1
ထာ ဝ ရ ဘု ရား၏ အ မိန့် တော် သည်၊ အ မိ တ္တဲ၏ သား ယော န ထံ ရောက် လာ သည် ကား။
2
နိ န ဝေ မြို့ ကြီး သို့ ထ သွား ပြီး လျှင်၊ ၎င်း မြို့ အ ပေါ် တွင် ကြွေး ကြော် လော့။ အ သို့ ဆို သော်၊ ထို မြို့ သူ မြို့ သား တို့၏ ဒု စ ရိုက် အ ပြစ် သည်၊ ငါ့ ရှေ့ သို့ တက် လာ ပြီ ဟု မိန့် တော် မူ ၏။
3
သို့ ရာ တွင် ယော န သည်၊ ထာ ဝ ရ ဘု ရား ထံ တော် မှ တာ ရှု မြို့ သို့ ပြေး မည် အ ကြံ နှင့် ထ၍၊ ယု ပ္ပေ မြို့ သို့ သွား ရောက် ရာ၊ တာ ရှု မြို့ သွား သင်္ဘော ကို တွေ့ ကြုံ၍ အ ခ ပေး ပြီး လျှင်၊ ထာ ဝ ရ ဘု ရား ထံ တော် မှ တာ ရှု မြို့ သို့ လိုက် ခြင်း ငှာ တက် စီး လေ ၏။
4
ထို အ ခါ၊ ထာ ဝ ရ ဘု ရား သည် ပြင်း ထန် သော လေ ကို ပင် လယ် ပေါ် သို့ တိုက် စေ တော် မူ သ ဖြင့်၊ ပင် လယ်၌ ကြီး စွာ သော မုန် တိုင်း ကျ ၍ သင်္ဘော ပျက် လု မ တတ် ရှိ သော်၊
5
သင်္ဘော သား တို့ သည် ကြောက် လန့်၍၊ အ သီး အသီး ကိုယ့် ဘု ရား ကို အော် ဟစ် လျက်၊ သင်္ဘော ပေါ့ စေ ခြင်း ငှာ၊ ကိ ရိ ယာ များ ကို ပင် လယ် ထဲ သို့ ပစ် ချ ကြ၏။ ယော န မူ ကား၊ သင်္ဘော ဝမ်း ထဲ သို့ ဆင်း ၍ အိပ် ပျော် လျက် နေ စဉ်၊
6
သင်္ဘော သူ ကြီး သည် လာ၍၊ အ ချင်း လူ၊ အ ဘယ့် ကြောင့် အိပ် ပျော် နေ သ နည်း။ ထ လော့၊ သင်၏ ဘု ရား ကို ဟစ် ခေါ် လော့။ ငါ တို့ မ ပျက် စီး စေ ခြင်း ငှာ၊ ထို ဘု ရား သည် ငါ တို့ ကို သ တိ ရ ကောင်း ရ တော် မူ လိမ့် မည် ဟု ဆို ၏။
7
ထို သူ တို့ က လည်း လာ ကြ။ မည် သူ့ အ တွက် ကြောင့် ဤ ဘေး သင့် ရောက် သည် ကို ငါ တို့ သိ စေ ခြင်း ငှာ၊ မဲ ချ ကြ ကုန် အံ့ ဟု အ ချင်း ချင်း ပြော ဆို၍ မဲ ချ လျှင်၊ ယော န အ ပေါ် သို့ ကျ လေ ၏။
8
ထို အ ခါ သူ တို့ က၊ မည် သူ့ အ တွက် ကြောင့် ဤ ဘေး သင့် ရောက် သည် ကို ပြော ပါ လော့။ သင် လုပ် ဆောင် သော အ မှု ကား မည် သို့ နည်း။ မည် သည့် အ ရပ် က လာ သ နည်း။ မည် သည့် ပြည်၊ မည် သည့် အ မျိုး သား ဖြစ် သ နည်း ဟု မေး မြန်း ကြ သော်၊
9
