1
ငါ သည် ခ ရစ် တော်၏ ပုံ စံ ကို လိုက် သည့် နည်း တူ ပင် သင် တို့ လည်း ငါ့ ပုံ စံ ကို လိုက် ကြ လော့။
2
သင် တို့ သည် ငါ့ ကို အ ရာ ရာ၌ သ တိ ရ လျက် ငါ သင် ကြား ခဲ့ ရာ ထုံး နည်း အ ချက် ချက် ကို စွဲ ကိုင် ကြ သ ဖြင့် ငါ ချီး မွမ်း ၏။
3
သို့ ရာ တွင် သင် တို့ သိ စေ လို သည် မှာ ယောက်ျား တိုင်း၏ အ ထွဋ် အ ထိပ် သည် ခ ရစ် တော်၊ မိန်း မ ၏ အ ထွဋ် အ ထိပ် သည် ယောက်ျား၊ ခ ရစ် တော်၏ အ ထွဋ် အ ထိပ် သည် ဘု ရား သ ခင် ပေ တည်း။
4
ဦး ထိပ် ကို ဖုံး အုပ် လျက် ပ တ္ထ နာ ပြု သူ၊ ဟော ပြော သူ ယောက်ျား တိုင်း သည် ကိုယ့် ဦး ထိပ် အ သ ရေ ဖျက် ရာ ရောက် ၏။
5
ဦး ထိပ် ကို မ ဖုံး အုပ် ဘဲ ပ တ္ထ နာ ပြု သူ၊ ဟော ပြော သူ မိန်း မ တိုင်း သည် ကိုယ့် ဦး ထိပ် အ သ ရေ ဖျက် ရာ ရောက်၏။ ထို သို့ ပြု သော် ဦး ဆံ ရိတ် သော မိန်း မ နှင့် တူ သည် ဖြစ် ၍၊
6
ဦး ထိပ် ကို မ ဖုံး အုပ် လို သော မိန်း မ သည် ဦး ဆံ ပယ် စေ။ ဦး ဆံ ပယ် ရိတ် ခြင်း ကို ရှက် ဖွယ် ထင် လျှင် ဦး ထိပ် ဖုံး အုပ် စေ။
7
ယောက်ျား သည် ဘု ရား သ ခင့် ပုံ သ ဏ္ဌာန် တော် နှင့် ရောင် ခြည် တော် ဖြစ် သော ကြောင့် ဦး ထိပ် ကို ဖုံး အုပ်၍ မ ထား သင့်။ မိန်း မ မူ ကား ယောက်ျား၏ အ ရောင် မျှ ဖြစ်၏။
8
ယောက်ျား ကို မိန်း မ အ ဖို့ မ ဟုတ်၊ မိန်း မ ကို ယောက်ျား အ ဖို့ ဖန် ဆင်း တော် မူ သည့် အ လျောက် ယောက်ျား သည် မိန်း မ မှ ဖြစ် သည် မ ဟုတ်၊ မိန်း မ သည် ယောက်ျား မှ ဖြစ်၏။
9
10
ထို အ ကြောင်း ကြောင့် စေ တ မန် တော် တို့ ကို ထောက်၍ မိန်း မ သည် အုပ် စိုး ခံ ရ ခြင်း အ ထိန်း အ မှတ် ကို ဦး ထိပ် ပေါ် မှာ ရှိ သင့် ၏။
11
သို့ ရာ တွင် မိန်း မ သည် ယောက်ျား မှ ဖြစ် သည့် နည်း တူ ယောက်ျား လည်း မိန်း မ အား ဖြင့် ဖြစ် သည့် ပြင် ဘု ရား သ ခင့် အ ထံ တော် မှ အ ရာ ခပ် သိမ်း ဖြစ် သည့် အ လျောက် အ ရှင် ဘု ရား၌ မိန်း မ သည် ယောက်ျား မ ပါ ဘဲ မ တည် မ နေ။ ယောက်ျား လည်း မိန်း မ မ ပါ ဘဲ တည် နေ သည် မ ဟုတ်။
