1
ယော န သည်၊ အ လွန် မ နှစ် သက် သ ဖြင့် အ မျက် ထွက်၍၊ ထာ ဝ ရ ဘု ရား အား ပ ဌ နာ ပြု သည် မှာ၊
2
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ကျေး ဇူး ပြု တတ် သော သ ဘော၊ သ နား တတ် သော သ ဘော၊ စိတ် ရှည် သော သ ဘော၊ က ရု ဏာ နှင့် ကြွယ် ဝ သော သ ဘော၊ ပေး လ တ္တံ့ သော ဘေး ဒဏ် မှ ပြောင်း လဲ သော သ ဘော ရှိ သော ဘု ရား ဖြစ် တော် မူ သည် ဟု၊ နေ ရင်း ပြည်၌ ရှိ စဉ်၊ အ ကျွန်ုပ် အောက် မေ့ သည် မ ဟုတ် ပါ လော။ ထို့ ကြောင့်၊ တာ ရှု မြို့ သို့ တင် ရင် ပြေး သွား ပါ ပြီ။
3
သို့ ဖြစ်၍၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ သက် ရှင် ရ ခြင်း ထက်၊ သေ ရ ခြင်း သည် သာ၍ ကောင်း သော ကြောင့်၊ အ ကျွန်ုပ် အ သက် ကို ရုတ် သိမ်း တော် မူ ပါ ဟု တောင်း လျှောက် သော်၊
4
ထာ ဝ ရ ဘု ရား က၊ သင် သည် အ မျက် ထွက် သင့် သ လော ဟု မေး တော် မူ၏။
5
ထို နောက် ယော န သည် မြို့ ပြင် သို့ ထွက်၍ မြို့ ရှေ့ တွင် နေ လျက် တဲ ထိုး ပြီး လျှင်၊ မြို့ ၌ မည် သို့ ဖြစ် မည် ကို မ သိ မ မြင် ရ မီ၊ တဲ ရိပ် အောက် မှာ ထိုင် နေ ရာ၊
6
ထာ ဝ ရ ဘု ရား သ ခင် သည်၊ ယော န ကို ဒု က္ခ မှ ကင်း လွတ် စေ သော အ ရိပ် ဆာ ယာ၊ ဦး ခေါင်း ပေါ် တွင် ရှိ စေ ရန် ကြက် ဆူ ပင် ကို စီ မံ ကြီး ပွား စေ တော် မူ၏။ ယော န လည်း၊ ထို အ ပင် ကြောင့် အ လွန် အား ရ ဝမ်း မြောက် လေ၏။
7
နက် ဖြန် အ ရုဏ် တက် သော အ ခါ၊ ဘု ရား သ ခင် စီ မံ တော် မူ သည့် အ တိုင်း၊ ပိုး ကောင် သည် ကြက် ဆူ ပင် ကို ကိုက်၍ ညှိုး နွမ်း စေ၏။
8
နေ ထွက် သော အ ခါ၊ ဘု ရား သ ခင် သည် ပူ ပြင်း သော အ ရှေ့ လေ ကို စီ မံ တော် မူ၍၊ ဦး ခေါင်း ကို နေ ထိ ခိုက် သ ဖြင့်၊ မူး မော် သည် နှင့်၊ ယော န က၊ အ ကျွန်ုပ် အ သက် ရှင် ရ ခြင်း ထက်၊ သေ ရ ခြင်း သည် သာ၍ ကောင်း ပါ သည် ဟု မြည် တမ်း လျက်၊ သေ ဆု ကို တောင်း လျှောက် လေ၏။
9
ဘု ရား သ ခင် က လည်း။ ကြက် ဆူ ပင် အ တွက်၊ အ မျက် ထွက် သင့် သ လော ဟု မေး တော် မူ လျှင်၊ ယော န က၊ သေ လု အောင် အ မျက် ထွက် သင့် ပါ သည် ဟု လျှောက် ဆို သော်၊
10
ထာ ဝ ရ ဘု ရား က၊ သင် ပြု စု ခြင်း၊ ကြီး ပွား စေ ခြင်း များ နှင့် ကင်း လျက်၊ တစ် ညဉ့် ချင်း ပေါက်၍၊ တစ် ညဉ့် ချင်း ပင် ပျက် စီး သော ကြက် ဆူ ပင် ကို၊ သင် နှ မြော လေ ပြီ တ ကား။
11
ငါ သည် လည်း၊ များ စွာ သော တိ ရ စ္ဆာန် နှင့် တ ကွ၊ ကိုယ့် ညာ ဝဲ လက် ကို မျှ ပိုင်း ခြား၍ မ သိ သော၊ တစ် သိန်း နှစ် သောင်း ထက် လူ နေ များ သော နိ န ဝေ မြို့ ကြီး ကို၊ နှမြော သင့် သည် မ ဟုတ် လော ဟု မိန့် တော် မူ၏။