ငါ သည် ဟေ ဗြဲ အ မျိုး သား ဖြစ်၏။ ရေ မြေ ကို ဖန် ဆင်း တော် မူ သော ကောင်း ကင် ဘုံ ရှင် ထာ ဝ ရ ဘု ရား သ ခင် ကို ခန့် ညား သော သူ ဖြစ် သည် ဟု ဆို လျှင်၊
10
ထို သူ တို့ သည် အ လွန် ကြောက် လန့်၍၊ သင် သည် မည် သို့ ပြု ဘိ သ နည်း ဟု မေး ကြ၏။ ထို သို့ မေး သည့် အ ကြောင်း ကား၊ ယော န သည် ထာ ဝ ရ ဘု ရား ထံ တော် မှ ထွက် ပြေး ကြောင်း ကို သူ တို့ အား ဖော် ပြ၍ သိ နှင့် ကြ သော ကြောင့် တည်း။
11
ထို အ ခါ၊ လှိုင်း တံ ပိုး တိုး၍ ထ သော ကြောင့် သူ တို့ က၊ ငါ တို့ နှင့် လှိုင်း တံ ပိုး ငြိမ်း ဝေး စေ ခြင်း ငှာ၊ သင့် ကို မည် သို့ ပြု ရ ပါ မည် နည်း ဟု မေး ကြ သော်၊
12
ငါ့ ကို ယူ၍ ပင် လယ် ထဲ သို့ ချ ပစ် ကြ လော့။ သို့ ပြု လျှင် သင် တို့ နှင့် လှိုင်း တံ ပိုး ငြိမ်း ဝေး လိမ့် မည်။ ဤ ကြီး စွာ သော မုန် တိုင်း သည်၊ ငါ့ အ တွက် ကြောင့် သင် တို့ ၌ သင့် ရောက် သည် ကို ငါ သိ သည် ဟု ပြန် ပြော လျက် ပင်၊
13
သင်္ဘော သား တို့ သည် ကမ်း သို့ ရောက် အံ့ သော ငှာ ကြိုး စား ခတ် ကြ သော် လည်း၊ သူ တို့ တစ် ဘက်၌ လှိုင်း တံ ပိုး တိုး၍ ထ သော ကြောင့်၊ မ ရောက် နိုင်။
14
ထို ကြောင့်၊ ထာ ဝ ရ ဘု ရား အား ဟစ်၍၊ အို ထာ ဝ ရ ဘု ရား၊ ဤ သူ၏ အ သက် ကြောင့် အ ကျွန်ုပ် တို့ သည် ပျက် စီး ခြင်း သို့ မ ရောက် ရ ပါ စေ နှင့်။ အ ပြစ် ကင်း သော သူ၏ အ သွေး ကို အ ကျွန်ုပ် တို့ အ ပေါ် သို့ တင် တော် မ မူ ပါ နှင့်။ အ သို့ ဆို သော်၊ ကိုယ် တော် သည် အ လို တော် အ တိုင်း ပြု တော် မူ ပါ ပြီ ဘု ရား ဟု ဆု တောင်း ပြီး မှ၊ ယော န ကို ယူ ၍ ပင် လယ် ထဲ သို့ ပစ် ချ ကြ ၏။
15
ထို အ ခါ လှိုင်း တံ ပိုး မ ထ ဘဲ ပင် လယ် ငြိမ် လေ ၏။
16
သင်္ဘော သား တို့ လည်း၊ ထာ ဝ ရ ဘု ရား ကို အ လွန် ကြောက် ရွံ သည် နှင့်၊ ထို ဘု ရား အား ပူ ဇော် သ က္ကာ ဆက် ကပ်၍ သ စ္စာ ပြု ကြ၏။
17
ယော န ကို မျို စေ ခြင်း ငှာ ငါး ကြီး ကို ထာ ဝ ရ ဘု ရား စီ မံ တော် မူ သည် နှင့် အ ညီ၊ ယော န သည် ငါး၏ ဝမ်း ထဲ မှာ၊ သုံး နေ့ နှင့် သုံး ညဉ့် နေ ရ လေ ၏။