12
13
မိန်း မ သည် ဦး ထိပ် မ ဖုံး အုပ် ဘဲ ဘု ရား သ ခင် အား ပ တ္ထ နာ ပြု သင့်၊ မ ပြု သင့် ကို သင် တို့ ကိုယ် တိုင် ဆင် ခြင် ပိုင်း ခြား ကြ လော့။
14
ယောက်ျား မှာ ရှည် လျား သော ဦး ဆံ ရှိ လျှင် အ သ ရေ ယုတ် ကြောင်း၊ မိန်း မ မှာ ရှည် လျား သော ဦး ဆံ ရှိ လျှင် ခြုံ ထည် အ ဖြစ် ခံ ရ သည့် အ လျောက် ဘုန်း အ သ ရေ ရှိ ကြောင်း ကို ဓ မ္မ တာ တ ရား က ပင် သွန် သင် သည် မ ဟုတ် လော။
15
16
မည် သူ မ ဆို ငြင်း ဆန် လို လျှင် ငါ တို့၌ လည်း ကောင်း၊ ဘု ရား သ ခင့် အ သင်း တော် များ ၌ လည်းကောင်း၊ ထုံး စံ တစ် မျိုး မ ရှိ ချေ။
17
သို့ သော် လည်း သင် တို့ စည်း ဝေး ရာ၌ အ ကျိုး ရှိ သည် မ ဟုတ်။ အ ကျိုး ယုတ် သော ကြောင့် ယ ခု ထား မည့် ပ ညတ် နှင့် စပ်၍ ငါ မ ချီး မွမ်း ရ။
18
ပ ထ မ အ ချက် မှာ ပ ရိ သတ် စည်း ဝေး ကြ သည့် ကာ လ သင် တို့ ဘောင် တွင် ကွဲ ပြား ခြင်း ရှိ ကြောင်း ငါ ကြား ရ၍ အ ချို့ အ ဝက် ယုံ၏။
19
စံ မှီ သူ တို့ ထင် ရှား စေ ရန် သင် တို့ အ နက် အ ယူ ကွဲ ပြား ခြင်း ရှိ ရ သည် မှန်၏။
20
သင် တို့ သည် စည်း ဝေး စု ရုံး ကြ သော် ထို အ တွက် ကြောင့် အ ရှင် ဘု ရား ၏ ပွဲ တော် ကို စား ရာ မ ရောက် နိုင် ကြ။
21
သင် တို့ စား သောက် ကြ သည် တွင် တစ် ဦး ထက် တစ် ဦး သည် ကိုယ့် အ စာ ကို တင် ရင် စား သောက် ကြ သ ဖြင့် တစ် ဦး ဆာ မွတ် လျက် တစ် ဦး ယစ် ဝ လျက် ရှိ လေ စွ တ ကား။
22
စား သောက် မှု ပြု ရန် အိမ် များ မ ရှိ ကြ လော။ ဘု ရား သ ခင့် အ သင်း တော် ကို မ ထီ လေး စား ပြု၍ ဆင်း ရဲ သား တို့ အား အ ရှက် ခွဲ ရာ သ လော၊ ငါ မည် သို့ ဆို ရ အံ့ နည်း။ သင် တို့ ကို ချီး မွမ်း ရ မည် လော။ ဤ အ ချက်၌ မ ချီး မွမ်း ရ။
23
အ ရှင် ဘု ရား အ ထံ တော် မှ ခံ ရ သည့် အ တိုင်း သင် တို့ အား ငါ သင် ကြား ခဲ့ သော နည်း မှာ အ ရှင် ယေ ရှု သည် ပို့ အပ် ခံ ရ သော ညဉ့်၌ မုန့် ကို ယူ၍၊
24
