မြည်​တမ်း​စ​ကား-3

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ငါ သည်၊ အ မျက် တော် လှံ တံ ကြောင့် ဒု က္ခ ခံ စား ရ သူ ဖြစ် လျက်၊
  • 2 ပို့ တော် မူ သည့် အ တိုင်း အ လင်း ၌ မ ဟုတ်၊ မှောင်၌ သွား လာ ရ ၏။
  • 3 ငါ့ အ ပေါ် တွင်၊ လက် တော် ကို နေ့ ရှိ သ မျှ တင် ဖိ တော် မူ လှ စွ တ ကား။
  • 4 အ သား အ ရေ ကို ဆွေး မြေ့ ခြင်း၊ အ ရိုး များ ကို ချိုး ဖဲ့ ခြင်း ပြု လျက်၊
  • 5 နစ် နာ ခြင်း၊ ပင် ပန်း ခြင်း များ ဖြင့်။ ဝန်း ဝိုင်း ကာ ရံ ၍၊
  • 6 ရှေ့ အ ဓွန့် က သေ လွန် သူ တို့ ကဲ့ သို့၊ မှောင် မိုက် ရာ အ ရပ် များ တွင် နေ စေ တော် မူ သည် တ ကား။
  • 7 ငါ ပ ဌ နာ ပြု ၍ တောင်း လျှောက် သော်၊ ငြင်း ပယ် တော် မူ သည့် ပြင်၊ ငါ မ ထွက် မသွား နိုင် အောင် ခြေ ချင်း လေး စေ လျက် ဝန်း ဝိုင်း ကာ ရံ ခြင်း၊
  • 8
  • 9 ဆစ် ပြီး ကျောက် ဖြင့်၊ လမ်း မ များ ကို ဆို့ ပိတ် လျက်၊ လမ်း မြှောင် များ ကို လည်း ကွေ့ ကောက် ခြင်း ပြု တော် မူ သည် တ ကား။
  • 10 ကိုယ် တော် သည် ချောင်း မြောင်း သော ဝံ၊ ပုန်း အောင်း သော ခြင်္သေ့ သ ဖွယ် ဖြစ် လျက်၊
  • 11 ငါ့ ကို လမ်း လွဲ စေ ပြီး လျှင်၊ အ ပိုင်း ပိုင်း ကိုက် ဖြတ် သ ဖြင့်၊ အံ့ ဖွယ် သ ရဲ ဖြစ် စေ တော် မူ ၏။
  • 12 လေး တော် ကို တင်၍၊ စက် ကွင်း အ ဖြစ် ငါ့ ကို ထား ပြီး လျှင်၊
  • 13 မြှား တော် များ ဖြင့် နှ လုံး သည်း ပွတ် ကို ခွင်း တော် မူ ၏။
  • 14 အ ဆိပ် ရည်၊ အ ခါး ရည် ဖြင့် ဝ စွာ တိုက် ကျွေး တော် မူ သည့် အ တိုင်း၊ ငါ သည် လူ မျိုး ချင်း အ ပေါင်း တို့ ပြောင် လှောင် ရာ၊ နေ့ ရှိ သမျှ စာ ချိုး ရာ၊ ရောက် လေ ပြီ။
  • 15
  • 16 ကိုယ် တော် သည်၊ ကျောက် ခဲ သ လဲ များ ဖြင့် ငါ့ သွား များ ကို ကျိုး စေ လျက်၊ ပြာ ဖြင့် ငါ့ ကို ဖို့ တော် မူ ၏။
  • 17 သု ခ ကို မေ့ သည့် တိုင် အောင် အ ကျွန်ုပ် ကို၊ စည်း စိမ် ချမ်း သာ နှင့် ကင်း ဝေး စေ တော် မူ သည့် အ တိုင်း၊
  • 18 အ ကျွန်ုပ် က၊ အ သက် ရှည် ရာ အ ကြောင်း ထာ ဝ ရ ဘု ရား ထံ စောင့် မျှော် ရာ အ ကြောင်း၊ ပျက် လေ ပြီ။
  • 19 အ ကျွန်ုပ် ရပ် တည် မ ရ၊ ခံ ရ သော ဒု က္ခ ကို လည်း ကောင်း၊ သောက် ခဲ့ ရ သော အ ခါး ရည်၊ အ ဆိပ် ရည် ကို လည်း ကောင်း သ တိ ရ တော် မူ ပါ။
  • 20 အ ကျွန်ုပ် ကိုယ် တိုင် သ တိ ရ လျက်၊ စိတ် နိမ့် ကျ လေ ပြီ။
  • 21 စောင့် မျှော် ရာ အ ဖြစ်၊ အ ကျွန်ုပ် နှ လုံး သွင်း သည့် အ ချက် မှာ၊
  • 22 ထာ ဝ ရ ဘု ရား၏ မေ တ္တာ ကျေး ဇူး တော် နံ နက် တိုင်း ပြန် သက်၍၊ မ ဖြတ် သော က ရု ဏာ တော် ကြောင့် သာ၊ အ ကျွန်ုပ် တို့ မ ကုန် ဆုံး ဘဲ နေ ရ ကြ ပါ၏။ မ ဟာ သ စ္စာ တော် လည်း တည် မြဲ ပါ၏ ဟူ၍ တည်း။
