ဟော​ရှေ-7

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ဣ သ ရေ လ၏ အ နာ ကို ငါ ကု မည် ပြု သော်၊ ပ ရိ ယာယ် ပြု တတ် သော ဧ ဖ ရိမ်၏ ဒု စ ရိုက် မှု၊ ရှ မာ ရိ၏ ဆိုး သွမ်း မှု ထင် ရှား လေ ပြီ။ သူ ခိုး များ သည် မြို့ အ တွင်း ဖောက် ဖျက် မှု၊ ဓား ပြ တို့ သည် မြို့ အ ပြင် တိုက် ယူ မှု ပြု တတ် ကြ၏။
  • 2 ထို ဆိုး သွမ်း မှု အ မျိုး မျိုး ကို၊ ငါ မှတ် သား ကြောင်း မ အောက် မေ့ ကြ။ ယ ခု ပင် ငါ မျက် မှောက် ပြု ရာ၊ ထို အ ကျင့် ဓ လေ့ များ ဖြင့်၊ ဝန်း ဝိုင်း ခံ ရ ကြ သည် တ ကား။
  • 3 ဘု ရင် မင်း ကို၊ ဆိုး သွမ်း မှု များ ဖြင့် လည်း ကောင်း၊ မှူး မတ် တို့ ကို၊ လိမ် လည် မှု များ ဖြင့်လည်း ကောင်း၊ အား ရ စေ ကြ၏။
  • 4 မုန့် ကို နယ် ပြီး သည် က စ၍၊ က စော် မ ပေါက် မ ချင်း၊ မုန့် သည် မ မွေး ရ သော မီး ဖို ကဲ့ သို့၊ ပူ လောင် မှား ယွင်း သော ထို လူ အ ပေါင်း တို့ သည်၊
  • 5 ရာ ဇ ဘိ သိက် နေ့၌၊ စ ပျစ် ရည် သောက် ကြူး ယစ် မူး လျက်၊ မ ထီ လေး စား ပြု သော မှူး မတ် တို့ အား၊ လက် တော် ဆက် သော ဘု ရင် မင်း ကို၊
  • 6 ညဉ့် အ ခါ တွင် အ မျက် ငြိမ် လျက်၊ နံ နက် အ ချိန်၌၊ မီး လျှံ သ ဖွယ် ထ သော ဒေါ သ စိတ် ဖြင့် ချောင်း မြောင်း၍၊ မီး ဖို ကဲ့ သို့ ပူ ကြ သ ဖြင့်၊
  • 7 မှူး မတ် တို့ သည် ကျွမ်း လောင် ခြင်း၊ ဘု ရင် အ ဆက် ဆက် တို့ သည်၊ ကျ ဆုံး ခြင်း ခံ ရ ကြ လေ ပြီ။ ငါ့ ထံ ပ ဌ နာ ပြု သူ တစ် ဦး မျှ မ ရှိ ချေ။
  • 8 ဧ ဖ ရိမ် သည် လူ မျိုး ခြား တို့ နှင့် ရော ပြွမ်း လျက် နေ၏။ လှန်၍ မ ဖုတ် သော မုန့် ကဲ့ သို့ ဖြစ်၏။
  • 9 ကိုယ် မ သိ ဘဲ၊ အင် အား ကို သူ စိမ်း တို့ စား မျို သည့် အ တိုင်း၊ ကိုယ် မ သိ ဘဲ၊ ဦး ဆံ ကြောင် လျက် ရှိ၏။
  • 10 ဣ သ ရေ လ၌၊ ကိုယ့် မာ န ပင် မျက် မှောက် ထင် ထင် အ ပြစ် တင် သော် လည်း၊ ရောက် သ မျှ သော အ မှု ကြောင့်၊ ကိုယ့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ထံ မ ပြန် လာ၊ မ ရှာ ဖွေ ဘဲ၊ ဉာဏ် ကင်း၍ မ လိ မ္မာ သော ချိုး ငှက် သ ဖွယ်၊
  • 11 အိ ဂျစ် မင်း ထံ တောင်း ခေါ်၍ အာ ရှု ရိ ပြည် သို့ သွား လေ ပြီ။
  • 12 ငါ သည် သူ သွား လေ ရာ ရာ၌၊ ပိုက် ကွန် တော် ကို ဖြန့်၍၊ လေ သ တ္တ ဝါ တို့ ကဲ့ သို့ ချ လျက်၊ ပ ရိတ် သတ် ကြား သိ သည့် အ တိုင်း ဆုံး မ လိမ့် မည်။
  • 13 ငါ နှင့် ခွာ သွား သော ထို သူ တို့၌ အ မင်္ဂ လာ ရှိ၏။ ငါ့ အား ပုန် ကန် သော ထို သူ တို့၌ ဘေး သင့် လိမ့် မည်။ ရွေး နုတ် မည့် ပြု သော်၊ ငါ့ ကို ရည် လျက်၊ မု သာ ထင် မှတ် ကြ လေ စွ။
  • 14 စိတ် ပါ ကိုယ် ရောက် ငါ့ ထံ ပ ဌ နာ မ ပြု ဘဲ၊ ဆန် စ ပါး၊ စ ပျစ် ရည် ကို သာ၊ အိပ် ရာ ပေါ် တွင် တ သ ကြ ၏။ ငါ မှဖောက် ပြန်၍ ရုန်း ရင်း ခတ် ပြု ကြ သည် တ ကား။
  • 15 လက် ရုံး ရည် ကို ပေး၍ သန် မာ စေ သော ငါ့ တစ် ဘက်၌၊ မ ကောင်း ကြံ စည် လျက်၊ လွဲ တတ် သော လေး အ လိုက် ပြန် လှည့် သော် လည်း၊
  • 16 အ ထက် ဘုံ စံ အ ရှင့် ထံ သို့ မ ပြန် ချေ။ ကြမ်း ကြုတ် သော စ ကား ကြောင့်၊ ဓား ဖြင့် ကျ ဆုံး သော မှူး မတ် တို့ သည်၊ အိ ဂျစ် ပြည် တွင် သ ရော် ခံ ရ ကြ လ တ္တံ့။
回到本卷目录 回到本版本目录 回到首页