ယော​ရှု-7

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို ကာ လ၊ ယု ဒ အ နွယ်၊ ဇေ ရ မြစ်၊ ဇာ ဗ ဒိ မြေး၊ ကာ မိ သား အာ ခန် သည် မြေ လှန် ရာ ပါ ဥစ္စာ ကို ယူ သ ဖြင့် ဣ သ ရေ လ အ မျိုး သား တို့ လွန် ကျူး ရာ ရောက် ကြ သည့် အ တွက် သူ တို့ အ ပေါ် တွင် ထာ ဝ ရ ဘု ရား အ မျက် ထား တော် မူ သ တည်း။
  • 2 ယော ရှု လည်း ယေ ရိ ခေါ မြို့ မှ လူ တို့ ကို စေ လွှတ်၍၊ ဗေ သ လ မြို့ အ ရှေ့၊ ဗေ သ ဝင် မြို့ အ နီး ရှိ၊ အာ ဣ မြို့၊ ပြည် နယ် ပါ၊ သွား ရောက် စူး စမ်း ကြ လော့ ဟု မိန့် မှာ သည့် အ တိုင်း၊
  • 3 အာ ဣ မြို့ သို့ သွား ရောက် စူး စမ်း ပြီး မှ ယော ရှု ထံ ပြန် ရောက် လျှင် ထို မြို့ သား တို့ နည်း ပါး သော ကြောင့် တစ် တပ် လုံး ချီ၍ အ ပန်း မ ခံ စေ ဘဲ လူ နှစ် ထောင် သုံး ထောင် သာ အာ ဣ မြို့ သို့ ချီ တက် တိုက် ခိုက် ကြ စေ ဟု အ ကြံ ပေး သည့် အ တိုင်း၊
  • 4 လူ သုံး ထောင် ခန့် ချီ သွား၍၊ အာ ဣ မြို့ သား တို့ ရှေ့ ဆုတ် ပြေး ကြ ရာ၊
  • 5 အာ ဣ မြို့ သား တို့ သည် မြို့ တံ ခါး ဝ မှ ရှေ ဗ ရိမ် ရွာ လမ်း အ ဆင်း တိုင် အောင် လိုက် လံ လုပ် ကြံ သ ဖြင့် လူ သုံး ဆယ့် ခြောက် ယောက် ကျ ဆုံး သည့် အ တွက် တပ် သား တို့ အ ရည် ပျော် မ တတ် စိတ် လျော့ ကြ ၏။
  • 6 ယော ရှု လည်း၊ ဣ သ ရေ လ လူ ကြီး တို့ နှင့် တ ကွ အ ဝတ် ဆုတ် ခြင်း၊ ဦး ခေါင်း ထက် မြေ မှုန့် ကြဲ ခြင်း များ ကို ပြု လျက်၊ ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ရှေ့ ညဉ့် ဦး တိုင် အောင် ပျပ် ဝပ် ကြ ပြီး မှ
  • 7 ယော ရှု က၊ အို အ ရှင် ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် တို့ သည် ယော် ဒန် မြစ် တစ် ဘက် နှင့် ရောင့် ရဲ နေ ရ သော်၊ ကောင်း လေ စွ။ ဤ လူ မျိုး ကို အာ မော ရိ လက် တွင်း သို့ အပ် နှင်း၍ ပျက် စီး စေ ခြင်း ငှာ၊ ယော် ဒန် မြစ် ဤ ဘက် သို့ အ ဘယ် ကြောင့် ဆောင် ခဲ့ တော် မူ ပါ သ နည်း။
  • 8 အို အ ရှင် ဘု ရား၊ ဣ သ ရေ လ အ မျိုး သား တို့ သည် ရန် သူ့ ရှေ့ ကျော ခိုင်း ရ ပြီ ဖြစ်၍၊ အ ကျွန်ုပ် မည် သို့ ပြော နိုင် တော့ အံ့ နည်း။
