မြည်​တမ်း​စ​ကား-2

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အ ရှင် ဘု ရား သည်၊ သ တို့ သ မီး ဇိ အုန် ကို အ မျက် တော် တိမ် တိုက် ဖြင့် ဖုံး လွှမ်း တော် မူ လေ စွ။ အ မျက် တော် ထား ရာ နေ့ ရက်၌၊ ခြေ တော် တင် ရာ ကို သ တိ မ ရ ဘဲ၊ ဣ သ ရေ လ လူ မျိုး၏ တင့် တယ် ခြင်း ကို၊ မိုး မှ မြေ သို့ ပစ် ချ တော် မူ လေ ပြီ။
  • 2 အ ရှင် ဘု ရား သည်၊ ညှာ တာ တော် မ မူ ဘဲ၊ ယာ ကုပ် လူ မျိုး၏ စား ကျက် ရှိ သ မျှ ကို ဖျက် ဆီး လျက်၊ သ တို့ သ မီး ယု ဒ၏ ခံ တပ် များ ကို၊ အ မျက် တော် ဖြင့် ဖြို လှဲ ပစ် ချ လျက်၊ တိုင်း နိုင် ငံ ကို၊ မှူး မတ် တို့ ပါ၊ ရှုတ် ချ တော် မူ လေ ပြီ။
  • 3 ဣ သ ရေ လ လူ မျိုး၏ ဦး ချို ရှိ သ မျှ ကို အ မျက် တော် အ ရှိန် ဖြင့် ချိုး ဖြတ် လျက်၊ ရန် သူ တို့ ရှေ့ တွင် ပင်၊ ညာ လက် ရုံး တော် ကို ရုပ် သိမ်း လျက်၊ အ ဘက် ဘက် တောက် သော မီး လျှံ သ ဖွယ်၊ ယာ ကုပ် လူ မျိုး ကို ကျွမ်း လောင် တော် မူ လေ ပြီ။
  • 4 သူ သ ဖွယ် လေး တော် ကို တင် ခြင်း၊ ရန် ဘက် သ ဖွယ် ညာ လက် ရုံး တော် ကို ဆန့် လျက် ရပ် တန့် ခြင်း၊ သ တို့ သ မီး ဇိ အုန်၏ တဲ တွင်၊ နှစ် သက် ဖွယ် သူ အ ပေါင်း တို့ ကို လုပ် ကြံ ခြင်း၊ အ မျက် တော် ကို မီး ကဲ့ သို့ သွန်း လောင်း ခြင်း များ ကို ပြု တော် မူ လေ ပြီ။
  • 5 အ ရှင် ဘု ရား သည်၊ ဣ သ ရေ လ လူ မျိုး ကို၊ ရန် သူ သ ဖွယ် ဖျက် ဆီး တော် မူ ရာ၊ ရှိ သ မျှ သော ဘုံ ဗိ မာန် များ ကို ဖျက် ဆီး ခြင်း၊ ခံ တပ် များ ကို ဖြို လှဲ ခြင်း ပြု သ ဖြင့်၊ သ တို့ သ မီး ယု ဒ၌ များ စွာ ညည်း ညူ ညည်း တွား စေ တော် မူ ၏။
  • 6 ထာ ဝ ရ ဘု ရား သည်၊ စံ ရာ တော် ကို ယာ ကဲ့ သို့ လက် လွှတ် ခြင်း၊ တွေ့ ဆုံ ရာ တော် ကို ဖျက် ဆီး ခြင်း ပြု လျက်၊ ဇိ အုန် မြို့၌ ပြု မြဲ ပွဲ နေ့၊ ဥ ပုသ် နေ့ များ ကို၊ သ တိ လစ် စေ သည့် ပြင်၊ အ မျက် ဒေါ သ အ လျောက်၊ ဘု ရင် မင်း နှင့် ပ ရော ဟိတ် တို့ ကို၊ မ ထီ လေး စား ပြု တော် မူ လေ ပြီ။
  • 7 အ ရှင် ဘု ရား သည်၊ ပူ ဇော် ရာ ပ လ္လင် တော် ကို စွန့် ပယ် လျက်၊ သန့် ရှင်း ရာ ဌာ န တော် ကို ရွံရှာ လျက်၊ ဗိ မာန် တော်၌ အောင် သံ ကို ပွဲ သ ဘင် သံ ကဲ့ သို့၊ ရန် သူ တို့ ပြု ရ သည့် တိုင် အောင်၊ ဘုံ ဗိ မာန် များ ကို၊ မ ဟာ ရံ ပါ၊ အပ် နှင်း တော် မူ လေ ပြီ။
