1
ထာ ဝ ရ ဘု ရား သည် တွေ့ ဆုံ ရာ တဲ တော် မှ ခေါ်၍၊
2
မော ရှေ အား မိန့် တော် မူ သည် မှာ လူ တစ် ဦး သည် ငါ ထာ ဝ ရ ဘု ရား ထံ အ လှူ ဒါ န တင် သွင်း ရာ နွား အုပ် မှ သော် လည်း ကောင်း၊ သိုး ဆိတ် မှ သော် လည်း ကောင်း၊ တစ် ကောင် ကောင် ကို ဆက် ကပ် စေ ဟူ၍ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို လော့။
3
နွား အုပ် မှ မီး ရှို့ ရာ အ လှူ ကို လှူ ဒါန်း လျှင် ထာ ဝ ရ ဘု ရား ဘု ရား စိတ် တော် နှင့် တွေ့ အံ့ သော ငှါ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး ကြန် အင် စုံ သော အ ထီး ကို တင် သွင်း စေ။
4
မီး ရှို့ ရန် နွား ဦး ခေါင်း ပေါ် တွင် လက် တင် သ ဖြင့် အ ပြစ် ဖြေ ခြင်း အ ဖြစ် လက် ခံ တော် မူ လိမ့် မည်။
5
ထာ ဝ ရ ဘု ရား ရှေ့ ထို နွား ကို စီ ရင် ခြင်း၊ အ ရေ ခွါ ခြင်း၊ အ ပိုင်း ပိုင်း ဖြတ် ခြင်း၊ ပြု ပြီး လျှင်၊ အာ ရုန့် သား ပ ရော ဟိတ် ဖြစ် သူ တို့ သည် အ သွေး ကို ဆက် ကပ် ရာ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး ရှိ ပူ ဇော် ရာ ပ လ္လင် တော် ဘေး ပတ် လည်၌ သွန်း ပက်၍၊
6
7
ပ လ္လင် တော် ပေါ် တွင် မီး၊ မီး ပေါ် တွင် ထင်း ကို ခင်း စီ လျက်၊
8
ဝမ်း တွင်း သား နှင့် ခြေ များ ကို ဆေး ကြော၍ သား တစ်၊ ဦး ခေါင်း၊ ဆီ ဥ ပါ ထင်း မီး ပေါ်၌ စီ တင် ကြ ပြီး မှ ပ ရော ဟိတ် သည် ထာ ဝ ရ ဘု ရား စိတ် တော် ပြေ ဖွယ် ရ နံ့ အ ဖြစ်၊ မီး ပူ ဇော် ရာ အ ဖြစ်၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် ဖြင့် တစ် ပုံ လုံး ကို ပ လ္လင် တော် ပေါ် မှာ ပူ ဇော် ရ မည်။
9
10
သိုး ဆိတ် အုပ် မှ မီး ရှို့ ရာ အ လှူ ကို လှူ ဒါန်း လျှင် ကြန် အင် စုံ သော အ ထီး ကို ဆက် ကပ် စေ။
11
ထာ ဝ ရ ဘု ရား ရှေ့၊ ပူ ဇော် ရာ ပ လ္လင် တော် မြောက် မျက် နှာ တွင် စီ ရင် ခြင်း၊ အ ပိုင်း ပိုင်း ဖြတ် ခြင်း ပြု ပြီး လျှင် အ သွေး ကို ပလ္လင် တော် ဘေး ပတ် လည်၌ အာ ရုန့် သား ပ ရော ဟိတ် ဖြစ် သူ တို့ သွန်း ပက် ကြ ပြီး မှ ပ ရော ဟိတ် သည် ဝမ်း တွင်း သား နှင့် ခြေ များ ကို ဆေး ကြော၍ သား တစ်၊ ဦး ခေါင်း၊ ဆီ ဥ ပါ၊ ပ လ္လင် တော် ထက် ရှိ မီး ထင်း ပေါ်၌ စီ တင် လျက် တစ် ပုံ လုံး ကို ပူ ဇော် ဆက် ကပ် ရ မည်။ ထာ ဝ ရ ဘု ရား စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ မီး ရှို့ ရာ သ က္ကာ ဖြစ် သ တည်း။
12
13
14
ကြက် ငှက် အုပ် မှ ထာ ဝ ရ ဘု ရား ထံ မီး ရှို့ ရာ အ လှူ ကို လှူ ဒါန်း လျှင် ချိုး ဖြစ် စေ၊ ခို ဖြစ် စေ၊ လှူ ဒါန်း တင် သွင်း စေ။
15
ပ ရော ဟိတ် သည် ပူ ဇော် ရာ ပ လ္လင် တော် အ နီး ကပ် ခြင်း၊ ဦး ခေါင်း ကို လိမ် ဖြတ်၍ ပလ္လင် တော် ပေါ် မှာ မီး ရှို့ ခြင်း၊ အ သွေး ကို ပလ္လင် တော် ဘေး၌ ညှစ် ချ ခြင်း၊
16
စာ လုပ် နှင့် အ မွေး ကို နုတ် ယူ၍ ပ လ္လင် တော် ရှေ့ မျက် နှာ ပြာ ပုံ ရာ၌ ပစ် လိုက် ခြင်း၊
17
အ ကောင် ကို မ ခွဲ ဘဲ တောင် ပံ ကို ဆွဲ ဖြတ် ခြင်း ပြု ပြီး မှ ပ လ္လင် တော် ထက် ရှိ မီး ထင်း ပေါ် တွင် ပူ ဇော် ရ မည်။ ထာ ဝ ရ ဘု ရား စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ၊ မီး ရှို့ ရာ သ က္ကာ ဖြစ် သ တည်း။