  • 9 ခါ န နိ အ စ ရှိ သော ဤ တိုင်း ရင်း သား အ ပေါင်း တို့ ကြား လျှင်၊ အ ကျွန်ုပ် တို့ ကို ဝန်း ဝိုင်း၍ အ မည် ကို လည်း မြေ ပေါ် မှ ချေ ဖျောက် ကြ လိမ့် တ ကား။ ဤ သို့ ပြု လျှင်၊ မြင့် မြတ် သော နာ မ တော် အ ဖို့ အ လို့ ငှာ မည် သို့ ပြု တော် မူ အံ့ နည်း ဟု လျှောက် ဆို သော်၊
  • 10 ထာ ဝ ရ ဘု ရား က၊ ထ လော့။ အ ဘယ် ကြောင့် ပျပ် ဝပ်၍ နေ သ နည်း။
  • 11 ဣ သ ရေ လ လူ မျိုး သည် ပြစ် မှား ပြီ။ ငါ မိန့် ဆို ခဲ့ သော ပ ဋိ ညာဉ် ကို ဖောက် ကျော် ပြီ။ မြေ လှန် ရာ ပါ ဥစ္စာ ကို ခိုး ယူ ကွယ် ဆို၍ ကိုယ့် ပ ရိ ဘော ဂ အ တွင်း ဝှက် ထား လေ ပြီ။
  • 12 ထို ကြောင့်၊ ဣ သ ရေ လ အ မျိုး သား တို့ ပင် မြေ လှန် ခံ အပ် ပြီ ဖြစ်၍၊ ရန် သူ တို့ ရှေ့ မ ခံ ရပ် နိုင် ဘဲ ကျော ခိုင်း ရ ကြ သ တည်း။ မြေ လှန် ရာ ပါ ဥစ္စာ ကို သင် တို့ အ တွင်း မှ မ ပယ် မ ဖျက် ကြ လျှင် သင် တို့ နှင့် အ တူ ငါ ဆက် လက် တည် နေ မည် မ ဟုတ်။
  • 13 ထ၍ လူ မျိုး တော် ကို သန့် ရှင်း စေ ရန် သင် ဆင့် ဆို ရ မည် မှာ နက် ဖြန် နေ့ မ တိုင် မီ ကိုယ် ကို သန့် ရှင်း စေ ကြ လော့။ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား က၊ အို ဣ သ ရေ လ လူ မျိုး၊ သင် တို့ အ တွင်း တွင် မြေ လှန် အပ် သော အ ရာ ရှိ၏။ ထို အ ရာ ကို သင် တို့ အ တွင်း မှ မ ပယ် မ ချင်း၊ ရန် သူ တို့ ရှေ့ ခံ ရပ် နိုင် ကြ မည် မ ဟုတ်။
  • 14 သင် တို့ သည်၊ နက် ဖြန် နံ နက် အ နွယ် များ အ လိုက် ချဉ်း ကပ် လျက်၊ ထာ ဝ ရ ဘု ရား၏ မဲ ကျ သော အ နွယ် သည်၊ အ ဆက် များ အ လိုက် လည်း ကောင်း၊ မဲ ကျ သော အ ဆက် သည် အိမ် ထောင် များ အ လိုက်လည်း ကောင်း၊ မဲ ကျ သော အိမ် ထောင် သည် လူ အ စဉ် အ လိုက် လည်း ကောင်း၊ ချဉ်း ကပ် ကြ ပြီး လျှင်၊
  • 15 မြေ လှန် ရာ ပါ ဥစ္စာ ရှိ၍ မဲ ကျ သူ သည် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် ကို ဖောက် ကျော်၍ ဣ သ ရေ လ လူ မျိုး တွင် ယုတ် မာ စွာ ပြု သော ကြောင့်၊ ပိုင် ဆိုင် သ မျှ ပါ မီး လောင် တိုက် ဒဏ် ခံ ရ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။
  • 16 ယော ရှု သည် နံ နက် အ ချိန် ထ၍၊ ဣ သ ရေ လ လူ မျိုး တို့ ကို အ နွယ် များ အ လိုက် ချဉ်း ကပ် စေ ပြီး လျှင်
