1
ရှစ် ရက် မြောက် သော နေ့၌ အာ ရုန် နှင့် သား တို့ မှ စ၍ ဣ သ ရေ လ လူ ကြီး တို့ ကို ခေါ် ပြီး လျှင်၊
2
မော ရှေ က၊ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် နွား သား ငယ် ကို လည်း ကောင်း၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် သိုး ထီး ကို လည်း ကောင်း၊ ကြန် အင် စုံ ရာ ရွေး ယူ လျက် ထာ ဝ ရ ဘု ရား ရှေ့ ဆက် ကပ် လော့။
3
ဣ သ ရေ လ အ မျိုး သား တို့ အား လည်း သင် တို့ ရှေ့ ယ နေ့ ထာ ဝ ရ ဘု ရား ထင် ရှား တော် မူ မည် ဖြစ်၍ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဆိတ် ထီး ကို လည်း ကောင်း၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် ကြန် အင် စုံ လျက် အ ခါ လည် သော နွား သား ငယ် နှင့် သိုး သား ငယ် ကို လည်း ကောင်း၊ မိတ် သ ဟာ ယ သ က္ကာ အ ဖြစ် ထာ ဝ ရ ဘု ရား ရှေ့ ပူ ဇော် ရန် နွား နှင့် သိုး ထီး ကို လည်း ကောင်း၊ ဆီ ရော သော ဘော ဇဉ် သ က္ကာ ကို လည်း ကောင်း၊ ဆောင် ယူ ကြ ရ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု အာ ရုန် အား မိန့် ဆို သည့် အ တိုင်း၊
4
5
မော ရှေ မှာ ထား သ မျှ ကို တွေ့ ဆုံ ရာ တဲ တော် ရှေ့ သို့ ဆောင် ခဲ့ လျက် ပ ရိ သတ် ဥဿုံ ချဉ်း ကပ်၍ ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ရပ် ကြ ရာ၊
6
မော ရှေ က၊ သင် တို့ အား ဘုန်း တော် ထင် ရှား စေ ရန် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ လိုက် သော အ မှု ကား ဤ သို့ တည်း ဟု ဆို လေ ၏။
7
အာ ရုန် အား လည်း မော ရှေ က၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း ပူ ဇော် ရာ ပ လ္လင် တော် သို့ ချဉ်း ကပ် လျက် ကိုယ် ဆိုင် သော အ ပြစ် ဖြေ ရာ သ က္ကာ၊ ကိုယ် ဆိုင် သော မီး ရှို့ ရာ သ က္ကာ များ ကို ဆက် ကပ် ၍ ကိုယ့် အ ပြစ် နှင့် လူ ပ ရိ သတ် အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ပြီး လျှင် လူ ပ ရိ သတ်၏ အ လှူ ဒါ ကို ဆက် ကပ် ၍ ၎င်း တို့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု လော့ ဟု မိန့် ဆို သည့် အ လျောက်၊
8
အာ ရုန် သည် ပ လ္လင် တော် သို့ ချဉ်း ကပ် ပြီး လျှင် ကိုယ် ဆိုင် သော အ ပြစ် ဖြေ ရာ သ က္ကာ နွား သား ငယ် ကို စီ ရင် ခြင်း၊
9
သား တို့ ဆက် သွင်း ကြ သော အ သွေး ကို လက် ချောင်း နှိုက် လျက် ပ လ္လင် တော် စိန် တောင် များ ၌ သုတ် ခြင်း၊ အ သွေး ကျန် ကို ပ လ္လင် တော် ခြေ ရင်း သို့ လောင်း ခြင်း၊
10
အ ပြစ် ဖြေ ရာ သ က္ကာ၏ ဆီ ဥ၊ ကျောက် ကပ်၊ အ သည်း ဆိုင် ရာ အ ညှို့ ပါ၊ ပ လ္လင် တော် ထက် မီး ဖြင့် ပူ ဇော် ခြင်း များ ကို မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း ပြု လေ ၏။