  • 23
  • 24 ထာ ဝ ရ ဘု ရား သည်၊ အ ကျွန်ုပ်၏ ဝေ ပုံ ဖြစ် တော် မူ သည် ဟု အောက် မေ့ သည့် အ တိုင်း၊ ကိုယ် တော် ကို စောင့် မျှော် ပါ၏။
  • 25 ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို စောင့် မျှော် သူ၊ ရှာ ဖွေ သူ တို့၌၊ ကောင်း ကျိုး ပေး တော် မူ၏။
  • 26 ထာ ဝ ရ ဘု ရား၏ ကယ် တင် ခြင်း ကျေး ဇူး တော် ကို ဆိတ် ဆိတ် တောင့် တ သော သူ သည်၊ ကောင်း ကျိုး ခံ စား ရ၏။
  • 27 ငယ် ရွယ် စဉ် အ ခါ ထမ်း ပိုး ထမ်း ဆောင် ရ သူ လည်း၊ ကောင်း ကျိုး ခံ စား ရ၏။
  • 28 ထမ်း ပိုး တင် တော် မူ သည့် အ တိုင်း၊ တစ် ယောက် တည်း ဆိတ် ဆိတ် နေ ခြင်း၊
  • 29 စောင့် မျှော် ရာ အ ကြောင်း ရှိ မ ရှိ ကို အောက် မေ့ လျက်၊ မြေ မုန့် သို့ မျက် နှာ ချ ခြင်း။
  • 30 ရိုက် နှက် သူ့ အား၊ ပါး ကို လှည့် ပေး ခြင်း ပြု လျက်၊ များ စွာ သော ကဲ့ ရဲ့ ခြင်း ကို ခံ စေ။
  • 31 အ ရှင် ဘု ရား သည်၊ ကာ လ အ စဉ် စွန့် ပယ် တော် မူ မည် မ ဟုတ်။
  • 32 ပူ ဆွေး စေ သော် လည်း၊ လူ သား တို့၌ နှိပ် စက် ညှင်း ပန်း သော စိတ် မ ရှိ သည့် အ လျောက်၊ က ရု ဏာ တော် မြောက် မြား သည် နှင့် အ မျှ သ နား တော် မူ လိမ့် မည်။
  • 33
  • 34 မြေ ပေါ် ရှိ အ ကျဉ်း သား တို့ ကို၊ ခြေ ဖ ဝါး အောက် ဖိ နင်း ခြင်း။
  • 35 မြင့် မြတ် သော ဘု ရား မျက် မှောက် တော် တွင်၊ မ တ ရား စီ ရင် ခြင်း၊ တ ရား လွဲ ခြင်း များ ကို၊
  • 36 အ ရှင် ဘု ရား အ ရေး ယူ တော် မူ သည် မ ဟုတ် လော။
  • 37 အ ရှင် ဘု ရား ထုတ် ဆင့် တော် မ မူ သော အ ရာ ကို၊ အ မိန့် ရှိ၍ အ တည် ပြု နိုင် သူ ကား၊ မည် သူ နည်း။
  • 38 မြင့် မြတ် သော ဘု ရား နှုတ် မြွက် တော် မူ သည့် အ တိုင်း၊ ဒု က္ခ နှင့် သု ခ ရောက် လာ သည် မ ဟုတ် လော။
  • 39 အ သက် ရှင် သေး သော သူ သည်၊ ပြစ် ဒဏ် ခံ ရ သော် လည်း၊ အ ဘယ့် ကြောင့် ညည်း ညူ သ နည်း။
  • 40 ကိုယ့် အ လေ့ အ လာ များ ကို စူး စမ်း စိ စစ် လျက်၊ ထာ ဝ ရ ဘု ရား ထံ ပြန် လာ ခြင်း၊
  • 41 ကောင်း ကင် ဘုံ စံ ဘု ရား သ ခင့် ထံ လက် အုပ် နှင့် တ ကွ၊ စိတ် ကို တင် မြှောက် ခြင်း ပြု ကြ ကုန် အံ့။
  • 42 အ ကျွန်ုပ် ကို လွန် ကျူး မှု၊ ပုန် ကန် မှု များ ကို၊ ဖြေ လွှတ် တော် မ မူ ဘဲ၊ ကိုယ် တော် သည်၊
  • 43 အ မျက် တော် ကို လွှမ်း ခြုံ လျက် လိုက် လံ ခြင်း၊ မ ညှာ တာ ဘဲ ကွပ် မျက် ခြင်း၊
  • 44 အ ကျွန်ုပ် တို့ ပ ဌ နာ မ ဝင် နိုင် သော တိမ် တိုက် ဖြင့် လွှမ်း ခြုံ ခြင်း များ ကို ပြု လျက်၊
