1
ရွှေ သည် အ ရည် မှိန် ခြင်း၊ သိင်္ဂ နိက် သည် အ ရည် ယုတ် ခြင်း၊ သန့် ရှင်း ရာ ဌာ န၏ ကျောက် မျက် များ သည်၊ လမ်း ဆုံ တိုင်း ၌ ကြဲ ပစ် ခြင်း၊
2
ရွှေ စင် နှင့် စက် အပ် သော ဇိ အုန် မြို့ သား ရ တ နာ တို့ သည်၊ အိုး ထိန်း သည့် လက် ဖြစ် မြေ အိုး များ ကဲ့ သို့၊ အ ဖိုး ပြတ် ခြင်း များ ကို၊ ခံ ရ ကြ လေ စွ။
3
ခွေး အ မ တို့ သည်၊ သား ငယ် များ ကို နို့ တိုက် ကျွေး မွေး ကြ သော် လည်း၊ ငါ့ လူ မျိုး ချင်း သ တို့ သ မီး သည်၊ တော နေ ငှက် ကု လား အုပ် များ ကဲ့ သို့ ရက် စက် ကြ လေ စွ။
4
နို့ စို့ သူ ငယ် တို့ သည်၊ အာ ခေါင်၌ လျှာ ကပ် သည့် တိုင် အောင် နို့ ငတ် လျက်၊ ထ မင်း တောင်း သော နို့ ညှာ တို့ လည်း၊ ကျွေး မွေး သူ ကင်း လျက်၊
5
မြိန် မြိန် ရှက် ရှက် စား ခဲ့ သူ တို့ သည်၊ လမ်း များ တွင် ခို ကိုး ရာ မဲ့ လျက်၊ က မ္ပ လာ နီ ၀တ် ဆင် ခဲ့ သူ တို့ သည် အ မှိုက် ပုံ ၀ပ် လျက်၊ နေ ရှာ ရ ကြ လေ စွ။
6
လူ့ လက် ဖြင့် မ ဟုတ် ဘဲ၊ ရှောင် တ ခင် ဖြို လှဲ ခံ ရ သော၊ သော ဒုံ မြို့ ပြစ် ဒဏ် ထက်၊ ငါ့ လူ မျိုး ချင်း သ တို့ သ မီး ခံ သော စီ ရင် ဒဏ် ကြီး လေး သည် တ ကား။
7
မိုး ပွင့် ထက် ဖွေး လျက်၊ နို့ ရည် ထက် ဖြူ လျက်၊ ပ တ္တ မြား ထက် အ ဆင်း နီ လျက်၊ နီ လာ နှင့် အ မျှ တောက် ပ ဖူး သူ အ ကြီး အ ကဲ တို့ သည်၊
8
လမ်း တွင် သိ မှတ် သူ ကင်း သည့် တိုင် အောင်၊ မီး သွေး ထက် အ သား မည်း လျက်၊ ထင်း သ ဖွယ် တွန့် သော အ ရေ နှင့် အ ရိုး ကပ် လျက်၊ ပျက် ယွင်း ကြ လေ စွ။
9
ဓား ဘေး ဖြင့် လုပ် ကြံ ခံ ရ သူ တို့ သည် မြေ ထွက် အ သီး အ နှံ လို လျက်၊ မွတ် သိပ် ခြင်း ဘေး ဖြင့် နာ ကျင် စွာ ကြေ ကွဲ အောင် လုပ် ကြံ ကြ သူ တို့ ထက် သာ ယာ ကြ ၏။
10
ထောက် စာ သော မိန်း မ တို့ ပင်၊ ငါ့ လူ မျိုး ချင်း သ တို့ သ မီး ပျက် စီး ရာ၌၊ ကိုယ့် သား သ မီး တို့ ကို ဟင်း လျာ အ ဖြစ် ပြုတ် စား ခဲ့ ကြ ပြီ တ ကား။
11
ထာ ဝ ရ ဘု ရား သည် အ မျက် ဒေါ သ အ ရှိန် ကုန်၊ သွန်း လောင်း လျက်၊ ဇိ အုန် မြို့ အ ခြေ အ မြစ် ပါ၊ ကျွမ်း လောင် သော မီး ကို မွေး တော် မူ လေ ပြီ။
12
ယေ ရု ရှ လင် မြို့ တံ ခါး များ ဖြင့်၊ ရန် ဘက် ရန် သူ တို့ ချီ ဝင် ခွင့် ရ ကြ မည် ကို၊ မြေ ပေါ် စံ ဘု ရင် တို့ မှ စ သော၊ နေ ထိုင် သူ တစ် ဦး တစ် ယောက် မျှ မ ယုံ သော် လည်း၊
