1
သဲ တော နှင့် သွေ့ ခြောက် ရာ အ ရပ် မူ ကား ဝမ်း မြောက်၍၊ သဲ က န္တာ ရ လည်း ဆီး ပွင့် သ ဖွယ် ပွင့် လျက် ရွှင် လန်း လိမ့် မည်။
2
စည် ပင် ပွင့် လန်း၍ အား ရ ရွှင် လန်း စွာ ကြွေး ကြော် လိမ့် မည်။ လေ ဗ နုန် တော၏ ဘုန်း နှင့်လည်း ကောင်း၊ က ရ မေ လ တောင်၊ ရှာ ရုန် မြိုင်၏ ဂုဏ် နှင့်လည်း ကောင်း ပြည့် ဝ လျက်၊ ထာ ဝ ရ ဘု ရား၏ ဘုန်း တော်၊ ငါ တို့ ဘု ရား သ ခင်၏ ဂုဏ် တော် ကို ဖူး မြင် ရ ကြ ကုန် အံ့။
3
မ သန် စွမ်း သော လက် များ ကို ခိုင် ခံ့ စေ လျက်၊ နုန့် နဲ့ သော ဒူး ဆစ် များ ကို တည့် မတ် စေ လော့။
4
နှ လုံး တုန် သော သူ တို့ အား၊ ကြောက် ရွံ့ ခြင်း ကင်း လျက် အား ယူ ကြ လော့။ သင် တို့ ဘု ရား သ ခင် သည် လက် စား ချေ ရန် လည်း ကောင်း၊ တန် ခိုး ကြီး စွာ ဆပ် ပေး ရန်လည်း ကောင်း၊ ကြွ ရောက် တော် မူ လိမ့် မည်။ ကြွ ရောက် ကယ် တင် တော် မူ သော အ ရှင် ကား၊ ကိုယ် တော် ပေ တည်း ဟု ဆို ကြ လော့။
5
ထို အ ခါ၊ မျက် မ မြင် တို့ သည် မျက် စိ လင်း ခွင့်၊ နား ပင်း သူ တို့ သည် နား ပွင့် ခွင့်၊
6
ခြေ ဆွံ့ သူ တို့ သည် သ မင် ဒ ရယ် ကဲ့ သို့ ခုန် လွှား ခွင့်၊ စ ကား အ သူ တို့ သည် ကြွေး ကြော် ခွင့် ရ ကြ လိမ့် မည်။ သဲ တော၌ စမ်း ရေ၊ သဲ က န္တာ ရ၌ ချောင်း ရေ ပေါက် စီး သည့် ပြင်၊
7
သွေ့ ယောင်း ရာ အ ရပ်၊ အိုင်၊ ရေ ခေါင် ရာ အ ရပ်၊ စမ်း တွင်း ဖြစ် သ ဖြင့်၊ ခွေး အ တို့ အောင်း ရာ အ ရပ်၌၊ မြက် ပင်၊ ကျူ ပင်၊ ကြိမ် ပင် များ ပေါက် ရောက် လိမ့် မည်။
8
ထို အ ရပ်၌ လမ်း မ တော် ရှိ သည် နှင့် သီး သန့် ထား ရာ လမ်း ဟု သ မုတ်၍၊ မ စင် ကြယ် သူ တို့ မ လျှောက် ကြ ရ။ ကိုယ် တော် တိုင် လိုက် ကြွ တော် မူ သ ဖြင့်၊ မိုက် မဲ သူ တို့ ပင် လမ်း မ လွဲ ရ။
9
ခြင်္သေ့ မှ စ၍ ငမ်း စမ်း သော သား ရဲ တစ် ကောင် မျှ မ တက် မ သန်း ရ။ တွေ့ လည်း မ တွေ့ ရ ချေ။ အ ရွေး ခံ ရ သူ တို့ သာ လျှင် လျှောက် သွား ခွင့် ရ လျက်၊
10
ထာ ဝ ရ ဘု ရား နုတ် တော် မူ သော သူ တို့ သည် ပြန် လာ ရာ၊ ရွှင် လန်း ခြင်း သ ရ ဖူ ကို အ မြဲ ဆောင်း ၍၊ ဇိ အုန် မြို့ သို့ ကြွေး ကြော် လျက် လာ ရာက် ကြ လိမ့် မည်။ ဝမ်း မြောက် ခွင့်၊ ရွှင် လန်း ခွင့် ရ သ ဖြင့်၊ ပူ ဆွေး ခြင်း၊ မြည် တမ်း ခြင်း သည် ဆုတ် ပြေး ရ လ တ္တံ့။