၁ ကော-13

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 လွန် ကဲ သော နည်း လမ်း ကို ငါ ပြ ဦး မည် မှာ ငါ သည် လူ တို့ နှင့် စေ တ မန် တော် တို့ ဘာ သာ စ ကား ထူး ပြော ဆို သော် လည်း၊ မေ တ္တာ မ ရှိ လျှင် ပဲ့ တင် ခတ် သော ကြေး စည်၊ အ သံ မြည် သော လင်း ကွင်း မျှ ဖြစ် လေ ပြီ။
  • 2 ဟော ပြော ခွင့် ရ၍ နက် နဲ ရာ ရှိ သ မျှ၊ အ သိ ပ ညာ ရှိ သ မျှ ကို ထိုး ထွင်း လျက် တောင် များ ကို ရွှေ့ နိုင် သည့် တိုင် အောင် ယုံ ကြည် ခြင်း အ စုံ အ လင် ရ သော် လည်း မေ တ္တာ မ ရှိ လျှင် အ ချည်း နှီး ဖြစ်၏။
  • 3 ပ စ္စည်း ရှိ သ မျှ ကို စွန့် ကြဲ၍ ငါ့ ကိုယ် ခ န္ဓာ ကို မီး ဖြင့် ပူ ဇော် သော် လည်း မေ တ္တာ မ ရှိ လျှင် အ ကျိုး မ ရှိ။
  • 4 မေတ္တာ သည် စိတ် ရှည် လျက် ကျေး ဇူး ပြု တတ်၏။ မေ တ္တာ သည် ငြူ စူ ခြင်း၊ ထောင် လွှား ခြင်း၊ ဝင့် ဝါ ခြင်း၊
  • 5 မ သင့် မ လျော် ပြု ကျင့် ခြင်း၊ ကိုယ့် အ ကျိုး ကို ရှာ ခြင်း၊ စိတ် တို ခြင်း၊ နစ် နာ မှု ကို အ ရေး ယူ ခြင်း များ နှင့် ကင်း သည့် ပြင်၊
  • 6 အ ဓ မ္မ ကြောင့် မ ရွှင် လန်း ဘဲ သ မ္မာ ဓ မ္မ ကြောင့် ရွှင် လန်း၍ အ ရာ ရာ ကို ရပ် ခံ လျက်၊
  • 7 အ ရာ ရာ ကို ယုံ ကြည် လျက်၊ အ ရာ ရာ ကို မြော် လင့် လျက်၊ အ ရာ ရာ ကို သည်း ခံ လျက် နေ၏။
  • 8 မေ တ္တာ သည် ကြွေ ကျ တော့ မည် မ ဟုတ်။ ဟော ပြော ဉာဏ် ဖြစ် လျင် ပ ပျောက် ခြင်း၊ ဘာ သာ စ ကား ထူး ဖြစ် လျင် ရပ် စဲ ခြင်း၊ အ သိ ပ ညာ ဖြစ် လျှင် ကွယ် ပျောက် ခြင်း ကို ခံ ရ တော့ မည်။
  • 9 ငါ တို့ သည် မ စုံ မ လင် သိ လျက်၊ မ စုံ မ လင် ဟော ပြော လျက် နေ ရ သည် မှန်၏။
  • 10 စုံ လင် သော အ ဖြစ် ရောက် သော် မ စုံ မ လင် ခြင်း ပ ပျောက် လိမ့် မည်။
  • 11 ငါ သည် သူ ငယ် ဖြစ် စဉ် သူ ငယ့် ဘာ ဝ ပြော ဆို ခြင်း၊ သူ ငယ့် ဘာ ဝ ထင် မြင် ခြင်း၊ သူ ငယ့် ဘာ ဝ စူး စမ်း ခြင်း ပြု သည် မှန်၏။ အ ရွယ် ရောက် သော် သူ ငယ့် အ လေ့ များ ကို ပ ပျောက် စေ ပြီ။
  • 12 ယ ခု ကာ လ ငါ တို့ သည် စ ကား ဝှက် သ ဖွယ် ကြေး မှုံ ရိပ် မျှ သာ မြင် ရ ကြ၏။ ထို ကာ လ၌ မူ ကား မျက် မှောက် ထင် ထင် မြင် ရ ကြ လိမ့် မည်။ ယ ခု ကာ လ ငါ သည် မ စုံ မ လင် သိ ရ၏။ ထို ကာ လ၌ မူ ကား သိ မြင် တော် မူ ခြင်း ခံ ရ သ ကဲ့ သို့ ပင် သိ မြင် ရ လိမ့် မည်။
  • 13 ပါ ရ မီ သုံး ပါး တည်း ဟူ သော ယုံ ကြည် ခြင်း၊ မြော် လင့် ခြင်း၊ ချစ် ခြင်း မူ ကား တည် လျက် နေ၏။ ထို သုံး ပါး တွင် ချစ် ခြင်း မေ တ္တာ သည် အ ထူး အ မြတ် ဖြစ် သ တည်း။
回到本卷目录 回到本版本目录 回到首页