1
စစ် ကူ ရ ရန် အိ ဂျစ် ပြည် သို့ ဆင်း သွား၍၊ မြင်း တပ် ကို အား ကိုး လျက်၊ များ ပြား သော စစ် ရ ထား ကို လည်း ကောင်း၊ စွမ်း ရည် ကောင်း သော ရဲ မြင်း တို့ ကို လည်း ကောင်း ခို လှုံ လျက်၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ကို မ စောင့် မ မြော်၊ ထာ ဝ ရ ဘု ရား ထံ မ မေး မ လျှောက် သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ ၏။
2
ကိုယ် တော် သည် ဉာဏ် ပ ညာ ကျယ် ဝန်း၍၊ ပြ ဋ္ဌာန်း တော် မူ ချက် ကို မ လွှဲ ဘဲ၊ ဘေး သင့် စေ လျက်၊ ဆိုး သွမ်း သော လူ မျိုး တစ် ဘက်၌ လည်း ကောင်း၊ ဒု စ ရိုက် ပြု ကျင့် သူ တို့ ကို ကူ ညီ သူ တို့ တစ် ဘက် ၌ လည်း ကောင်း၊ ထ ရပ် တော် မူ လိမ့် မည်။
3
အိ ဂျစ် ပြည် သား တို့ သည် ဘု ရား မ ဟုတ်၊ လူ သက် သက် ဖြစ် ကြ၏။ မြင်း များ လည်း နတ် မြင်း မ ဟုတ်၊ ပြ က တေ့ မြင်း ဖြစ် သည့် အ တိုင်း၊ လက် ရုံး တော် ကို ထာ ဝ ရ ဘု ရား ဆန့် တန်း တော် မူ သော်၊ ကူ ညီ ဘက် တို့ ထိ လဲ လျက်၊ ကူ ညီ ခံ ရ သူ တို့ ပြို လဲ လျက်၊ နှစ် ဦး လုံး ပင် အ တူ ပျက် စီး ကြ လိမ့် မည်။
4
ငါ့ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ခြင်္သေ့ အို နှင့် ခြင်္သေ့ ပျို တို့ သည်၊ သား ကောင့် အ ပေါ် တွင် ဟိန်း သော အ ခါ၊ ခေါ် ရာ ပါ၍ စု ရုံး သော အ ထိန်း အ ကျောင်း တို့ ခြိမ်း ချောက် သံ ကို မ ကြောက် မ ရွံ့၊ မာန် မ လျော့ ဘဲ နေ သည့် နည်း တူ၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား သည်၊ ဇိ အုန် တောင် တော် ပေါ် သို့ စစ် တိုက် ရန် ဆင်း သက် တော် မူ လိမ့် မည်။
5
ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား သည်၊ အ တောင် ဖြန့် မိုး သော ငှက် မ ကဲ့ သို့။ ယေ ရု ရှ လင် မြို့ ကို လွှမ်း အုပ် စောင့် ရှောက် ကယ် တင်၍၊ လွတ် မြောက် စေ တော် မူ လိမ့် မည်။
6
အို ဣ သ ရေ လ အ မျိုး သား တို့၊ ငါ့ တစ် ဘက်၌ ဖောက် ပြန်၍ ပုန် ကန် သူ တို့၊ ငါ့ ထံ သို့ ပြန် ဝင် ကြ လော့။
7
ထို ကာ လ၊ အ သီး အ သီး တို့ သည်၊ မှား ယွင်း ရာ ကိုယ့် လက် ဖြစ် ရွှေ ရုပ် တု၊ ငွေ ရုပ် တု များ ကို စွန့် ပစ် ကြ လိမ့် မည်။
8
အာ ရှု ရိ လူ မျိုး လည်း လူ့ ဓား စာ မ ဟုတ်၊ ဓား တော် စာ ဖြစ် လျက် ကျ ဆုံး ရာ၊ ဓား ဘေး မှ ပြေး ကြ သော လက် ရွေး တို့ သည်၊ လ မိုင်း အ မှု ထမ်း ဖြစ် ရ ကား၊
9
ထိတ် လန့် သ ဖြင့် ထို လူ မျိုး ၏ ကျောက် တောင် ကွယ် လွန် ၍၊ အ လံ ကို လှဲ ချ ရာ မှူး မတ် တို့ ထိတ် လန့် ကြ အံ့ ဟု၊ ဇိ အုန် တောင် ပေါ် မှာ မီး လျှံ၊ ယေ ရု ရှ လင် မြို့ ၌ မီး ဖို ပိုင် သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။