1
ကိုယ့် ဘု ရား သ ခင် နှင့် ခွာ သွား မှား ယွင်း၍၊ ကောက် နယ် တ လင်း ရှိ သ မျှ၌ အ ခ ကို တပ် မက် သော အို ဣ သ ရေ လ အ မျိုး၊ လူ မျိုး ခြား တို့ နည်း တူ၊ အား ရ ရွှင် လန်း ခြင်း မ ပြု လင့်။
2
ကောက် နယ် တ လင်း၊ ဖိ နင်း ရာ စ ပျစ် ကျင်း ထွက် စား ဖွယ်၊ သောက် ဖွယ် မ လုံ မ လောက်၊ စ ပျစ် ရည် ခန်း ခြောက် လိမ့် မည်။
3
ဧ ဖ ရိမ် သည် ထာ ဝ ရ ဘု ရား ပိုင် ပြည် တော် တွင် မ နေ ရ ဘဲ၊ အိ ဂျစ် ပြည် သို့ ပြန် သွား ရ မည်။ အာ ရှု ရိ ပြည် ၌ လည်း မ သန့် စွာ စား သောက် ရ မည်။
4
ထာ ဝ ရ ဘု ရား ထံ သွန်း လောင်း ရာ သ က္ကာ ကို လည်း ကောင်း၊ နှစ် သက် တော် မူ ဖွယ် ပူ ဇော် သ က္ကာ ကို လည်း ကောင်း၊ ဆက် ကပ် ခွင့် ရ တော့ မည် မ ဟုတ်။ သုံး ဆောင် သူ ဟူ သ မျှ ကို မ သန့် ရာ ရောက် စေ သော အ သု ဘ ပွဲ ပ မာ၊ အ စာ ကို သုံး ဆောင် ရ ကြ သည့် အ တိုင်း၊ ဗိ မာန် တော် အ တွင်း သို့ တင် သွင်း ခွင့် မ ရ ဘဲ၊ အ သက် မွေး ရန် မျှ သာ စား သောက် ရ ကြ မည်။
5
ပြု မြဲ ပွဲ နေ့၊ ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ပွဲ နေ့ များ၌၊ မည် သို ပြု ကြ မည် နည်း။
6
ဘေး ဆိုး မှ ထွက် ပြေး ခဲ့ သော် လည်း၊ အိ ဂျစ် ပြည်၌ စု ပုံ ခြင်း၊ မင် ဖိ မြို့၌ မြေ မြှုပ် ခြင်း ကို ခံ ရ ကြ လ တ္တံ့။ ဆူး ပင် သည် နေ ရင်း အိမ် များ ကို လည်း ကောင်း၊ ပေါင်း ပင် သည် ငွေ ရ တ နာ များ ကို လည်း ကောင်း၊ ဖုံး လွှမ်း လိမ့် မည်။
7
ဣ သ ရေ လ သိ မြင် ရသည့် အ တိုင်း၊ ဒဏ် စီ ရင် ရန် နေ့ ရက်၊ ဆပ် ပေး ရန် နေ့ ရက် ကာ လ သင့် ရောက် လေ ပြီ။ ကိုယ့် ဒု စ ရိုက် များ ပြား၍၊ ရန် ငြိုး ဖွဲ့ ခြင်း ကြီး လေး သည့် အ လျောက်၊ ပ ရော ဖက် သည် လူ မိုက်၊ နတ် ဝင် သည် လူ ရူး ဖြစ်၏။
8
ဧ ဖ ရိမ် သည်၊ ငါ့ ဘု ရား သ ခင့် တစ် ဖက် သူ လျှို သ ဖွယ်၊ ပ ရော ဖက် လည်း၊ နည်း လမ်း တော် ရှိ သ မျှ၌ ညွှတ် ကွင်း သ ဖွယ် ဖြစ် လျက်၊ ကိုယ့် ဘု ရား သ ခင့် ဗိ မာန် တော် တွင် ပင်၊ ရန် ငြိုး ဖွဲ့ ကြ သည် တ ကား။
