ကွဲ ပြတ်၍ တစ် ဘက် သတ် စု ပုံ လိမ့် မည် ဟု မိန့် ဆို လေ၏။
14
ထို နောက် ပ ဋိ ညာဉ် တော် သေ တ္တာ ကို ပင့် ဆောင် သော ပ ရော ဟိတ် တို့ ဦး တည် သည် နှင့် လူ ပ ရိ သတ် တို့ သည် ယော် ဒန် မြစ် ကို ကူး သွား ရန် တဲ များ မှ ထွက် ကြ သည့် အ ခါ၊
15
ရိတ် သိမ်း ချိန် ကာ လ ကမ်း လုံး ပြည့် လျှံ သော ယော် ဒန် မြစ် ရေ စ၌၊ သေ တ္တာ တော် ပင့် ဆောင် သူ ပ ရော ဟိတ် တို့ ခြေ ချ လိုက် သည် နှင့် တစ် ပြိုင် နက်
16
အ ထက် မှ စီး လာ သော ရေ တန့် ရပ်၍၊ ဇာ ရ တန် မြို့ အ နီး၊ အာ ဒံ မြို့ ဆိပ် ထိ ဝေး ကွာ စွာ တစ် ဘက် သတ် စု ပုံ လျက် အ ရာ ဗာ အိုင် ခေါ် ရေ ငံ အိုင် သို့ စီး ဆင်း သော မြစ် ရေ လည်း လုံး လုံး ပြတ်၍၊ လူ ပ ရိ သတ် တို့ သည် ယေ ရိ ခေါ မြို့ သို့ တည့် တည့် ကူး သွား ရ ကြ၏။
17
ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ပင့် ဆောင် သော ပ ရော ဟိတ် တို့ မူ ကား၊ ဣ သ ရေ လ တစ် မျိုး လုံး ကြည်း ကြောင်း သွား၍ ယော် ဒန် မြစ် တစ် ဖက် သို့ အ ကုန် အ စင် မ ရောက် မ ချင်း မြစ် အ လယ် မြေ ပေါ် တွင် ရပ် မြဲ ရပ် နေ ကြ၏။