  • 8 ထာ ဝ ရ ဘု ရား သည်၊ သ တို့ သ မီး ဇိ အုန်၏ မြို့ ရိုး ကို ဖျက် ဆီး မည့် အ ကြံ နှင့်၊ ဖြို လှဲ သော လက် ရုံး တော် ကို ရုပ် သိမ်း တော် မ မူ ဘဲ၊ တာ ကြိုး ဆွဲ သ ဖြင့်၊ မြို့ ရိုး နှင့် မီး ကာ ပါ၊ မြည် တမ်း အား လျော့ ကြ လေ စွ။
  • 9 မင်း ထုပ် များ ကို ချိုး ဖျက် တော် မူ သည့် အ လျောက်၊ မြို့ တံ ခါး များ သည် မြေ တွင် နစ် မြုပ် လျက်၊ ဘု ရင် မင်း နှင့် မှူး မတ် တို့ သည်၊ လူ မျိုး ခြား ဘောင် တွင် နေ လျက်၊ တ ရား တော် သည်၊ ပ ပျောက် လျက်၊ ပ ရော ဖက် တို့ သည်၊ ထာ ဝ ရ ဘု ရား ထံ ရူ ပါ ရုံ မဲ့ လျက်၊ နေ ကြ သည် တ ကား။
  • 10 ဦး ခေါင်း ထက် မြေ မှုန့် ကို ကြဲ၍၊ လျှော် တေ ဝတ် ဆင် သော သ တို့ သ မီး ဇိ အုန်၏ လူ ကြီး တို့ သည်၊ မြေ ပေါ် တွင် ဆိတ် ဆိတ် ထိုင် လျက်၊ ယေ ရု ရှ လင် မြို့ သူ အ ပျို တို့ လည်း၊ မြေ သို့ ဦး စိုက် လျက် နေ ကြ ၏။
  • 11 နို့ စို့ နို့ ညှာ သူ ငယ် တို့ သည်၊ မြို့ လမ်း များ၌ မြော နေ ကြ သော ကြောင့်၊ လူ မျိုး ချင်း သ တို့ သ မီး၏ အ နာ ကို ထောက်၍၊ ငါ သည် မျက် ရည် ကျ လျက် စ က္ခု ကွယ် ခြင်း၊ ဝမ်း နည်း ခြင်း၊ အ သည်း အ ဆုပ် အ ရည် ပျော် ဆင်း ခြင်း ခံ ရ ပြီ တ ကား။
  • 12 မြို့ လမ်း များ တွင်၊ လုပ် ကြံ ခံ ရ သူ တို့ ကဲ့ သို့ မြော နေ ကြ သူ၊ မိ ခင် တို့ ရင် ခွင်၌ သေ အံ့ ဆဲ ထို သူ ငယ် တို့ က၊ အ စား အ သောက် မ ရှိ ပါ လော ဟု မေး ရှာ ကြ လေ စွ။
  • 13 အို သ တို့ သ မီး ယေ ရု ရှ လင်၊ ငါ သည် သင် နှင့် ပုံ ဆောင် လျက်၊ မည် သို့ နှိုး ဆော် ရ မည် နည်း။ အို သ တို့ သ မီး က ညာ ဇိ အုန်၊ သင် နှင့် နှိုင်း ယှဉ် လျက်၊ မည် သို့ နှစ် သိမ့် စေ ရ မည် နည်း။ သင်၏ ဒဏ် ရာ သည်၊ သ မု ဒ္ဒ ရာ နှင့် အ မျှ ကျယ်၍၊ မည် သူ ကု သ နိုင် မည် နည်း။
  • 14 သင်၏ ပ ရော ဖက် တို့ သည်၊ သုံ့ ပန်း ခံ ရ ခြင်း ကို လွှဲ ဖယ် အံ့ သော ငှာ၊ သင် ၏ ဒု စ ရိုက် ကို မ ဖော် ပြ ဘဲ၊ အ ကျိုး မဲ့ အ ချည်း နှီး ဖြစ် သော ရူ ပါ ရုံ များ ကို လည်း ကောင်း၊ သွေး ဆောင်၍ အ ကျိုး မဲ့ သော ဗျာ ဒိတ် များ ကိုလည်း ကောင်း၊ မြော် မြင် ဟော ပြော ကြ လေ ပြီ။
  • 15 သီ သွား သူ အ ပေါင်း တို့ သည်၊ လက် ပမ်း ပေါက် ခတ် ခြင်း၊ ဦး ခေါင်း လှုပ် ခါ ခြင်း ပြု လျက်၊ အင်္ဂါ မ ယွင်း အ ဆင်း လှ ရာ၊ မြေ တ ပြင် လုံး ရွှင် လန်း ရာ ဟူ ၍၊ သ မုတ် ကြ သော မြို့ တော် ကား၊ ဤ မြို့ ပင် လော ဟု၊ သ တို့ သ မီး ယေ ရု ရှ လင် ကို ပြက် ရယ် ပြု ကြ လေ စွ။
