မြည်​တမ်း​စ​ကား-1

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 စည် ပင် ခဲ့ သော မြို့ တော် သည်၊ ဆိတ် ညံ စွာ နေ လျက်၊ လူ မျိုး ခြား တို့ တွင် ပြန့် ပြော ခဲ့ သော မြို့ သည်၊ မု ဆိုး မ သ ဖွယ် ဖြစ် လျက်၊ ပြည် ထောင် တ ကာ အ ထွဋ် တင် ခဲ့ သော မြို့ သည်၊ လ မိုင်း အ ဖြစ် ရောက် လေ စွ တ ကား။
  • 2 ထို မြို့ တော် သည်၊ ညဉ့် အ ခါ ငို ကြွေး လျက်၊ ပါး ပြင် သို့ မျက် ရည် ကျ လေ စွ။ မ ဟာ မိတ် တို့ အ နက်၊ နှစ် သိမ့် စေ သူ မ ရှိ။ အ ပေါင်း အ ဖော် ဟူ သ မျှ တို့ သည်၊ သ စ္စာ ပျက်၍ ရန် မူ ကြ သည် တ ကား။
  • 3 ယု ဒ လူ မျိုး သည်၊ ညှဉ်း ပန်း ခြင်း၊ အ ကြပ် အ တည်း ကျွန် စေ စား ခြင်း များ ကြောင့် ထွက် သွား၍၊ လူ မျိုး ခြား တို့ တွင်၊ မ ချမ်း မ သာ နေ ထိုင် ရ၏။ လိုက် လံ သူ တို့ သည် ကျဉ်း မြောင်း ရာ၌ မီ ခဲ့ ကြ လေ စွ။
  • 4 ပြု မြဲ ပွဲ သို့ လာ ရောက် သူ မ ရှိ သည့် အ တွက်၊ ဇိ အုန် မြို့ လမ်း များ သည် ခြောက် လျက်၊ တံ ခါး များ သည် ခေါင် လျက်၊ ပ ရော ဟိတ် တို့ သည် ညည်း တွား လျက်၊ အ ပျို တို့ သည် လွမ်း ဆွတ် လျက်၊ မြို့ တော် သည် နစ် နာ လျက် နေ ရှာ လေ၏။
  • 5 များ ပြား သော လွန် ကျူး မှု ကြောင့်၊ ထာ ဝ ရ ဘု ရား ညှဉ်း ပန်း တော် မူ သည် နှင့် အ ညီ၊ ရန် ဘက် ရန် သူ တို့ သည်၊ ဥ က္က ဋ္ဌ ဖြစ် လျက် အ ကြံ မြောက် ရာ၊ သူ ငယ် တို့ သည်၊ ဒု က္ခ အ တွက် ထွက် သွား ရ ကြ သည့် ပြင်၊
  • 6 သ တို့ သ မီး ဇိ အုန် မှ၊ စည်း စိမ် ရှိ သ မျှ ကွယ် ပျောက် သ ဖြင့်၊ မှူး မတ် တို့ သည်၊ စား ကျက် မဲ့ သော သ မင် များ ကဲ့ သို့၊ အ မဲ လိုက် သူ တို့ ရှေ့ အား လျော့၍ ပြေး ရ ကြ၏။
  • 7 ယေ ရု ရှ လင် မြို့ သည် ဒု က္ခ ရောက်၍၊ ရပ် တည် မ ရ သော ကာ လ၌၊ ရှေး အ ထက် ကောင်း စား ခဲ့ လေ ရာ ရာ ကို အောက် မေ့ လေ၏။ မြို့ သူ မြို့ သား တို့ သည်၊ ထောက် ပံ့ သူ မဲ့၊ ရန် ဘက် တို့ လက် တွင်း သို့ ကျ ရောက် ကြ စဉ်၊ ထို ရန် ဘက် တို့ သည်၊ ပျက် စီး ရာ ကို သိ မြင် လျက် ပြောင် လှောင် ကြ လေ စွ။
  • 8 ယေ ရု ရှ လင် မြို့ သည်၊ ပြစ် မှား လွန် ကျူး ပြီ ဖြစ် ၍၊ ညစ် ညူး ရာ ရောက် လေ ပြီ။ ရို သေ သူ အ ပေါင်း တို့ သည်၊ ရှက် ဖွယ် ရာ ကို မြင် လျက်၊ ညည်း တွား၍ ကျော ခိုင်း သော ထို မြို့ ကို၊ မ ထီ လေး စား ပြု ကြ သည် တ ကား။