  • 45 လူ မျိုး ခြား တို့ ဘောင် တွင်၊ အ နှစ် အ ဖတ်၊ အ မှိုက် သ ရိုက် အ ဖြစ်၊ အ ကျွန်ုပ် တို့ ကို ထား တော် မူ လေ ပြီ။
  • 46 ရန် သူ အ ပေါင်း တို့ နှုတ် ဟ ကြ သည့် အ တိုင်း၊
  • 47 ကြောက် မက် ဖွယ် ဘေး၊ တွင်း ကျ ဘေး၊ ပ ပျောက် ပျက် စီး ရာ ဘေး များ သည်၊ အ ကျွန်ုပ် တို့ ၌ သင့် ရောက် လေ စွ။
  • 48 လူ မျိုး ချင်း သ တို့ သ မီး၏ အ နာ ကို ထောက်၍၊ အ ကျွန်ုပ် သည် မြစ် ရေ စီး သ ကဲ့ သို့ မျက် ရည် ကျ လျက်၊
  • 49 ကောင်း ကင် မှ ထာ ဝ ရ ဘု ရား စီး ကြည့် ထောက် ရှု တော် မ မူ မ ချင်း၊ အ ကျွန်ုပ် မြို့ သူ တို့ အ တွက် နား နေ ခြင်း ကင်း၍ မ ပြတ် မ စဲ မျက် ရည် ကျ လျက်၊ နစ် နာ လေ စွ တ ကား။
  • 50
  • 51
  • 52 အ ကြောင်း မဲ့ ရန် ပြု သူ တို့ သည်၊ ငှက် သ ဖွယ် အ ကျွန်ုပ် ကို လိုက် ဖမ်း ပြီး လျှင်၊
  • 53 လူ့ ဘောင် မှ လှောင် တွင်း သို့ ချ ထား လျက်၊ ကျောက် ပြား နှင့် ပိတ် ဆို့ ခဲ့ ကြ လေ ပြီ။
  • 54 အ ကျွန်ုပ် ဦး ခေါင်း ထက်၊ ရေ စိမ့် လွှမ်း သ ဖြင့်၊
  • 55 သေ ပြီ အောက် မေ့ သည့် အ တိုင်း၊ နက် လှ သော လှောင် တွင်း မှ နာ မ တော် အား ပြု သော ပ ဌ နာ သံ ကို၊ ကိုယ် တော် နား ညောင်း တော် မူ ပြီ။ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ပ ဌ နာ ပြု သော နေ့ ရက်၌ ကြွ ရောက်၍၊ မ ကြောက် လင့် ဟု မိန့် တော် မူ ခဲ့ သည် နှင့် အ ညီ၊ အ ကျွန်ုပ် ရှူ ရှိုက် သံ၊ ဟစ် ခေါ် သံ ကို၊ နား မ ညောင်း ဘဲ နေ တော် မ မူ ပါ လင့်။
  • 56
  • 57
  • 58 အို အ ရှင် ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် အ မှု ကို၊ ရှေ့ ဆောင်၍ အ သက် ကို ရွေး နှုတ် တော် မူ ပါ ပြီ။
  • 59 အို ထာ ဝ ရ ဘု ရား၊ အ လွဲ စီ ရင် ခံ ရ သည် ကို သိ မြင် သည့် အ လျောက်၊ ဆုံး ဖြတ် တော် မူ ပါ။
  • 60 အ ကျွန်ုပ်၌ ကြံ စည် ကြ သော လက် စား ချေ မှု များ ကို၊ ကိုယ် တော် သိ တော် မူ ပါ၏။
  • 61 အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၌ ရန် ဘက် ပြု သူ တို့ နှုတ် ထွက် ကဲ့ ရဲ့ ခြင်း၊ နေ့ ရှိ သ မျှ ကွန့် မြူး သော ကြံ စည် ခြင်း များ ကို ကြား သိ တော် မူ သည် နှင့် အ ညီ၊
  • 62
  • 63 ချင်း တို့ ထိုင် ခြင်း၊ ထ ခြင်း များ ကို မှတ် သား တော် မူ ပါ။ အ ကျွန်ုပ် သည် သူ တို့ စာ ချိုး ရာ ရောက် လေ ပြီ။
  • 64 အို ထာ ဝ ရ ဘု ရား၊ ချင်း တို့ လက် မှု များ အ လိုက် ထိုက် သင့် ရာ ဆပ် ပေး ခြင်း၊
  • 65 ဉာဏ် တုံး သော အ မင်္ဂ လာ သင့် စေ ခြင်း အ မျက် တော် ဖြင့် လိုက် လံ လျက်၊
  • 66 ထာ ဝ ရ ဘု ရား ၏ ကောင်း ကင် အောက် မှ ပယ် ရှား ခြင်း များ ကို၊ ပြု တော် မူ လိမ့် မည်။
回到本卷目录 回到本版本目录 回到首页