  • 16 ရန် သူ အ ပေါင်း တို့ သည် နှုတ် ဟ ခြင်း၊ ပြက် ရယ် ခြင်း၊ အံ ခဲ ခြင်း များ ကို ပြု လျက်၊ ငါ တို့ မျို စား ကြ ပြီ။ ငါ တို့ မြော် စော ခဲ့ သည့် အ တိုင်း ဤ ယ နေ့ ကို ငါ တို့ တွေ့ မြင် ရ ပြီ ဟု ဝါ ကြွား ကြ ၏။
  • 17 ထာ ဝ ရ ဘု ရား သည် ပြ ဋ္ဌာန်း ခဲ့ သော အ ချက်၊ ရှေး ကာ လ ၌ မိန့် မှာ ခဲ့ သော အ ချက် ကို၊ အ ပြီး သတ် စီ ရင် တော် မူ သည့် အ တိုင်း၊ မ ညှာ တာ ဘဲ ဖြို လှဲ ခြင်း၊ သင့် အ ပေါ် တွင် ရန် သူ အောင် သံ လွှင့် ခြင်း၊ ရန် ဘက် တို့ ဦး ချို မြှောက် ခြင်း များ ကို ပြု တော် မူ ပြီ။
  • 18 အို သ တို့ သ မီး ဇိ အုန်၏ မြို့ ရိုး၊ ထာ ဝ ရ ဘု ရား ထံ စိတ် ပါ ကိုယ် ရောက် ဟစ် လေ့ ရှိ သည် နှင့် အ ညီ၊ ညောင်း ညာ ခြင်း၊ စ က္ခု သူ ငယ် အိမ် နား နေ ခြင်း ကင်း၍၊ နေ့ ညဉ့် မ ဟူ၊ မြစ် ရေ စီး သ ကဲ့ သို့၊ မျက် ရည် ကျ စေ လော့။
  • 19 လမ်း ဆုံ ရှိ သ မျှ တွင် မွတ် သိပ်၍ မြော နေ သော သူ ငယ် တို့ အ သက် ချမ်း သာ ရ စေ ခြင်း ငှာ၊ ညဉ့် ဦး ယံ တိုင်း၌ ထ၍ ဟစ် ခြင်း၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော် တွင် မေ တ္တာ ရေ သွန်း လောင်း ခြင်း၊ လက် အုပ် ချီ ခြင်း များ ကို ပြု လော့။
  • 20 အို ထာ ဝ ရ ဘု ရား၊ မည် သူ၌ စီ ရင် တော် မူ သည် ကို ရှု ကြည့် မှတ် ယူ တော် မူ ပါ။ မိန်း မ တို့ သည် ချီ ပွေ့ သော ရင် သွေး သူ ငယ် တို့ ကို စား ကြ ရ မည် လော။ ပ ရော ဟိတ် နှင့် ပ ရော ဖက် တို့ သည်၊ အ ရှင် ဘု ရား ဘု ရား၏ သန့် ရှင်း ရာ ဌာ န တော်၌၊ လုပ် ကြံ ခံ ကြ ရ မည် လော။
  • 21 ပျို ရွယ် သူ နှင့် အို မင်း သူ တို့ သည်၊ လမ်း ပေါ် တွင် လဲ လျက်၊ အ ပျို နှင့် လူ ပျို တို့ သည်၊ ဓား ဖြင့် ကျ ဆုံး လျက် နေ ကြ လေ စွ။ ကိုယ် တော် သည်၊ အ မျက် တော် ထား ရာ နေ့ ရက်၌၊ မ ညှာ တာ ဘဲ လုပ် ကြံ ကွပ် မျက် တော် မူ လေ ပြီ။
  • 22 ကိုယ် တော် သည်၊ အ ဘက် ဘက် က ကြောက် လန့် ဖွယ် ရာ ဘေး များ ကို၊ ပွဲ သ ဘင် နေ့ ဖိတ် သ ကဲ့ သို့၊ ခေါ် တော် မူ သည့် အ တိုင်း၊ ထာ ဝ ရ ဘု ရား အ မျက် တော် ထား ရာ နေ့၌၊ ဘေး လွတ်၍ ကြွင်း ကြံ သူ တစ် ဦး မျှ မ ရှိ ချေ။ အ ကျွန်ုပ် ချီ ပွေ့ ကျွေး မွေး သော သူ ငယ် တို့ ကို ပင်၊ ရန် သူ တို့ ကုန် ဆုံး စေ ကြ ပြီ တ ကား။
回到本卷目录 回到本版本目录 回到首页