  • 9 ထ မီ ညစ် နွမ်း သော ထို မြို့ သည်၊ အ ကျိုး အ ပြစ် ကို မ မြော် မြင် သည် နှင့် အ ညီ၊ နှစ် သိမ့် စေ သူ မဲ့ လျက်၊ အံ့ ဖွယ် သ ရဲ လဲ ကျ သည့် အ လျောက်၊ အို ထာ ဝ ရ ဘု ရား၊ ရန် သူ မောက် ကြွား သည့် အ တွက် အ ကျွန်ုပ်၏ ဒု က္ခ ကို ရှု ကြည့် တော် မူ ပါ ဟု တောင်း လျှောက် လေ ၏။
  • 10 သင် တို့ အ စည်း အ ဝေး၌ မ ပါ မ ဝင် ရ ဟု ကိုယ် တော် မိန့် မှာ တော် မူ ခဲ့ ရာ လူ မျိုး ခြား တို့ သည်၊ ကိုယ့် သန့် ရှင်း ရာ ဌာ န ထဲ သို့ ဝင် ခဲ့ ကြ ကြောင်း၊ မြို့ တော် မြင် ရ သည့် အ လျောက်၊ ရ တ နာ တော် အ မျိုး မျိုး ကို၊ ရန် ဘက် တို့ လက် ဝါး ကြီး အုပ် လေ ပြီ။
  • 11 မြို့ သူ မြို့ သား အ ပေါင်း တို့ သည် ညည်း တွား၍၊ အ စား အ သောက် ကို လိုက် ရှာ လျက်၊ အ သက် မွေး ရန် ရိ က္ခာ အ စား၊ ရ တ နာ များ ကို လဲ လှယ် ကြ သည့် အ တိုင်း၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည်၊ မ ထီ လေး စား ဖွယ် ရာ ရောက် ပါ ပြီ။ ရှု ကြည့် မှတ် ယူ တော် မူ ပါ ဟု၊ တောင်း လျှောက် ကြ လေ ပြီ။
  • 12 အို သီ သွား သူ အ ပေါင်း တို့၊ အ မျက် တော် ထား ရာ နေ့ ရက်၌၊ ထာ ဝ ရ ဘု ရား စီ ရင်၍ သင့် စေ တော် မူ သည့် အ တိုင်း၊ ငါ ခံ ရ သော ဝေ ဒ နာ နှင့် အ မျှ၊ ခံ ရ သူ ရှိ သည် မ ရှိ သည် ကို စဉ်း စား ကြ ဦး။ သင် တို့ နှင့် မ ဆိုင် သ လော။
  • 13 ကိုယ် တော် သည် ငါ့ အ ရိုး များ၌ စွဲ လောင် သော မီး ဘေး ကို၊ အ ထက် မှ သင့် စေ တော် မူ ပြီ။ ငါ့ ခြေ ကို ကျော့ မိ စေ ခြင်း ငှာ၊ ပိုက် ကွန် ဖြန့် ချ ၍ ငါ့ ကို တွန်း လှန် လျက်၊ နေ့ ရှိ သ မျှ အံ့ ဩ မူး မော် စေ တော် မူ ပြီ။
  • 14 အ ရှင် ဘု ရား သည် လက် တော် ဖြင့် ငါ့ လွန် ကျူး မှု များ ကို၊ ထမ်း ပိုး သ ဖွယ် ကုပ် ပေါ် တွင် ကျစ် လိမ် ဖွဲ့ တင် လျက်၊ အား လျော့ စေ သည့် ပြင်၊ ခံ ရပ်၍ မ ရ သော သူ တို့ လက် အ တွင်း သို့၊ ငါ့ ကို အပ် နှင်း တော် မူ လေ ပြီ။
  • 15 အ ရှင် ဘု ရား သည်၊ အ တွင်း ရှိ သူ ရဲ ကောင်း ခပ် သိမ်း တို့ ကို ပြောင် လှောင် လျက်၊ လက် ရွေး အ ပေါင်း တို့ ကို နှိမ် နှင်း ရန်၊ အ သင်း အ ပင်း ကို ခေါ်၍ သ တို့ သ မီး က ညာ ယု ဒ ကို လည်း၊ စ ပျစ် ကျင်း သ ဖွယ် ဖိ နင်း တော် မူ စွ တ ကား။