9
ဂိ ဗာ မြို့၌ ပျက် ယွင်း ခဲ့ သည့် နည်း တူ၊ ဆိုး သွမ်း စွာ ပျက် ယွင်း ကြ သည့် အ လျောက်၊ ဒု စ ရိုက် ကို မှတ် သား လျက်၊ ပြစ် ဒဏ် စီ ရင် တော် မူ မည်။
10
သဲ တော၌ စ ပျစ် ခိုင် သ ဖွယ် ငါ တွေ့ ခဲ့ ရာ ဣ သ ရေ လ၊ အ ဦး မှည့် သော သ ဖန်း သီး သ ဖွယ် ငါ မြင် ခဲ့ ရာ သင့် ဘိုး ဘေး တို့ သည်၊ ဗာ လ ပေ ဂု ရ သို့ ရောက်၍၊ ထို ရှက် ဖွယ် ရာ နတ် အား၊ ကိုယ် ကို သီး သန့် ထား လျက်၊ တပ် မက် သော အ ရာ နှင့် အ မျှ ရွံ ရှာ ဖွယ် ဖြစ် ကြ သည့် အ တိုင်း၊
11
ဧ ဖ ရိမ် အ မျိုး၌ သ န္ဓေ တည် ခြင်း၊ ကိုယ် ဝန် ဆောင် ခြင်း၊ သား ဖွား ခြင်း မ ရှိ သ ဖြင့်၊ ငှက် ကဲ့ သို့ ဂုဏ် အ သ ရေ ပျံ လွှား လိမ့် မည်။
12
သား မွေး သော် လည်း၊ အ မျိုး တိမ် ကော သည့် တိုင် အောင် ငါ သေ စေ မည်။ ငါ လွှဲ ခွာ သော်၊ အ မင်္ဂ လာ ရှိ လိမ့် မည်။
13
တု ရု မြို့ ကဲ့ သို့၊ စား ကျက် တွင် စိုက် ပျိုး ဟန် ရှိ သော ဧ ဖ ရိမ် သည်၊ လုပ် ကြံ သူ တို့ အား၊ သား သ မီး တို့ ကို ထုတ် အပ် ရ မည်။
14
အို ထာ ဝ ရ ဘု ရား၊ ထို သူ တို့ အား ပေး ချ တော် မူ ပါ။ မည် သို့ ပေး တော် မူ အပ် သ နည်း ဟူ မူ၊ သား လျှော သော ဝမ်း၊ ခန်း ခြောက် သော သား မြတ် ကို ပေး ချ တော် မူ ပါ။
15
ဂိ လ ဂါလ မြို့ တွင် ဆိုး သွမ်း မှု ရှိ သ မျှ ကို၊ သူ တို့ ပြု ကြ သော ကြောင့်၊ ထို နေ ရာ၌ ငါ မုန်း ထား၏။ ဆိုး သွမ်း သော အ ပြု အ ကျင့် အ တွက်၊ ဆက် လက် မ မြတ် နိုး ဘဲ၊ စံ ရာ တော် မှ ငါ နှင် ထုတ် မည်။ မင်း ရှိ သ မျှ သည် ဖီ ဆန် ကြ သည် တ ကား။
16
ဧ ဖ ရိမ် သည်၊ အ ပစ် အ ခတ် ခံ ရ ၍၊ အ မြစ် ပါ သွေ့ ခြောက် လျက် အ သီး မ သီး ချေ။ သား ဖွား သော် လည်း၊ ချင်း ရင် သွေး တို့ ကို ငါ သေ စေ မည်။
17
ငါ ဘု ရား သ ခင် သည်၊ မ နာ ခံ သော ထို သူ တို့ ကို စွန့် ပစ် တော် မူ သည့် အ တိုင်း၊ လူ မျိုး ခြား တို့ ဘောင် တွင် လေ လွင့် ကြ ရ လ တ္တံ့။