1
သို့ ဖြစ်၍ ကောင်း ကင် အ ဖြစ် အ နေ နှင့် ဆက် ဆံ သူ၊ သီး သန့် ထား တော် မူ သော ညီ အစ် ကို တို့၊ ငါ တို့ ဝန် ခံ ခြင်း တ ရား ၏ တ မန် တော် နှင့် ပ ရော ဟိတ် မင်း ဖြစ် သော ယေ ရှု ကို ဆင် ခြင် ကြ လော့။
2
ဘု ရား သ ခင်၏ တစ် အိမ် တော် လုံး၌ မော ရှေ သည် သ စ္စာ စောင့် သ ကဲ့ သို့ ထို အ ရှင် လည်း ခန့် ထား တော် မူ သော ဘု ရား သ ခင် ရှေ့ သ စ္စာ စောင့် တော် မူ ၏။
3
အိမ် ဆောက် သူ သည် အိမ့် ထက် မြတ် သည့် နည်း တူ ထို အ ရှင် သည် မော ရှေ ထက် ဂုဏ် အ သ ရေ ရှိ ထိုက် သည် ဟု မှတ် ယူ ရ ၏။
4
အိမ် တိုင်း ကို တစ် ယောက် ယောက် ဆောက် ရ၏။ အ ရာ ခပ် သိမ်း ကို တည် ဆောက် တော် မူ သော အ ရှင် ကား ဘု ရား သ ခင် ပေ တည်း။
5
မော ရှေ သည် နောင် ဆင့် ဆို ချက် များ ကို သက် သေ ခံ ခြင်း အ လို့ ငှာ တစ် အိမ် တော် လုံး၌ ကျွန့် အ ဖြစ် သ စ္စာ စောင့် ခဲ့ သည် မှန်၏။
6
ခ ရစ် တော် မူ ကား အိမ် တော် ပေါ် တွင် သား အ ဖြစ် သ စ္စာ စောင့် တော် မူ၏။ ငါ တို့ သည် ရဲ ရင့် စွာ ဂုဏ် တင် ကြ ရာ မျှော် လင့် ခြင်း အ ကြောင်း ကို ဆုံး ခန်း တိုင် စွဲ မြဲ လျှင် ထို အိမ် တော် ပင် ဖြစ် ကြ၏။
7
ထို ကြောင့် သန့် ရှင်း သော ဝိ ညာဉ် တော် ဆင့် ဆို တော် မူ သည့် အ တိုင်း ယ နေ့ ဗျာ ဒိတ် တော် သံ ကို ကြား ရ စဉ်၊
8
သင် တို့ ဘို့ ဘေး များ သည် ငါ့ ကို စီ စစ် စုံ စမ်း၍ နှစ် ပေါင်း လေး ဆယ် ပတ် လုံး ငါ့ အ မှု များ ကို သိ မြင် လျက် သဲ တော တွင် စုံ စမ်း၍ အ မျက် တော် တိုက် ကြ သော အ ခါ ကဲ့ သို့ သင် တို့ စိတ် မ ခဲ ယဉ်း စေ ကြ နှင့်။ ထို ကြောင့် ထို လူ မျိုး အ ပေါ် တွင် ငါ့ နှ လုံး မ သာ ဖြစ်၍ သူ တို့ သည် အ စဉ် စိတ် နှ လုံး မှောက် မှား သ ဖြင့် ငါ့ နည်း လမ်း များ ကို မ သိ ကြ ဟု ဆို လျက် ငါ့ ငြိမ် ဝပ် ရာ ချမ်း သာ ကို ဝင် စား ကြ ရ မည် မ ဟုတ် ဟု အ မျက် တော် ထား၍ ငါ ဓိ ဋ္ဌာန်၏။
9
10
11
12
ညီ အစ် ကို တို့၊ သင် တို့ အ နက် မည် သူ မျှ ဆိုး သွမ်း၍ မ ယုံ ကြည် သော စိတ် နှ လုံး ရှိ သ ဖြင့် အ သက် ရှင် သော ဘု ရား သ ခင့် အ ထံ တော် မှ မ ဖောက် ပြန် စေ ရန် သ တိ ပြု လျက်၊
13
အ ပြစ် တ ရား၏ လှည့် စား ခြင်း ဖြင့် တစ် ဦး တစ် ယောက် မျှ စိတ် မ ခဲ ယဉ်း စေ ရန် ယ နေ့ ဟူ၍ ခေါ် ရ သော ကာ လ အ တွင်း နေ့ စဉ် အ ချင်း ချင်း နှိုး ဆော် ကြ လော့။
14
အ သို့ ဆို သော် ယ နေ့ ဗျာ ဒိတ် တော် သံ ကို ကြား ရ စဉ် အ မျက် တော် တိုက် ကြ သော အ ခါ ကဲ့ သို့ သင် တို့ စိတ် မ ခဲ ယဉ်း စေ ကြ နှင့် ဟူ သော အ ချက် ရှိ သေး ခိုက် ငါ တို့ စိတ် ချ ရာ အ ကြောင်း ရင်း ကို ဆုံး ခန်း တိုင် စွဲ မြဲ လျှင် ခ ရစ် တော် နှင့် ဆက် ဆံ ခွင့် ရ ကြ ၏။
15
16
ကြား ရ ပြီး နောက် အ မျက် တော် တိုက် သူ ကား မည် သူ နည်း။ မော ရှေ အား ဖြင့် အိ ဂျစ် ပြည် မှ ထွက် လာ သ မျှ သော သူ တို့ မ ဟုတ် လော။
17
နှစ် ပေါင်း လေး ဆယ် ပတ် လုံး မည် သူ တို့ အ ပေါ်၌ နှ လုံး တော် မ သာ သ နည်း။ ပြစ် မှား သ ဖြင့် သဲ တော တွင် အ သေ ကောင် ဖြစ် နေ သူ တို့ မ ဟုတ် လော။
18
ငြိမ် ဝပ် ရာ ချမ်း သာ တော် ကို မ ဝင် စား ရ ဟု မည် သူ တို့ အား ဓိ ဋ္ဌာန် တော် မူ သ နည်း။ မ လိုက် နာ သူ တို့ မ ဟုတ် လော။
19
ထို သူ တို့ သည် မ ယုံ ကြည် ခြင်း ကြောင့် မ ဝင် စား နိုင် သည် ကို ငါ တို့ သိ မြင် ကြ၏။