  • 17 မဲ ကျ သော ယု ဒ အ နွယ် အ နက်၊ ယု ဒ အ ဆက် များ ကိုလည်း ကောင်း၊ မဲ ကျ သော ဇေ ရ အ ဆက် အ နက်၊ အိမ် ထောင် များ ကို လည်း ကောင်း၊ မဲ ကျ သော ဇာ ဗ ဒိ အိမ် ထောင် အ နက်၊ လူ အ စဉ် အ လိုက် ကိုလည်း ကောင်း၊ ချဉ်း ကပ် စေ ရာ၊
  • 18 ယု ဒ အ နွယ်၊ ဇေ ရ မြစ်၊ ဇာ ဗ ဒိ မြစ်၊ ကာ မိ သား အာ ခန့် အ ပေါ် တွင် မဲ ကျ လေ ၏။
  • 19 အာ ခန် အား ယော ရှု က၊ ငါ့ သား၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဂုဏ် တော် ကို ချီး မွမ်း၍ ဝန် ချ လော့။ သင် ပြု မိ သော အ မှု ကို မ ထိမ် မ ချန်၊ ငါ့ အား ပြော ပါ လော့ ဟု ဆို လျှင်၊
  • 20 အာ ခန် က၊ ဣ သ ရေ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ကျွန် တော် မု ချ ပြစ် မှား မိ ပါ ပြီ။ ပြု မိ သော အ မှု ကား၊ လက် ရ ပ စ္စည်း အ တွင်း၊
  • 21 ဗာ ဗု လုန် အ ဖြစ် အ ဖိုး ထိုက် ဝတ် လုံ၊ ငွေ ချိန် နှစ် ပိဿာ၊ ရွှေ တုံး ချိန် ကျပ် ငါး ဆယ် များ ကို တွေ့ မြင် လျှင်၊ လော ဘ အ လျောက် ကျွန် တော် ယူ မိ ပါ ပြီ။ ကျွန် တော့် တဲ အ လယ် ငွေ ကို အောက် ဆုံး မြှုပ် ထား ပါ သည် ဟု လျှောက် ဆို ပြီး နောက်၊
  • 22 ယော ရှု စေ လွှတ် သူ တို့ သည် အ သော့ သွား၍၊ တဲ အ တွင်း ငွေ အောက် ဆုံး မြှုပ် ထား သော အ ရာ များ ကို တွေ့ သ ဖြင့်
  • 23 ယော ရှု နှင့် ဣ သ ရေ လ အ မျိုး သား တို ထံ ထုတ် ဆောင် ပြီး လျှင်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ချ ထား ကြ၏။
  • 24 ယော ရှု နှင့် ဣ သ ရေ လ တစ် မျိုး လုံး သည် ဇေ ရ သား အာ ခန် နှင့် တ ကွ ထို ငွေ၊ ဝတ် လုံ၊ ရွှေ တုံး၊ သား၊ သ မီး၊ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ တဲ၊ ပိုင် ဆိုင် သ မျှ ပါ၊ အာ ခေါ် ချိုင့် သို့ ထုတ် သွား၍၊
  • 25 ယော ရှု က၊ ငါ တို့ ကို အ ဘယ် ကြောင့် ဒု က္ခ ပေး ရ သ နည်း။ ယ နေ့ ပင် သင့် ကို ထာ ဝ ရ ဘု ရား ဒု က္ခ ပေး တော် မူ လိမ့် မည် ဟု ဆို ပြီး မှ၊ ဣ သ ရေ လ တစ် မျိုး လုံး သည် ထို သူ နှင့် ပါ သ မျှ ကို ခဲ ပစ် ဒဏ်၊
  • 26 မီး လောင် တိုက် ဒဏ် ပေး ပြီး နောက်၊ ပြာ ပုံ ပေါ် တွင် ယ နေ့ တိုင် တည် ရှိ သော ကျောက် ပုံ ကြီး ကို ပုံ ထား မှ သာ ထာ ဝ ရ ဘု ရား ၏ အ မျက် တော် ရှိန် ငြိမ်း လေ ၏။ ထို အ ဖြစ် အ ပျက် ကို အ စွဲ ပြု၍၊ အာ ခေါ် ချိုင့် ဟု ယ နေ့ တိုင် တွင် သ တည်း။
回到本卷目录 回到本版本目录 回到首页