ကျေး ဇူး တော် ကို ချီး မွမ်း ပြီး လျှင် ဖဲ့ တော် မူ လျက် ဤ ကား သင် တို့ အ ဖို့ စွန့် သော ငါ့ ကိုယ် ခ န္ဓာ တည်း။ ငါ့ ကို သ တိ ရ ခြင်း ငှာ ဤ သို့ ပြု ကြ လော့ ဟု မိန့် တော် မူ ၏။
25
ထို နည်း တူ အာ ဟာ ရ သုံး ပြီး နောက် ဖ လား တော် ကို ယူ၍ ဤ ဖ လား ကား ငါ့ အ သွေး ဖြင့် ဖွဲ့ သော ပ ဋိ ညာဉ် တော် သစ် တည်း။ သင် တို့ သောက် တိုင်း ငါ့ ကို သ တိ ရ ခြင်း ငှာ ဤ သို့ ပြု ကြ လော့ ဟု မိန့် တော် မူ၏။
26
သင် တို့ သည် ထို မုန့် ကို စား၍ ဖ လား တော် ကို သောက် တိုင်း အ ရှင် ဘု ရား၏ အ သေ ခံ တော် မူ ခြင်း ကို ကြွ လာ တော် မူ သည့် တိုင် အောင် ကြော် ငြာ ကြ ၏။
27
သို့ ဖြစ်၍ မည် သူ မ ဆို အ ရှင် ဘု ရား၏ မုန့် တော် ကို ဖြစ် စေ၊ ဖ လား တော် ကို ဖြစ် စေ၊ မ ထိုက် မ တန် စား သောက် လျှင် အ ရှင် ဘု ရား၏ ကိုယ် ခ န္ဓာ တော် နှင့် အ သွေး တော် ကို ပြစ် မှား ရာ ရောက် လိမ့် မည်။
28
ကိုယ် ကို စစ် ဆေး ပြီး မှ မုန့် တော် နှင့် ဖ လား တော် ကို စား သောက် ကြ စေ။
29
ကိုယ် ခ န္ဓာ တော် ကို ပိုင်း ခြား သိ မြင် ခြင်း မ ရှိ ဘဲ စား သောက် သော သူ သည် တ ရား စီ ရင် ခံ ရ ခြင်း ကို စား သောက် ရာ ရောက် သော ကြောင့်၊
30
သင် တို့ ဘောင် တွင် အား နည်း သူ၊ မ ကျန်း မာ သူ၊ သေ လွန် သူ အ များ ရှိ ကြ၏။
31
ငါ တို့ သည် ကိုယ် ကို စစ် ဆေး သိ မြင် လျှင် မူ ကား တ ရား စီ ရင် ခံ ရ ကြ မည် မ ဟုတ်။
32
သို့ ရာ တွင် ငါ တို့ သည် တ ရား စီ ရင် ခံ ရ ကြ သည့် ကာ လ ဤ လော က သား တို့ နှင့် အ တူ အ ပြစ် စီ ရင် မ ခံ ရ စေ ရန် အ ရှင် ဘု ရား ဆုံး မ တော် မူ ရာ ခံ ရ ခြင်း မျှ ဖြစ်၏။
33
သို့ ဖြစ်၍ ညီ အစ် ကို တို့၊ သင် တို့ သည် စား သောက် ရန် စည်း ဝေး သော် တစ် ဦး ကို တစ် ဦး ဆိုင်း လင့် ကြ လော့။
34
သင် တို့ သည် စည်း ဝေး ရာ တွင် တ ရား စီ ရင် ခြင်း ကို ခံ ရ မည် စိုး၍ မည် သူ မ ဆို ဆာ မွတ် လျှင် ကိုယ့် အိမ် တွင် စား သောက် စေ။ ကြွင်း သော အ မှု အ ရေး များ ကို ကား ငါ ရောက် သော အ ခါ ရှင်း လင်း စီ မံ မည်။