1
သို့ ဖြစ်၍ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ကြောင့် ငါ တို့ သည် ဘု ရား သ ခင် ရှေ့ တော်၌ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငြိမ် သက် ခြင်း ကို ခံ စား ကြ ကုန် အံ့။
2
ထို အ ရှင် အား ဖြင့် လည်း ယ ခု ငါ တို့ တည် နေ ရာ ကျေး ဇူး တော် သို့ ယုံ ကြည် ခြင်း ကြောင့် တိုး ဝင် ခွင့် ရ သည့် ပြင် ဘု ရား သ ခင့် ဘုန်း တော် ကို မျှော် လင့် လျက် ရွှင် လန်း ရ ကြ၏။
3
ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။
4
5
ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။
6
အ သို့ ဆို သော် ငါ တို့ အား နည်း လျက် ရှိ နေ သေး စဉ် သင့် ရာ အ ချိန် အ ခါ တွင် ခ ရစ် တော် သည် ဘု ရား မဲ့ နေ သူ တို့ အ ဖို့ အ သေ ခံ တော် မူ ၏။
7
ဖြောင့် မတ် သူ့ အ ဖို့ အ သေ ခံ မည့် သူ ရှိ ခဲ သည့် ပြင် သူ တော် ကောင်း အ ဖို့ အ သေ ခံ ဝံ့ သူ ရှိ ကောင်း ရှိ လျက် ပင်။
8
ခ ရစ် တော် မူ ကား အ ပြစ် သား ဖြစ် လျက် နေ သေး သော ငါ တို့ အ ဖို့ အ သေ ခံ တော် မူ ရာ၌ ငါ တို့ အ ပေါ် တွင် မေ တ္တာ တော် ရှိ ကြောင်း ဘု ရား သ ခင် ထင် ရှား စေ တော် မူ သ တည်း။
9
သို့ ဖြစ်၍ ယ ခု အ ခါ အ သွေး တော် အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ငါ တို့ သည် ထို အ ရှင် ကြောင့် အ မျက် တော် ဒဏ် နှင့် မု ချ လွတ် ကင်း ကြ လိမ့် မည်။
10
ရန် ဘက် ဖြစ် ကြ စဉ် သား တော် အ သေ ခံ တော် မူ ခြင်း ကြောင့် ဘု ရား သ ခင် နှင့် မိတ် သ ဟာ ယ ဖွဲ့ ခြင်း ရ ခဲ့ ကြ လျှင် ထို ဖွဲ့ ခြင်း ကို ရ ပြီး ဖြစ် လျက် အ သက် ရှင် တော် မူ ခြင်း အား ဖြင့် မု ချ လွတ် ကင်း ကြ လိမ့် မည်။
11
ထို မျှ မ က မိတ် သ ဟာ ယ ဖွဲ့ ခြင်း ကို ယ ခု ရ စေ သော၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကြောင့် ဘု ရား သ ခင်၌ ရွှင် လန်း ရ ကြ၏။
12
သို့ ဖြစ်၍ လူ တစ် ယောက် ကြောင့် အ ပြစ် တ ရား သည် ဤ လော က ထဲ သို့ ဝင် လာ လျက် သေ ခြင်း တ ရား လည်း အ ပြစ် တ ရား ကြောင့် ဝင် ရောက် သ ဖြင့် လူ ခပ် သိမ်း တို့ ပြစ် မှား ကြ သည့် အ လျောက် ရှိ သ မျှ အ ပေါ် သို့ သေ ခြင်း တ ရား သင့် ရောက် သည် နှင့် အ ညီ၊
13
ပ ညတ် တ ရား မ ရှိ မီ ဤ လော က၌ အ ပြစ် တည် နှင့် လျက် ပင်၊ ပ ညတ် တ ရား မ ရှိ သည့် ကာ လ အ ပြစ် မ တင် ရ သော် လည်း၊
14
အာ ဒံ့ လက် ထက် မှ မော ရှေ့ လက် ထက် တိုင် အာ ဒံ လွန် ကျူး မှု အ လိုက် မ ပြစ် မှား သူ တို့ အ ပေါ် တွင် ပင် သေ ခြင်း တ ရား မင်း မူ သ တည်း။ ထို အာ ဒံ သည် ကြွ လာ လ တ္တံ့ သော အ ရှင့် ပုံ ဖြစ် ခဲ့ သော် လည်း၊
15
လွန် ကျူး မှု အ လိုက် နှင့် ဆု ကျေး ဇူး တော် တူ သည် မ ဟုတ်။ တစ် ဦး၏ လွန် ကျူး မှု အား ဖြင့် အ များ သေ သည် မှန် က ဘု ရား သ ခင်၏ ကျေး ဇူး တော် နှင့် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ၏ ကျေး ဇူး အား ဖြင့် သက် ရောက် သော ဆု တော် သည် အ များ တို့ အ ဖို့ သာ ၍ ကြွယ် ဝ ၏။
16
၎င်း ပြင် တစ် ဦး၏ ပြစ် မှု အ ကျိုး ဆက် အ လိုက် နှင့် ဆု တော် တူ သည် မ ဟုတ်။ တစ် ဦး ကြောင့် ပြစ် ဒဏ် စီ ရင် ချက် သင့် ရောက် သည် မှန် က လွန် ကျူး မှု အ များ ကြောင့် တ ရား သေ လွှတ် ချက် ဆု ကျေး ဇူး တော် သက် ရောက် သ တည်း။
17
တစ် ဦး၏ လွန် ကျူး မှု အ တွက် သေ ခြင်း တ ရား သည် ထို လူ ကြောင့် မင်း မူ သည် မှန် က ကြွယ် ဝ သော ကျေး ဇူး တော် နှင့် ဖြောင့် မတ် ခြင်း ဆု တော် ကို ခံ ရ သူ တို့ သည် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ ကြောင့် အ သက် ရှင် လျက် မု ချ မင်း မူ ရ ကြ လိမ့် မည်။
18
သို့ ဖြစ်၍ လွန် ကျူး မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ ပြစ် စီ ရင် ခံ ရ သည့် နည်း တူ ပင် ဖြောင့် မတ် မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ သက် ရှင် ခြင်း နှင့် ဆိုင် သော ဖြောင့် မတ် ရာ ရောက် ရ ကြ၏။
19
တစ် နည်း တစ် ဦး၏ နား မ ထောင် ခြင်း ကြောင့် အ များ သည် အ ပြစ် သား အ ဖြစ် ရောက် သည့် နည်း တူ ပင်၊ တစ် ပါး သူ၏ နား ထောင် ခြင်း ကြောင့် အ များ သည် ဖြောင့် မတ် သူ့ အ ဖြစ် ရောက် ရ ကြ လိမ့် မည်။
20
ပ ညတ် တ ရား သည် လွန် ကျူး မှု ဖောင်း ပွ စေ ရန် ထပ် ဝင် သော် လည်း အ ပြစ် တ ရား ဖောင်း ပွ ရာ၌ ကျေး ဇူး တ ရား သာ၍ ကြွယ် ဝ ၏။
21
သို့ မှ အ ပြစ် တ ရား သည် သေ ခြင်း အ လို့ ငှါ မင်း မူ ခဲ့ သည့် နည်း တူ ပင် ကျေး ဇူး တ ရား သည် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ဖြောင့် မတ် ခြင်း ကြောင့် ထာ ဝ ရ အ သက် အ လို့ ငှါ မင်း မူ ရ လိမ့် သ တည်း။