11
အ သား အ ရေ ကို ကား တပ် စား ခန်း ပြင် ကျွမ်း လောင် စေ လေ ၏။
12
မီး ရှို့ ရာ သ က္ကာ ကို လည်း စီ ရင် ခြင်း၊ သား တို့ ဆက် ကြ သော အ သွေး ကို ပ လ္လင် တော် ဘေး ပတ် လည်၌ သွန်း ပက် ခြင်း၊
13
ဆက် ကြ သော မီး ရှို့ ရာ သ က္ကာ၏ သား တစ် များ နှင့် ဦး ခေါင်း ကို ပ လ္လင် တော် ထက် မီး ဖြင့် ပူ ဇော် ခြင်း၊
14
ဝမ်း တွင်း သား နှင့် ခြေ ပါ ဆေး ကြော ပြီး လျှင် ပ လ္လင် တော် ထက် မီး ရှို့ ရာ သ က္ကာ ပေါ် တွင် ပူ ဇော် ခြင်း များ ကို ပြု လေ ၏။
15
လူ ပ ရိ သတ်၏ အ လှူ ဒါ န ကို တင် သွင်း ရာ ၎င်း တို့ ဆိုင် သော အ ပြစ် ဖြေ ရာ သ က္ကာ ဆိတ် ကို ယူ၍ အ ထက် နည်း အ တိုင်း စီ ရင် လျက် အ ပြစ် ဖြေ ရန် ဆက် ကပ် ခြင်း၊
16
မီး ရှို့ ရာ သ က္ကာ ကို တင် သွင်း လျက် ဆုံး ဖြတ် တော် မူ ချက် အ ရ ဆက် ကပ် ခြင်း၊
17
ဘော ဇဉ် သ က္ကာ ကို တင် သွင်း ၍ သဲ့ ယူ သော တစ် လက် ဆွန်း ကို ပ လ္လင် တော် ထက် နံ နက် မီး ရှို့ ရာ သ က္ကာ ပြင် ပူ ဇော် ခြင်း များ ကို ပြု လေ ၏။
18
လူ ပ ရိ သတ် ဆိုင် သော မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ နွား နှင့် သိုး ကို စီ ရင် ခြင်း၊ သား တို့ ဆက် ကြ သော အ သွေး ကို ပ လ္လင် တော် ဘေး ပတ် လည်၌ သွန်း ပက် ခြင်း၊
19
ရင် ထူး နှစ် ခု ပေါ် တွင် တင် ၍ ဆက် ကြ သော နွား ဆီ ဥ နှင့် တ ကွ သိုး မြီး ထူး၊ အ တွင်း ၌ ဖုံး လွှမ်း သော ဆီ ဥ၊ ကျောက် ကပ်၊ အ သည်း ဆိုင် ရာ အ ညှို့ တည်း ဟူ သော ဆီ ဥ ကို ပလ္လင် တော် ထက် မီး ဖြင့် ပူ ဇော် ခြင်း၊
20
21
လက်ျာ ပေါင် နှင့် ရင် ထူး များ ကို ထာ ဝ ရ ဘု ရား ရှေ့ ဦး တိုက် ရာ အ လှူ အ ဖြစ် ဦး တိုက် ခြင်း များ ကို မော ရှေ မိန့် ဆို သည့် အ လျောက် အာ ရုန် ပြု လေ ၏။
22
အာ ရုန် သည် လူ ပ ရိ သတ် အ ပေါ် တွင် လက် ကို ချီ လျက် ကောင်း ကြီး ပေး ပြီး လျှင် အ ပြစ် ဖြေ ရာ သ က္ကာ၊ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ဆက် ကပ် သည် မှ ဆင်း သက် ၍၊
23
မော ရှေ နှင့် အာ ရုန် တို့ သည် တွေ့ ဆုံ ရာ တဲ တော် တွင်း သို့ ဝင် ရောက် ပြန် ထွက် လျက် လူ ပ ရိတ် သတ် ကို ကောင်း ကြီး ထပ် ပေး ကြ သည့် ကာ လ ပ ရိ သတ် ဥဿုံ အား ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထင် ရှား ၍၊
24
မျက် မှောက် တော် မှ ထွက် လာ သော မီး သည် ပ လ္လင် တော် ထက် ရှိ မီး ရှို့ ရာ သ က္ကာ နှင့် ဆီ ဥ များ ကို ကျွမ်း လောင် ရာ လူ ပ ရိ သတ် မြင် လျှင် ကြွေး ကြော် လျက် ပျပ် ဝပ် ကြ ကုန် သ တည်း။