  • 16 ထို အ ဖြစ် အ ပျက် များ ကြောင့်၊ ငါ သည် ငို ကြွေး လျက်၊ စိတ် ချမ်း သာ အောင် နှစ် သိမ့် စေ သူ ကင်း ဝေး သော ကြောင့်၊ မျက် ရည် ကျ လျက် နေ ၏။ ရန် သူ တို့ အောင် မြင် သ ဖြင့်၊ မြို့ သူ မြို့ သား တို့ အံ့ အား သင့် ကြ ၏။
  • 17 ဇိ အုန် မြို့ သည် လက် အုပ် ချီ သော် လည်း၊ နှစ် သိမ့် စေ သူ မ ရှိ ချေ။ ယာ ကုပ် လူ မျိုး ကို ရည် လျက်၊ ထာ ဝ ရ ဘုရား သည် ပတ် ဝန်း ကျင် ရှိ လူ မျိုး တို့ ရန် မူ ကြ စေ ခြင်း ငှာ၊ မိန့် တော် မူ သည့် အ တိုင်း၊ ယေ ရု ရှ လင် မြို့ ကို ညစ် ညူး ဖွယ် ထင် မှတ် ကြ ၏။
  • 18 ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် တော် မူ ပါ ၏။ ငါ မူ ကား၊ အ မိန့် တော် ကို ဖီ ဆန် မိ ပါ ပြီ။ အို လူ မျိုး တ ကာ တို့၊ နား ထောင် ၍ ငါ ခံ ရာ ဝေ ဒ နာ ကို ရှု ကြည့် ကြ လော့။ ငါ့ အ ပျို တို့ နှင့် လူ ပျို တို့ သည်၊ သုံ့ ပန်း ခံ ရ ကြ လေ ပြီ။
  • 19 မ ဟာ မိတ် တို့ ကို ငါ ခေါ် သော် လည်း၊ လှည့် စား ကြ သည် တ ကား။ ပ ရော ဟိတ် နှင့် လူ ကြီး တို့ သည်၊ အ သက် မွေး ရန် ရိ က္ခာ ကို လိုက် ရှာ စဉ်၊ မြို့ အ တွင်း တွင် သေ လွန် ကြ လေ စွ။
  • 20 အို ထာ ဝ ရ ဘု ရား၊ ရှု ကြည့် တော် မူ ပါ။ အ ကျွန်ုပ် ဒု က္ခ ရောက်၍ ဝမ်း နည်း ပါ၏။ တော် လှန် ပုန် ကန် ခဲ့ သော အ ကျွန်ုပ် သည်၊ စိတ် ပူ လေ၏။ မြို့ အ ပြင် တွင် ဓား ဘေး၊ မြို့ အ တွင်း တွင် သေ ဘေး သင့် ရောက် လေ စွ တ ကား။
  • 21 အ ကျွန်ုပ် ညည်း တွား သံ ကို ကြား ရကြ သော် လည်း၊ နှစ် သိမ့် စေ သူ မ ရှိ ချေ။ အ ကျွန်ုပ် ဒု က္ခ အ ကြောင်း ကြား သော ရန် သူ အ ပေါင်း တို့ သည်၊ ကိုယ် တော် စီ ရင် တော် မူ သော ကြောင့် ရွှင် လန်း ကြ၏။ သို့ ရာ တွင်၊ ကြော် ငြာ တော် မူ ခဲ့ သော နေ့ ရက် ကို သင့် ရောက် စေ တော် မူ သော်၊ အ ကျွန်ုပ် ကဲ့ သို့ ဖြစ် ကြ လိမ့် မည်။
  • 22 သူ တို့ ဆိုး သွမ်း မှု ခပ် သိမ်း ကို၊ မျက် မှောက် ထား တော် မူ၍၊ ညည်း တွား ခြင်း အ မြောက် အ မြား နှင့် စိတ် မူး မော် ခြင်း ရှိ သော အ ကျွန်ုပ်၏ လွန် ကျူး မှု ခပ် သိမ်း အ တွက်၊ စီ ရင် တော် မူ သည့် နည်း တူ၊ ထို သူ တို့၌ စီ ရင် တော် မူ ပါ ဦး။
回到本卷目录 回到本版本目录 回到首页