1
နောင် ကာ လ မင်း တစ် ပါး သည် ဖြောင့် မတ် စွာ မင်း မူ လျက်၊ မှူး မတ် တို့ လည်း တ ရား အ တိုင်း အုပ် စိုး လျက်၊
2
လေ ကွယ် ရာ၊ မိုး ခို ရာ သ ဖွယ်၊ သွေ့ ခြောက် သော အ ရပ်၌ ချောင်း ရေ သ ဖွယ်၊ နေ ပြင်း သော ပြည် တွင် ကျောက် တောင် ကြီး အ ရိပ် သ ဖွယ်၊ အ သီး သီး ဖြစ် သည့် ပြင်၊
3
မျက် မြင် သူ တို့ သည် ကြည့် မြင် ခြင်း၊ နား ကြား သူ တို့ သည် နား ထောင် ခြင်း၊
4
စိတ် လျင် လွန် သူ တို့ သည် အ သိ ဉာဏ် ရ ခြင်း၊ နှုတ် ဆွံ့ သူ တို့ သည် လျှာ သွက် ခြင်း ရှိ ကြ လိမ့် မည်။
5
သူ ယုတ် ကို သူ မြတ် ဟူ၍လည်း ကောင်း။ လိမ် လည် သူ ကို သူ တော် ကောင်း ဟူ၍လည်း ကောင်း၊ ခေါ် ဦး မည် မ ဟုတ်။
6
အ သို့ ဆို သော်၊ သူ ယုတ် သည် စ ကား ယုတ် ဆို လျက်၊ စိတ် နှ လုံး ဖြင့် ဒု စ ရိုက် ကို ကြံ စည်၍ လှောင် ပြောင် ခြင်း၊ ထာ ဝ ရ ဘု ရား အား မှောက် မှား ပြော ဆို ခြင်း၊ မွတ် သိပ် သူ့ ကို ဆာ လောင် စေ ခြင်း၊ ရေ ငတ် သူ့ ကို ခေါင်း ပါး စေ ခြင်း များ ကို ပြု လေ့ ရှိ ၏။
7
လိမ် လည် သူ၏ အ လေ့ အ လာ လည်း ဆိုး သွမ်း၍၊ မှန် ကန် စွာ လဲ လျောက် သော ဆင်း ရဲ သား ကို၊ မု သာ ဖြင့် ပယ် ပ စေ ရန် စဉ်း လဲ ကြံ စည် တတ်၏။
8
သူ မြတ် မူ ကား၊ သင်္ဂ ဟ တ ရား အ တိုင်း ကြံ စည်၍၊ ထို တ ရား၌ ပင် တည် နေ သ တည်း။
9
ချမ်း သာ စွာ နေ ထိုင် သော မိန်း မ တို့၊ ငါ့ မြွက် ဆို သံ ကို ထ ရပ်၍ နာ ယူ ကြ လော့။ လျစ် လျူ နေ သော သ တို့ သ မီး တို့၊ ငါ့ စ ကား ကို နား ထောင် ကြ လော့။
10
အို လျစ် လျူ နေ သော မိန်း မ တို့၊ တစ် နှစ် လွန် လျှင် အ သီး သုန်း ခြင်း၊ စ ပျစ် သီး ခေါင်း ပါး ခြင်း ဖြစ် အံ့ သော ကြောင့် တုန် လှုပ် ကြ ရ လိမ့် မည်။
11
ချမ်း သာ စွာ နေ ထိုင် သော မိန်း မ တို့၊ ချောက် ချား ကြ လော့။ လျစ် လျူ သူ တို့၊ တုန် လှုပ် ကြ လော့။ နှစ် သက် ဖွယ် လက် ရာ နှင့် အ သီး များ သော စ ပျစ် ပင် ကို လည်း ကောင်း၊ ဆူး ပင်၊ ရှား စောင်း ပင် များ ပေါက် ရောက် သော ငါ့ လူ မျိုး ချင်း တို့ မြေ ရာ ကို လည်း ကောင်း၊ ရွှင် လန်း ဖူး သော ရွှေ မြို့ တော် ရှိ၊ ပျော် မွေ့ ခဲ့ ရာ တိုက် အိမ် များ ကို လည်း ကောင်း လွမ်း ဆွတ် လျက်၊ အ ဝတ် တန် ဆာ ရှိ သ မျှ ချွတ် လဲ၍၊ ခါး စည်း ခြင်း၊ ရင် တီး ခြင်း များ ကို ပြု ကြ လော့။
12
13
14
နန်း တော် ကို စွန့် ခြင်း၊ မြို့၏ အ သံ ဗ လံ ဆိတ် ခြင်း ဖြစ် သည့် ပြင်၊ ကင်း တပ် နှင့် တည် ဆောက် ရာ ကုန်း ပါ၊ မြင်း ရိုင်း မြူး ထူး ရာ၊ သိုး ဆိတ် ထိန်း ကျောင်း ရာ ချိုင့်၊ အ မြဲ ဖြစ် ပြီး မှ၊
15
ဝိ ညာဉ် တော် ကို ဘ ဝဂ် က ငါ တို့ အ ပေါ် သို့ သွန်း လောင်း တော် မူ သ ဖြင့်၊ သဲ တော သည် ခြံ ဖြစ် လျက်၊ ယ ခု ခြံ မြိုင် ဟု မှတ် ဖွယ် ရှိ လိမ့် မည်။
16
ထို ကာ လ၊ တ ရား စောင့် ခြင်း သည် တော ရောက် တည် လျက်၊ ဖြောင့် မတ် ခြင်း လည်း ခြံ ရောက် နေ လျက်၊ ဖြောင့် မတ် ခြင်း၏ အ ကျိုး ဆက် ကား၊
17
ထာ ဝ ရ လုံ ခြုံ ခြင်း၊ ငြိမ် သက် ခြင်၊ စိတ် ချ ခြင်း ဖြစ် သည် နှင့်၊
18
ငါ့ လူ မျိုး ချင်း တို့ သည် လုံ ခြုံ ရာ အ ရပ်၊ စိတ် ချ ရာ ဌာ န၊ ချမ်း သာ ရာ သိုက် မြုံ၌၊ နေ ထိုင် ခွင့် ရှိ ကြ လိမ့် မည်။
19
သို့ ရာ တွင် မိုး သီး ကျ သ ဖြင့်၊ တော ပိတ် ပေါင်း ရှင်း လင်း၍၊ မြို့ လည်း ပြို ပျက် နှင့် လိမ့် မည်။
20
ရေ ဝင် မြေ အ ရပ် ရပ် တွင် မျိုး ကြဲ ခွင့်၊ နွား မြည်း လွှတ် ထား ခွင့် ရ သော၊ သင် တို့ သည် မင်္ဂ လာ ရှိ ကြ သ တည်း။