13
မြို့ အ တွင်း တွင်၊ ဖြောင့် မတ် သူ တို့ အ သွေး ကို သွန်း ခဲ့ သော ပ ရော ဖက် နှင့် ပ ရော ဟိတ် တို့ အ ပြစ် ဒု စ ရိုက် များ ကြောင့်၊ ထို သို့ ဖြစ် ရ သည် တ ကား။
14
ထို ပ ရော ဟိတ် နှင့် အ ကြီး အ ကဲ တို့ သည်၊ ရို သေ သူ၊ အား နာ သူ ကင်း လျက်၊ အ ဝတ် ကို မျှ လူ တို့ မ ထိ ဝံ့ သည့် တိုင် အောင်၊ အ သွေး စွန်း ကွက် လျက်၊ မျက် မ မြင် တို့ ကဲ့ သို့ စမ်း ယမ်း သွား လာ ရ ကြ၏။ ထွက် သွား ကြ လော့။ သင် တို့ မ သန့်၊ ထွက် သွား၊ ထွက် သွား လော့။ မ ထိ ခိုက် ကြ လင့် ဟု ခြိမ်း ချောက် သည့် အ တိုင်း၊ အ ခြား ပြည် သို့ ပြေး သွား ကြ သော်၊ ဤ တွင် မ နေ ရ ဟု၊ ထို ပြည် သား တို့ မြစ် တား ကြ ပြန်၏။ ထာ ဝ ရ ဘု ရား ကိုယ် တော် တိုင် ပင် ကွဲ လွင့် စေ သည့် အ လျောက်၊ နောင် အ ရေး ယူ တော် မူ မည် မ ဟုတ်။
15
16
17
ငါ တို့ သည်၊ အ ချည်း နှီး သော စစ် ကူ ခြင်း ကို မျှော် လျက်၊ မျက် စိ အား ကုန် ၏။ ဘေး မ လွတ် စေ နိုင် သော လူ မျိုး ခြား ကို၊ စောင့် စား မျှော် စော ကြ လေ ပြီ။
18
ငါ တို့ သည် အ ဆုံး တိုင် လု ပြီ။ အ သက် တာ စေ့ လု ပြီ။ ဆုံး ခန်း ရောက် လေ စွ။
19
လမ်း သို့ မ သွား ဝံ့ သည့် တိုင် အောင်၊ ငါ တို့ ကို ထက် ကြပ် လိုက် လံ သူ တို့ သည်၊ ကောင်း ကင်၌ ပျံ သော လင်း ယုန် ထက် လျင် မြန် သည့် အ တိုင်း၊ တောင် တန်း ပေါ် တွင် လိုက် ရှာ ခြင်း၊ တော တွင် တပ် ပုန်း ချ ခြင်း ပြု လျက်၊
20
အ ရိပ် တော် အောက်၊ လူ မျိုး ခြား တို့ ဘောင် တွင် မှီ ခို ခွင့် ရ မည် ဟု၊ ငါ တို့ မျှော် လင့် ခဲ့ ကြ သော ထာ ဝ ရ ဘုရား၏ ဘိ သိက် တော် ခံ မင်း၊ ငါ တို့ ထွက် သက် ဝင် သက် တော် ကို၊ တွင်း ကျ ဖြင့် ဖမ်း မိ ကြ ၏။
21
ဥ ဇ ပြည်၌ နေ ထိုင် သော အို သ တို့ သ မီး ဧ ဒုံ၊ အား ရ ရွှင် လန်း လော့။ သင် လည်း၊ ဖ လား တော် ရောက် သ ဖြင့် ယစ် မူး လျက်၊ အ ဝတ် အ ချည်း စည်း နေ ရ လိမ့် မည်။
22
အို သ တို့ သ မီး ဇိ အုန်၊ သင် ခံ ရ သော စီ ရင် ဒဏ် အ ပြီး သတ် လေ ပြီ။ နောက် တစ် ဖန် သုံ့ ပန်း သိမ်း သွား တော် မူ မည် မ ဟုတ်။ အို သ တို့ သ မီး ဧ ဒုံ၊ သင့် အ ပြစ် ကို ဖော် ပြ လျက်၊ ဒု စ ရိုက် ကို စီ ရင် တော် မူ မည်။