ယော​ရှု-1

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ ကွယ် လွန် ပြီး နောက်၊ နုန့် သား၊ တ ပည့် ယော ရှု အား ထာ ဝ ရ ဘု ရား က၊
  • 2 ငါ့ ကျွန် ရင်း မော ရှေ ကွယ် လွန် လေ ပြီ။ သို့ ဖြစ်၍ ဣ သ ရေ လ အ မျိုး သား တို့ အား ငါ ပေး သော ပြည် ရောက် သင် နှင့် တ ကွ လိုက် ရှိ သူ အ ပေါင်း တို့ ပါ၊ ထ၍ ဤ ယော် ဒန် မြစ် ကို ကူး ကြ လော့။
  • 3 မော ရှေ အား ငါ က တိ ထား ခဲ့ သည့် အ တိုင်း သင် တို့ ခြေ ချ ရာ အ ရပ် ရပ် ကို ငါ ပေး ပြီ။
  • 4 သဲ က န္တာ ရ မှ ထို လေ ဗ နုန် တောင် ထိ၊ ဥ ဖ ရတ် မြစ် ကြီး မှ အနောက် ဘက် ရှိ မြေ ထဲ ပင် လယ် ကမ်း ခြေ အ ထိ၊ ဟိ တ္တိ ပြည် တစ် လျှောက် သင် တို့ ပြည် ထောင် ဖြစ် လိမ့် မည်။
  • 5 သင့် အ သက် တာ ကာ လ ပတ် လုံး၊ မည် သူ မျှ သင့် ရှေ့၌ မ ခံ ရပ် နိုင် ရာ။ ငါ သည် မော ရှေ နှင့် အ တူ ရှိ သ ကဲ့ သို့ သင် နှင့် အ တူ ရှိ လ တ္တံ့။ မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ်။
  • 6 ဘိုး ဘေး တို့ အား ပေး မည် ဟု ငါ သ စ္စာ ဆို ခဲ့ သော ပြည် ကို ဤ လူ မျိုး အား အ ပိုင် ပေး ခွင့် ရ မည် ဖြစ် သော ကြောင့် အား ယူ၍ ရဲ ရင့် လော့။
  • 7 သို့ ရာ တွင် ကြံ တိုင်း အောင် ဆောင် တိုင်း မြောက် ရန် ငါ့ ကျွန် ရင်း မော ရှေ မှာ ထား ခဲ့ သော ပ ညတ် တ ရား ကို ဝဲ ယာ သို့ မ ယိမ်း မ ယိုင် ဘဲ၊ စောင့် ရှောက် လိုက် နာ အံ့ သော ငှာ၊ အ တိုင်း ထက် အ လွန် ရဲ ရင့်၍ အား ယူ လော့။
  • 8 ထို ပ ည တ္တိ ကျမ်း တွင် ပါ ရှိ သ မျှ အ တိုင်း စောင့် ရှောက် လိုက် နာ နိုင် ရန် လည်း နေ့ ညဉ့် မ ဟူ ဖတ် ရွတ် ဆင် ခြင် လော့။ သို့ မှ ခ ရီး မှု ထ မြောက်၍ ကြံ တိုင်း အောင် လိမ့် မည်။
  • 9 မိန့် မှာ သော အ ရှင် ကား၊ ငါ ပင် မ ဟုတ် လော။ အံ့ အား သင့် ခြင်း၊ တုန် လှုပ် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် လော့။ သွား လေ ရာ ရာ သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ပါ ရှိ သည် ဟု မိန့် တော် မူ ၏။
  • 10 ထို အ ခါ ဗိုလ် မှူး တို့ အား ယော ရှု က၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော ပြည် ကို ဝင် ရောက် ပိုင် ယူ ခြင်း ငှာ၊ သုံး ရက် အ တွင်း ဤ ယော် ဒန် မြစ် ကို ကူး ချီ ရ မည် ဖြစ်၍ ရိ က္ခာ ကို ပြင် ဆင် ကြ စေ ရန်၊ တပ် တစ် လျှောက် လိုက် သွား ဆင့် ဆို ကြ လော့ ဟု မိန့် မှာ လေ ၏။
  • 11
  • 12 ရု ဗင့် အ နွယ်၊ ဂဒ် အ နွယ် သား တို့ နှင့်၊ မ နာ ရှေ့ အ နွယ် တစ် ဝက် တို့ အား၊
  • 13 ယော ရှု က၊ ဤ ပြည် နယ် ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား၍ သင် တို့ ရန် ငြိမ်း စေ တော် မူ သည် ဟူ သော၊ ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ မိန့် မှာ ချက် ကို သ တိ ရ ကြ လော့။
  • 14 မိန်း မ များ၊ သူ ငယ် များ နှင့် တ ကွ တိ ရ စ္ဆာန် ပါ ယော် ဒန် မြစ် ဤ ဘက်၌ မော ရှေ နေ ခဲ့ သော ပြည် နယ် တွင် နေ စေ လျက်၊ သင် တို့ အ နက် စစ် ခေါင်း မာ သူ အ ပေါင်း တို့ မှာ၊ ဆွေ မျိုး သား ချင်း ရှေ့၊ လက် နက် စွဲ ကိုင် ၍ ကူး ချီ စစ် ကူ ကြ စေ။
  • 15 သင် တို့ အား ရန် ငြိမ်း ခွင့် ကို ထာ ဝ ရ ဘု ရား ပေး တော် မူ သည့် နည်း တူ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် ကို ဆွေ မျိုး သား ချင်း တို့ လည်း အ ပိုင် ရ လျက် ရန် ငြိမ်း ခွင့် ရှိ ကြ ပြီး မှ၊ နေ ထွက် ရာ အ ရပ်၊ ယော် ဒန် မြစ် ဤ ဘက်၊ ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ ဝေ ခဲ့ သော ပိုင် ရာ ပြည် နယ် သို့ ပြန် ရောက် ပိုင် ယူ ခွင့် ရ ကြ မည် ဟု မိန့် ဆို လျှင်၊
  • 16 သူ တို့ က၊ မိန့် မှာ သ မျှ ပြု ပါ မည်။
  • 17 စေ လွှတ် ရာ သို့ သွား ပါ မည်။ အ ရာ ရာ၌ မော ရှေ၏ မိန့် ချက် ကို နား ထောင် ခဲ့ သည့် နည်း တူ ကိုယ် တော့် မိန့် ချက် ကို လည်း နား ထောင် ပါ မည်။ ကိုယ် တော် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ မော ရှေ နှင့် အ တူ ရှိ သ ကဲ့ သို့၊ ကိုယ် တော် နှင့် အ တူ ရှိ တော် မူ ပါ စေ သော။
  • 18 အ ရာ ရာ၌ မိန့် ဆို ချက် ကို မ လိုက် မ နာ၊ ဖီ ဆန် သူ မည် သူ မ ဆို သေ ဒဏ် ခံ ပါ မည်။ အား ယူ၍ ရဲ ရင့် တော် မူ ပါ ဟု ယော ရှု ထံ ဝန် ခံ ကြ ကုန်၏။
回到本卷目录 回到本版本目录 回到首页