1
တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ မည် မှာ မိန်း မ သည် သ န္ဓေ တည်၍ သား ယောက်ျား ကို ဖွား မြင် သော် ရာ သီ ရောက် ရာ ထုံး နည်း အ တိုင်း မ သန့် လျက် ခု နစ် ရက် ပတ် လုံး နေ စေ ပြီး မှ၊
2
3
ရှစ် ရက် မြောက် သော နေ့ တွင် အ ရေ ဖျား လှီး မင်္ဂ လာ ကို သား အား ပေး ရ မည်။
4
အ သွေး ဖြင့် သန့် အောင်၊ သုံး ဆယ့် သုံး ရက် တိုင် တိုင် ဆက် လက် နေ လျက်၊ သန့် စေ ခြင်း ဆိုင် ရာ နေ့ ရက် များ မ ကုန် မ ချင်း၊ သီး သန့် သော အ ရာ ကို ထိ ခြင်း၊ သန့် ရှင်း ရာ ဌာ န တော် သို့ တက် ခြင်း မ ပြု ရ။
5
သား မိန်း မ ကို ဖွား မြင် လျှင် မူ ကား ရာ သီ ရောက် ရာ ထုံး နည်း အ တိုင်း မ သန့် ဘဲ နှစ် သိ တင်း ပတ် လုံး နေ ရ လျက် အ သွေး ဖြင့် သန့် အောင် ခြောက် ဆယ့် ခြောက် ရက် တိုင် တိုင် ဆက် လက် နေ ရ မည်။
6
သား ယောက်ျား အ တွက် သော် လည်း ကောင်း၊ သား မိန်း မ အ တွက် သော် လည်း ကောင်း၊ သန့် စေ ခြင်း ဆိုင် ရာ နေ့ ရက် များ ကုန် လွန် မှ မီး ရှို့ ရာ သ က္ကာ အ ဖြစ် အ ခါ လည် သော သိုး သား ငယ် တစ် ကောင်၊ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ခို တစ် ကောင် ဖြစ် စေ၊ ချိုး တစ် ကောင် ဖြစ် စေ၊ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး ပ ရော ဟိတ် ထံ ဆောင် သွား ရာ၊
7
ပ ရော ဟိတ် သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော် ၌ ဆက် ကပ်၍ မိန်း မ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု သ ဖြင့် သွေး သွန် ရာ မှ သန့် ရာ ရောက် လိမ့် မည်။ သား ယောက်ျား သော် လည်း ကောင်း၊ သား မိန်း မ သော် လည်း ကောင်း၊ ဖွား မြင် သော မိ ခင် ဆိုင် ရာ ဝ တ္တ ရား ကား ဤ သို့ တည်း။
8
သိုး လက် ဝယ် မ ရှိ လျှင် မီး ရှို့ ရာ သ က္ကာ အ ဖြစ် တစ် ကောင်၊ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် တစ် ကောင်၊ ချိုး နှစ် ကောင် ဖြစ် စေ၊ ခို နှစ် ကောင် ဖြစ် စေ၊ ဆောင် သွင်း ရာ ပ ရော ဟိတ် သည် အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု သ ဖြင့် သန့် ရာ ရောက် လိမ့် မည့် အ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။